ဩဂုတ်လရဲ့အစမှာ အောင်ဘာလေထီဆုတခုကိုဆွတ်ခူးနိုင်ပြီး ကံကောင်းခြင်းတွေပိုင်ဆိုင်ခဲ့လို့ အတိုင်းမသိပျော်ရွှင်နေတဲ့ ခေးဆက်သွင်







ယူနီကုဒ်ဖြင့်ဖတ်ရန်

မင်းသမီးချောလေး ခေးဆက်သွင်ကတော့ MRTV 4 ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း သရုပ်ဆောင်ကောင်းလွန်းတာကြောင့် ပရိသတ်တွေရဲ့ စတင်သတိထားခြင်းကိုခံရတဲ့ မင်းသမီးချောလေးတစ်လက်ပဲ ဖြစ်ပါတယ်။

ယခုမှာတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိနေပြီဖြစ်တဲ့ သူမကတော့ ကျရာနေရာမှာ အကောင်းဆုံးနဲ့အပီပြင်ဆုံး သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေပြီး ဇာတ်လမ်းတွဲတွေကို ရိုက်ကူးလျက်ရှိနေသလို ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိနေခဲ့တဲ့ သူမကတော့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေးလေ့ရှိပါတယ်။

ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားနိုင်ခဲ့တဲ့ သူမကတော့ လွတ်လွတ်လပ်လပ် နေထိုင်တတ်သူလေးဖြစ်ပြီး Tiktok လေးတွေကိုလည်း ဆော့ကစားလေ့ရှိသူလေးပဲ ဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ရင်ထဲမှာ နေရာတစ်ခုကို ရယူထားနိုင်ခဲ့တဲ့ သူမကတော့ ဩဂုတ်လအစမှာ အောင်ဘာလေထီဆုကို ဆွတ်ခူးနိုင်ပြီး ကံကောင်းခြင်းတွေပိုင်ဆိုင်နိုင်ခဲ့လို့ အတိုင်းမသိ ပျော်ရွှင်နေခဲ့ပါတယ်။

ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးခေးဆက်သွင်ရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံစံလေးနဲ့ လှပနေတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။