ဝိုင်းမော်မြို့ရှိ ကူးတို့ဆိပ်အ​ဟောင်းနေရာကို ရှုခင်းသာ အပန်းဖြေနေရာအဖြစ် ပုံဖော်လုပ်ဆောင်နေ







ယူနီကုဒ်ဖြင့်ဖတ်ရန်

ကချင်ပြည်နယ်၊ဝိုင်းမော်မြို့ရှိ ကူးတို့ဆိပ်ဟောင်းနေရာကိုသာယာလှပသည်ရှုခင်းသာအပန်းဖြေနေ ရာဖြစ်လာစေရန် ပုံဖော်လုပ် ဆောင်နေကြောင်း

ဝိုင်းမော်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနော်လီ ကပြောသည်။ ယင်းမှာ ဒေသခံများ အနားယူ

အပန်းဖြေနိုင်ပြီး ကျန်းမာရေးလေ့ကျင့်ခန်းများ လုပ်ဆောင်နိုင်စေရန်နှင့် ဓာတ်ပုံမှတ်တမ်းများ ရိုက်ကူးနိုင်စေရန်အဖြစ် ရည်ရွယ်ကြောင်း သိရသည်။

“အခုလောလောဆယ် မြေယာရှုခင်းတွေ ဖြစ်လာအောင် သစ်ပင်တွေ စိုက်ပျိုးနေပါတယ်၊ စက်တင်ဘာလလောက်မှာ ပြီးစီးမယ်လို့တော့ ခန့်မှန်းထားပါတယ်” ဟု ၎င်းကဆိုသည်။

ဝိုင်းမော်ကူးတို့ဆိပ်ဟောင်းနေရာမှာ ယခင်က မြစ်ကြီးနား-ဝိုင်းမော် ကား၊ ဆိုင်ကယ်များ ကူးသန်းသည့် ဇက်ရေယာဉ် ကူးတို့ဆိပ်ဖြစ်ခဲ့ပြီး ဗလမင်းထင်တံတား

တည်ဆောက်ပြီးစီးချိန်မှစတင်၍အသုံးမပြုတော့သည့်အတွက် ရှုခင်းသာ အပန်းဖြေနေရာ ဖြစ်လာစေရန် ပုံဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။