သူမသာ မဖြုန်းတီးမိရင် ဒီထက်ပိုအဆင်ပြေနေမှာလို့ Branded တွေဝယ်သုံးမိတဲ့အပေါ် ​နောင်​တများစွာရမိတဲ့အကြောင်း ပြောပြလာတဲ့ ဝိုင်းစုခိုင်သိန်း
ယူနီကုဒ်ဖြင့် ဖတ်ရန်
အစ်မသာ မဖြုန်းတီးမိရင် ဒီ့ထက်ပိုအဆင်ပြေနေမယ်လို့ Branded တွေဝယ်သုံးမိတဲ့အပေါ် သံဝေဂရမိတဲ့အကြောင်း ပြောပြလာတဲ့ ဝိုင်းစုခိုင်သိန်း။ အဆိုရှင် ဝိုင်းစုခိုင်သိန်း
ကတော့ ယနေ့ထက်တိုင် ပရိသတ်တွေကြား နာမည်ကျော်ကြားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီးတေးသံရှင်နဲ့ အောင်လနဲ့အတူ သာယာတဲ့အိမ်ထောင်ရေးလေးကို
ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ ဝိုင်းစုဟာ ယခုအချိန်မှာတော့ ရုပ်ရှင်သရုပ်ဆောင်ပိုင်းကို ရပ်နားထားပြီး တေးဂီတဖန်တီးမှုတွေကိုသာ ဆက်တိုက်လုပ်ဆောင်
နေတယ်လို့ သိရပါတယ်။ မီဒီယာတွေ့ဆုံပွဲတစ်ခုမှာတော့ ဝိုင်းစုက “အစ်မသာမဖြုန်းခဲ့ရင် ဒီ့ထက်ပိုအဆင်ပြေနေမှာလို့ သူမက Brandedပစ္စည်းတွေဝယ်ယူခဲ့တဲ့အတွက်
သံဝေဂရနေတဲ့အကြောင်း ရင်ဖွင့်လာခဲ့တာဖြစ်ပါတယ်။ ဝိုင်းစုက “ကိုယ်ဖြုန်းခဲ့တဲ့အရာတွေလည်းရှိတယ် ငယ်ငယ်တုန်းက လိုချင်တဲ့စိတ်တွေနဲ့Brand တွေလျှောက်ဝယ်
နောက်ဆုံးကျရင် အဲ့ဒါတွေက ဘာမှမဟုတ်ဘူး လက်ဝတ်လက်စားလိုနောက်ပိုင်းပြန်ရောင်းလို့လည်းမရဘူး Brandedကလည်း Updateအမြဲထွက်နေတာဆိုတော့
ဒိတ်အောက်သွားရင် ကိုယ်လည်းမကိုင်ချင်တော့ဘူးလေ ပျက်စီးသွားမှာလည်း ဆိုးတော့ သူ့ကို ထိန်းသိမ်းရတာလည်း အလုပ်တစ်ခုဖြစ်နေတယ်”လို့ ပြောပြလာခဲ့တာပါ။
သူမအနေနဲ့ ဒီလိုတွေမလုပ်ခဲ့ဘူးဆိုရင် ဒီ့ထက်ပိုပြီး လိုအပ်တဲ့နေရာတွေကို ပိုလှူနိုင်မှာဖြစ်တယ်လို့လည်း သူမဖြုန်းတီးမိတာတွေကို သံဝေဂရမိတဲ့အကြောင်းရင်ဖွင့်လာ
ခဲ့တာဖြစ်ပါတယ်။ ”ငါတချိန်လုံးဝယ်တယ် တချိန်လုံးသုံးတယ် ပြီးတော့ ဘာမှလည်းမကျန်ဘူးလို့သိလိုက်တဲ့ အချိန်မှာ ဒါတွေကိုရပ်လိုက်တယ်။ အမဒါတောင် အွန်လိုင်းက
မှာလို့ရတာတွေကို လျှောက်ဝယ်နေမိသေးတယ် ဒါပေမယ့်လည်း အခုတော့ အတော်ထိန်းနိုင်နေပါပြီ” လို့ ရှင်းပြလာခဲ့တာပါ။ ဒါကတော့ ပရိသတ်ချစ်အနုပညာရှင်
တစ်ယောက်ဖြစ်တဲ့ ဝိုင်းစုခိုင်သိန်းရင်ဖွင့်လာတာပဲဖြစ်ပါတယ်နော်။ ပရိသတ်ကြီးလည်း ကိုယ့်ဘဝမှာ ဝိုင်းစုနဲ့တိုက်ဆိုင်တာမျိုးရှိရင် မျှဝေခဲ့ကြပါအုန်းနော်။ ခရက်ဒစ်