ရုပ်ရှင်ထဲမှာ လူကြမ်းအဖြစ် သရုပ်ဆောင်ခဲ့ရလို့ မျက်နှာကိုဘောလုံးနဲ့ ပစ်ေ​ပါက်ခံရတဲ့အကြောင်းကို ရင်ဖွင့်လာတဲ့ ဦးဇော်ထွန်း
ယူနီကုဒ်ဖြင့် ဖတ်ရန်
ရုပ်ရှင်သရုပ်ဆောင်နဲ့ဒါရိုက်တာ ဇော်ထွန်းကတော့ ဗီဒီယို ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့သူတစ်ဦးပါ။ ရုပ်ရှင်ထဲမှာ လူကြမ်းသရုပ်ဆောင်ခဲ့ပေမယ့် အပြင်မှာ ဦးဇော်ထွန်းဟာ လူကြမ်းတစ်ဦးမဟုတ်ခဲ့ပါဘူး။ ဦးဇော်ထွန်းဟာ လူကြမ်းအဖြစ်
သရုပ်ဆောင်ခဲ့ရာမှာ မဒိန်းကောင်ဇာတ်ရုပ် များကို အဓိကထားသရုပ်ဆောင်ခဲ့ရလို့ ပရိသတ်တွေရဲ့ မုန်းတီးမှုကို တောက်လျှောက်ခံယူခဲ့ရတယ်လို့ ဆိုလာခဲ့တာပါ။ ဦးဇော်ထွန်းက“လူကြမ်းသရုပ်ဆောင်ကနေ ဒါရိုက်တာလုပ်ခဲ့တာ နှစ်(၂၀) ကျော်ပါပြီ။
အရင်က လူကြမ်း သရုပ်ဆောင်မှာတောင် ကြာကူလီလိုအခန်းတွေပဲ သရုပ်ဆောင်ခဲ့ရလို့ မျက်နှာကို ဘောလုံးနဲ့ ပေါက်ခံရတဲ့အထိ လူမုန်းခံခဲ့ရတယ်။ အများကြီး မအောင်မြင်ခဲ့ပေမယ့် အောင်မြင်သလောက်ကို ကျေနပ်ပါတယ်”လို့
ဆိုလာခဲ့တာဖြစ်ပါတယ်။ သူ့အနေနဲ့ မဒိန်းကျင့်တဲ့အခန်း သရုပ်ဆောင်ခဲ့လို့ အမေဖြစ်သူက ကြည့်မိရာက အသက်ကြီးမှ ဒီလိုအခန်းတွေမရိုက်ဖို့ အပြောခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။ ဒါရိုက်တာအဖြစ် ကူးပြောင်းလုပ်ကိုင်ဖြစ်ပုံကိုလည်း
”ကျနော့ကိုစပြီး ဒါရိုက်တာအဖြစ်လုပ်ပါလားလို့ ပြောတာကတော့ ကိုနေထက်လင်းပေါ့။ သူ့ကြောင့်ကျွန်တော် ဒါရိုက်တာဖြစ်လာခဲ့တာပါ။ ဒီနေရာကနေပဲ သူ့ကိုကျေးဇူးတင်ပါတယ်” လို့ပြောလာခဲ့တာ ဖြစ်ပါတယ်။ ကိုဇော်ထွန်းဟာ
ကျရာနေရာက အမြဲသရုပ်ဆောင်လေ့ရှိတာကြောင့် လူမုန်းခံခဲ့ရသလို မဒိန်းကောင်ကြီး၊ နှာဘူးကြီးလို့ပါ အပြောခံခဲ့ရပေမယ့် သူ့အနေနဲ့ဒါဟာ သရုပ်ဆောင်ပီပြင်လို့ လူတွေကအသိအမှတ်ပြုတယ်လို့ပဲ ခံယူပါတယ်လို့ ဆိုလာခဲ့တာပါ။
ဒါကတော့ လူကြမ်းအဖြစ်သရုပ်ဆောင်ခဲ့လို့ လူမုန်းခံခဲ့ရတဲ့ သရုပ်ဆောင်/ဒါရိုက်တာ ဦးဇော်ထွန်းအကြောင်းတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ဦးဇော်ထွန်းအပေါ်အမြင်လေးကို ပြောခဲ့ကြပါအုန်းနော်။ ခရက်ဒစ်