ၾကည္​့႐ွဴ႕အား​ေပး​ေန​ေသာ ပရိသတ္တစ္ဦးက ကင္ဆာအက်ိတ္ကို ျမင္သြားခဲ့ၿပီး သတိေပးခဲ့လို႔ ေက်းဇူးတင္ေနတဲ့ သတင္းေထာက္မေလး

သတင္းတင္ဆက္သူ အမ်ိဳးသမီးတစ္ေယာက္ဟာ သတင္းတင္ဆက္ေနစဥ္မွာပဲ ပရိသတ္တစ္ဦးက သူမရဲ႕ လည္ပင္းက အက်ိတ္ကုိ ျမင္သြားလုိ႔ ကံေကာင္းလြန္းစြာ

ႀကိဳႀကိဳတင္တင္ ကုသခြင့္ ရရွိခဲ့ပါတယ္။ ဒါေၾကာင့္ အဲဒီအမ်ိဳးသမီးေလးက ပရိသတ္ႀကီးေက်းဇူးကို အၿမဲတမ္းအမွတ္ရေနမယ္လုိ႔ ဆုိပါတယ္။ သတင္းေထာက္မေလးရဲ႕

အမည္ကေတာ့ Victoria Price ျဖစ္ပါတယ္။ သူမဟာ အသက္ (၂၈)ႏွစ္ ရွိၿပီျဖစ္ပါတယ္။ သူမ သတင္းတင္ဆက္ေနစဥ္မွာပဲ ၾကည့္႐ႈေနသူတစ္ေယာက္က

သူမရဲ႕လည္ပင္းကို မသကၤာျဖစ္မိေၾကာင္း၊ ျဖစ္ႏုိင္ရင္ အျမန္ဆုံးနည္းနဲ႔ ေဒါက္တာထံ ျပသဖုိ႔ အီးေမးလ္နဲ႔ အႀကံေပးခဲ့တာပါ။ Victoria ဟာ ကိုဗစ္ Lockdown

အေျခအေနေၾကာင့္ ေနအိမ္ကေနရင္း သတင္းေတြ တင္ဆက္ေနရတာပါ။ သူမကို ပရိသတ္က သတိေပးခဲ့တဲ့အတြက္ သြားေရာက္စစ္ေဆးစဥ္မွာ

သုိင္းရြိဳက္ကင္ဆာျဖစ္ေနတာကို ေတြ႕ရွိခဲ့ရတာျဖစ္ပါတယ္။Victoria ရဲဲ႕အဆုိအရ သူမကုိ သတိေပးခဲ့တဲ့ ပရိသတ္အေနနဲ႔လည္း အခုလုိ အျဖစ္အပ်က္မ်ိဳး

ျဖစ္ခဲ့ဖူးတာေၾကာင့္ သူမရဲ႕လည္ပင္းကို မသကၤာျဖစ္ခဲ့မိတာလုိ႔ ဆုိပါတယ္။ ပရိသတ္ရဲ႕စာထဲမွာေတာ့ “ ဟုိင္း ရွင့္ရဲ႕ သတင္းတင္ဆက္မႈကို ၾကည့္လုိက္ရပါတယ္

ကၽြန္မကို စုိးရိမ္ေစတာက ရွင့္လည္ပင္းေပၚက အက်ိတ္ပါ။ သုိင္းရြိဳက္ဂလင္းကို စစ္ၾကည့္ပါဦး။ ကၽြန္မတုန္းကလည္း ဒီလုိပါပဲ။ စစ္ၾကည့္ေတာ့ ကင္ဆာျဖစ္ေနပါတယ္။

ကုိယ့္ကုိယ္ကုိ ဂ႐ုစုိက္ပါ ”လုိ႔ တုိတုိေတာင္းေတာင္း ေရးထားပါသတဲ့။ ေဒါက္တာဆီက ေဆးအေျဖမွာေတာ့ အက်ိတ္ဟာ ကင္ဆာအဆင့္ကို ေရာက္ေနၿပီး ပ်ံ႔ႏွံ႔

ေနပါၿပီတဲ့။ ဒါေပမယ့္ အရမ္းႀကီး မသက္ေရာက္ေသးလုိ႔ ကံေကာင္းလြန္းတယ္လုိ႔ Victoria ကုိ မွတ္ခ်က္ေပးခဲ့တယ္လုိ႔ ဆုိပါတယ္။ ဘာပဲျဖစ္ျဖစ္ သူမနဲ႔

လုံးဝမသိတဲ့ လူတစ္ေယာက္ရဲ႕စကားေၾကာင့္ သူမ အသက္ဆက္ရွင္ခြင့္ ေသခ်ာခဲ့မုိ႔ ထာဝရ ေက်းဇူးတင္ေနမွာပါလုိ႔ လူမႈကြန္ရက္မွာ ေရးခဲ့ပါတယ္။ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

သတင်းတင်ဆက်သူ အမျိုးသမီးတစ်ယောက်ဟာ သတင်းတင်ဆက်နေစဉ်မှာပဲ ပရိသတ်တစ်ဦးက သူမရဲ့ လည်ပင်းက အကျိတ်ကို မြင်သွားလို့ ကံကောင်းလွန်းစွာ

ကြိုကြိုတင်တင် ကုသခွင့် ရရှိခဲ့ပါတယ်။ ဒါကြောင့် အဲဒီအမျိုးသမီးလေးက ပရိသတ်ကြီးကျေးဇူးကို အမြဲတမ်းအမှတ်ရနေမယ်လို့ ဆိုပါတယ်။ သတင်းထောက်မလေးရဲ့

အမည်ကတော့ Victoria Price ဖြစ်ပါတယ်။ သူမဟာ အသက် (၂၈)နှစ် ရှိပြီဖြစ်ပါတယ်။ သူမ သတင်းတင်ဆက်နေစဉ်မှာပဲ ကြည့်ရှုနေသူတစ်ယောက်က

သူမရဲ့လည်ပင်းကို မသင်္ကာဖြစ်မိကြောင်း၊ ဖြစ်နိုင်ရင် အမြန်ဆုံးနည်းနဲ့ ဒေါက်တာထံ ပြသဖို့ အီးမေးလ်နဲ့ အကြံပေးခဲ့တာပါ။ Victoria ဟာ ကိုဗစ် Lockdown

အခြေအနေကြောင့် နေအိမ်ကနေရင်း သတင်းတွေ တင်ဆက်နေရတာပါ။ သူမကို ပရိသတ်က သတိပေးခဲ့တဲ့အတွက် သွားရောက်စစ်ဆေးစဉ်မှာ

သိုင်းရွိုက်ကင်ဆာဖြစ်နေတာကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။Victoria ရဲ့အဆိုအရ သူမကို သတိပေးခဲ့တဲ့ ပရိသတ်အနေနဲ့လည်း အခုလို အဖြစ်အပျက်မျိုး

ဖြစ်ခဲ့ဖူးတာကြောင့် သူမရဲ့လည်ပင်းကို မသင်္ကာဖြစ်ခဲ့မိတာလို့ ဆိုပါတယ်။ ပရိသတ်ရဲ့စာထဲမှာတော့ “ ဟိုင်း ရှင့်ရဲ့ သတင်းတင်ဆက်မှုကို ကြည့်လိုက်ရပါတယ်

ကျွန်မကို စိုးရိမ်စေတာက ရှင့်လည်ပင်းပေါ်က အကျိတ်ပါ။ သိုင်းရွိုက်ဂလင်းကို စစ်ကြည့်ပါဦး။ ကျွန်မတုန်းကလည်း ဒီလိုပါပဲ။ စစ်ကြည့်တော့ ကင်ဆာဖြစ်နေပါတယ်။

ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ ”လို့ တိုတိုတောင်းတောင်း ရေးထားပါသတဲ့။ ဒေါက်တာဆီက ဆေးအဖြေမှာတော့ အကျိတ်ဟာ ကင်ဆာအဆင့်ကို ရောက်နေပြီး ပျံ့နှံ့

နေပါပြီတဲ့။ ဒါပေမယ့် အရမ်းကြီး မသက်ရောက်သေးလို့ ကံကောင်းလွန်းတယ်လို့ Victoria ကို မှတ်ချက်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် သူမနဲ့

လုံးဝမသိတဲ့ လူတစ်ယောက်ရဲ့စကားကြောင့် သူမ အသက်ဆက်ရှင်ခွင့် သေချာခဲ့မို့ ထာဝရ ကျေးဇူးတင်နေမှာပါလို့ လူမှုကွန်ရက်မှာ ရေးခဲ့ပါတယ်။ ခရက်ဒစ်