ဒုတိယဦးပိန္တံတားဟု အြန္လိုင္း​ေပၚတြင္နာမည္​ႀကီး လူသိမ်ားလာသည့္ မအူတံတားသို႔ လာေရာက္လည္​ပတ္​သူမ်ားျဖင့္ စည္းကား​ေန

အြန္လိုင္းတြင္နာမည္ႀကီးေနသည့္ဆင္ျဖဴရွင္တံတားႏွင့္ ေရစႀကိဳၿမိဳ့လမ္းအလယ္တြင္ရွိေသာမအူတံတားသို့ လာေရာက္သူမ်ားျဖင့္စည္းကားေနေၾကာင္းသိရသည္။

မေကြးတိုင္းေဒသႀကီး၊ေရစႀကိဳၿမိဳ့နယ္၊မအူေက်းရြာအုပ္စုတြင္ရွိ မအူတံတားရွိရာသို့ လူမွုကြန္ယက္စာမ်က္ ႏွာမွသိရွိ လာ ျခင္းေၾကာင့္ ယခုရက္ပိုင္းအတြင္းလာေရာက္သူမ်ားျဖင့္စည္းကားေနေၾကာင္း မအူေက်းရြာေဒသ ခံတစ္ဦးက ျပည္ျမန္မာကို ေျပာသည္။

မအူတံတားကို လူမွုကြန္ယက္စာမ်က္ႏွာတြင္တင္ခဲ့ရာမွ ဒုတိယဦးပိန္တံတားအျဖစ္လူသိမ်ားျခင္းေၾကာင့္ ပခုကၠဴ၊ မုံရြာ၊ေရစႀကိဳၿမိဳ့နယ္မ်ားမွအပန္းေျဖလည္ပတ္ၾကရန္လာေရာက္ေနၾကေၾကာင္းသိရသည္။

“တံတားက ေဆာက္ထားတာႏွစ္ ၁၀၀ေက်ာ္ပါၿပီ၊မအူအင္းကိုဖ်က္ၿပီး မအူအေရွ႕ရြာနဲ႔အလယ္ရြာကိုဆက္သြယ္ ထားတာပါ၊တိုင္ေပါင္း၃၄၄တိုင္ရွိတယ္၊

တံတားအရွည္ကေပ၂၀၀၀ေက်ာ္ရွိတယ္၊ဘုရားလဲရွိတယ္၊အင္းလဲရွိေတာ့လာတဲ့သူေတြစိတ္အပန္းေျဖလို့ေကာင္းလိုလာၾကတာပါ”ဟုမအူရြာကိုဝင္းနိုင္(ေတာ္ဝင္နန္း)ကဆိုသည္။

မအူတံတားမွာေရစႀကိဳၿမိဳ့ႏွင့္ဆင္ျဖဴရွင္တံတားသြားကားလမ္းမႀကီးေဘးအနီးတြင္ရွိျခင္းေၾကာင့္သြားလာေရးအဆင္ေျပေၾကာင္းသိရသည္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

အွန်လိုင်းတွင်နာမည်ကြီးနေသည့်ဆင်ဖြူရှင်တံတားနှင့် ရေစကြိုမြို့လမ်းအလယ်တွင်ရှိသောမအူတံတားသို့ လာရောက်သူများဖြင့်စည်းကားနေကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီး၊ရေစကြိုမြို့နယ်၊မအူကျေးရွာအုပ်စုတွင်ရှိ မအူတံတားရှိရာသို့ လူမှုကွန်ယက်စာမျက် နှာမှသိရှိ လာ ခြင်းကြောင့် ယခုရက်ပိုင်းအတွင်းလာရောက်သူများဖြင့်စည်းကားနေကြောင်း မအူကျေးရွာဒေသ ခံတစ်ဦးက ပြည်မြန်မာကို ပြောသည်။

မအူတံတားကို လူမှုကွန်ယက်စာမျက်နှာတွင်တင်ခဲ့ရာမှ ဒုတိယဦးပိန်တံတားအဖြစ်လူသိများခြင်းကြောင့် ပခုက္ကူ၊ မုံရွာ၊ရေစကြိုမြို့နယ်များမှအပန်းဖြေလည်ပတ်ကြရန်လာရောက်နေကြကြောင်းသိရသည်။

“တံတားက ဆောက်ထားတာနှစ် ၁၀၀ကျော်ပါပြီ၊မအူအင်းကိုဖျက်ပြီး မအူအရှေ့ရွာနဲ့အလယ်ရွာကိုဆက်သွယ် ထားတာပါ၊တိုင်ပေါင်း၃၄၄တိုင်ရှိတယ်၊

တံတားအရှည်ကပေ၂၀၀၀ကျော်ရှိတယ်၊ဘုရားလဲရှိတယ်၊အင်းလဲရှိတော့လာတဲ့သူတွေစိတ်အပန်းဖြေလို့ကောင်းလိုလာကြတာပါ”ဟုမအူရွာကိုဝင်းနိုင်(တော်ဝင်နန်း)ကဆိုသည်။

မအူတံတားမှာရေစကြိုမြို့နှင့်ဆင်ဖြူရှင်တံတားသွားကားလမ်းမကြီးဘေးအနီးတွင်ရှိခြင်းကြောင့်သွားလာရေးအဆင်ပြေကြောင်းသိရသည်။