ေ႐ြးေကာက္ပြဲဝင္မည့္ အန္အယ္လ္ဒီကိုယ္စားလွယ္ေလာင္းမ်ားအား ေဖ့ဘုတ္ကုိအသုံးျပဳ၍ မဲဆြယ္မႈမ်ားျပဳလုပ္ႏိုင္ရန္ သင္တန္းတက္ရမည္

လာမည့္ ႏိုဝင္ဘာလ ၈ ရက္တြင္ က်င္းပမည့္ ေ႐ြးေကာက္ပြဲအတြင္း ဝင္ေရာက္အေ႐ြးခ်ယ္ခံရမည့္ NLD ကိုယ္စား လွယ္ေလာင္းမ်ားအေနျဖင့္ ေဖ့ဘုတ္အသုံးျပဳ၍ မဲဆြယ္မႈမ်ားျပဳလုပ္ႏိုင္ရန္သင္တန္း

တက္ရမည္ျဖစ္ေၾကာင္း သိရသည္။ “ေဖ့ဘုတ္မသုံးမျဖစ္ သုံးရမယ္ဆိုတာကိုေတာ့ ႏႈတ္နဲ႔ ေတာ့ ၫႊန္ၾကားတာေပါ့ေနာ္။ကြၽန္ေတာ္တို႔က ေနာက္ပိုင္းမွာ ကင္ပိန္းကို အြန္လိုင္းကေနသြားရေတာ့မွာကိုး၊ဘာလို႔လဲဆိုေတာ့

ကိုဗစိကာလ ဘယ္လို ခြင့္ျပဳခ်က္ရွိမွန္းမသိလို႔။ ကင္ပိန္းလုပ္ဖို႔က အရင္လိုအေျခအေနရခ်င္မွရမွာေလေနာ္။ ေဖ့ဘုတ္သုံးတဲ့ေနရာမွာေတာ့ ကြၽန္ေတာ္တို႔က သင္ တန္းေတြေပးၿပီးေတာ့ သုံးမွာေလ။

စည္းမ်ဥ္းစည္းကမ္းေတြနဲ႔၊PR ေပါ့ေနာ္။ အဓိက အေနနဲ႔က PR နဲ႔ ပတ္သက္ၿပီးေတာ့ အမွားအယြင္းမရွိရေအာင္ ဒါေတြကိုေတာ့ သင္တန္းေပးအုံးမွာ။ သင္တန္းကေတာ့ ၾသဂုတ္လ ရက္ ၂၀

ပတ္ဝန္းက်င္ဆိုရင္ ေပးေတာ့မွာ” ဟု ဗိုလ္တေထာင္ၿမိဳ႕နယ္မွ ဝင္ေရာက္အေ႐ြးခ်ယ္ခံမည့္ ကိုယ္စားလွယ္ေလာင္း ဦးတိုးဝင္း ကေျပာသည္။ ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရးအတြက္ ဗဟိုျပန္ၾကားေရးႏွင့္

ဗဟိုသုေတသန(၂)ခုေပါင္းၿပီး Online အဖြဲ႕ (၁)ခု ျပဳလုပ္ ထားၿပီး တိုင္းႏွင့္ျပည္နယ္ျပန္ၾကားေရး Page ေထာင္ထားသည့္ ၿမိဳ႕နယ္မ်ားကို သင္တန္းေပးသြားမည္ျဖစ္ေၾကာင္း လည္း သိရသည္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွင်း ဝင်ရောက်အရွေးချယ်ခံရမည့် NLD ကိုယ်စား လှယ်လောင်းများအနေဖြင့် ဖေ့ဘုတ်အသုံးပြု၍ မဲဆွယ်မှုများပြုလုပ်နိုင်ရန်သင်တန်း

တက်ရမည်ဖြစ်ကြောင်း သိရသည်။ “ဖေ့ဘုတ်မသုံးမဖြစ် သုံးရမယ်ဆိုတာကိုတော့ နှုတ်နဲ့ တော့ ညွှန်ကြားတာပေါ့နော်။ကျွန်တော်တို့က နောက်ပိုင်းမှာ ကင်ပိန်းကို အွန်လိုင်းကနေသွားရတော့မှာကိုး၊ဘာလို့လဲဆိုတော့

ကိုဗစိကာလ ဘယ်လို ခွင့်ပြုချက်ရှိမှန်းမသိလို့။ ကင်ပိန်းလုပ်ဖို့က အရင်လိုအခြေအနေရချင်မှရမှာလေနော်။ ဖေ့ဘုတ်သုံးတဲ့နေရာမှာတော့ ကျွန်တော်တို့က သင် တန်းတွေပေးပြီးတော့ သုံးမှာလေ။

စည်းမျဉ်းစည်းကမ်းတွေနဲ့၊PR ပေါ့နော်။ အဓိက အနေနဲ့က PR နဲ့ ပတ်သက်ပြီးတော့ အမှားအယွင်းမရှိရအောင် ဒါတွေကိုတော့ သင်တန်းပေးအုံးမှာ။ သင်တန်းကတော့ သြဂုတ်လ ရက် ၂၀

ပတ်ဝန်းကျင်ဆိုရင် ပေးတော့မှာ” ဟု ဗိုလ်တထောင်မြို့နယ်မှ ဝင်ရောက်အရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်း ဦးတိုးဝင်း ကပြောသည်။ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဗဟိုပြန်ကြားရေးနှင့်

ဗဟိုသုတေသန(၂)ခုပေါင်းပြီး Online အဖွဲ့ (၁)ခု ပြုလုပ် ထားပြီး တိုင်းနှင့်ပြည်နယ်ပြန်ကြားရေး Page ထောင်ထားသည့် မြို့နယ်များကို သင်တန်းပေးသွားမည်ဖြစ်ကြောင်း လည်း သိရသည်။