“ငါ့ကို ​ေတာ္​​ေတာ္​အရွက္ခြဲၾကတယ္၊ မင္းတို႔ညီအစ္ကိုႏွစ္ေယာက္က ငါနဲ႔လည္းဘာမွမေတာ္ဘူး၊ ငါ့အိမ္ကုိလည္​း လာစရာလည္းမလိုဘူး“လို႔ ေက်ာ္ဟိန္းေျပာတာ ခံခဲ့ရဘူးတယ္ဆိုတဲ့ သားညီ

သ႐ုပ္ေဆာင္၊ ဒါရိုက္တာ တစ္ဦးျဖစ္တဲ့ သားညီကေတာ့ ကြယ္လြန္သြားရွာၿပီျဖစ္တဲ့ သ႐ုပ္ေဆာင္ ေဒြးရဲ႕ ညီအရင္းျဖစ္သလို ကြယ္လြန္သူ ဦးေက်ာ္ဟိန္းရဲ႕ တူေတာ္စပ္သူလည္းျဖစ္ပါတယ္။ သူ႔အေနနဲ႔ လက္ရွိအခ်ိန္အထိ

အႏုပညာေလာကထဲ ရပ္တည္ေနနိုင္တာဟာ အကိုျဖစ္သူနဲ႔ ဦးေလးျဖစ္သူတို႔ေၾကာင့္လို႔လည္း သားညီကဆိုပါတယ္။ “ဦးေက်ာ္ဟိန္းက အႏုပညာနဲ႔ ပတ္သက္လာရင္ တူေတြ၊ သားေတြ မရွိဘူး။ အရမ္းလည္း စည္းကမ္း

ႀကီးတယ္။ ကၽြန္ေတာ္နဲ႔လည္း မတည့္ဘူး ဘာေၾကာင့္လဲဆို ကိုယ္က ဘုကလန္႔ေလ။ အမွတ္တရေလးတစ္ခုရွိတယ္ သူက နင္တဲ့ ငါ့ကိုေက်းဇူးမတင္ဘူးလားတဲ့၊ ငါက မင္းကို ဒီေလာကထဲ ေခၚလာတာေလဆိုေတာ့

သားရိုက္ခ်င္တယ္လို႔ ေျပာတာမွမဟုတ္တာ ဦးေက်ာ္ဘာသာ ဦးေက်ာ္ ေခၚတာဆိုၿပီး ျပန္ေျပာခဲ့ဖူးတယ္။ ဒါေပမယ့္ ခ်စ္တာေတာ့ အရမ္းခ်စ္ပါတယ္။ အစ္ကို႔ေၾကာင့္၊ ဦးေက်ာ္ေၾကာင့္ ဒီေလာကထဲမွာ အခုခ်ိန္ထိ

ရပ္တည္ေနနိုင္တာပါ” လို႔ သူကဆိုပါတယ္။ အႏုပညာအလုပ္ေတြ စလုပ္ခ်ိန္က ဒုတိယေျမာက္ ႐ုပ္ရွင္ဇာတ္ကားမွာ ဦးေက်ာ္ဟိန္းနဲ႔ အတူတြဲ သ႐ုပ္ေဆာင္ခဲ့ရတယ္လို႔ ဆိုပါတယ္။ ငိုရတဲ့ ဇာတ္ဝင္ခန္းကို

သ႐ုပ္မေဆာင္တတ္တဲ့ သူ႔အတြက္ ဦးေက်ာ္ဟိန္းက ငိုတတ္ေအာင္သင္ေပးခဲ့ပုံကိုလည္း အခုလို ေျပာျပလာခဲ့တာပါ။ “ကၽြန္ေတာ္နဲ႔ ဦးေက်ာ္ရဲ႕ အမွတ္တရ ဇာတ္ကားကသန္လ်င္မွာရိုက္တုန္းကေပါ့။ ဇာတ္ဝင္ခန္းက

ဘာလဲဆိုေတာ့ ဦးေက်ာ္ဟိန္းကို ကလဲ့စားေခ်ဖို့ဆိုၿပီးေတာ့ အေဖနဲ႔ အစ္မရဲ႕ ေျမပုံမွာ သစၥာသြားဆိုတာ။ ငိုတဲ့ ဇာတ္ဝင္ခန္းရိုက္တာေပါ့ အဲဒီမွာကိုယ္က ဒုတိယေျမာက္ ဇာတ္ကားဆိုေတာ့ ငိုလည္းမငို

မ်က္ရည္လည္း မက်တတ္ဆိုေတာ့ ဦးေက်ာ္ဟိန္းက ကၽြန္ေတာ့္ကို မင္းေတာ္ေတာ္ ရွက္ဖို႔ေကာင္းတာပဲတဲ့။ ငါ့ကို ေတာ္ေတာ္ အရွက္ခြဲတယ္၊ မင္းတို႔ ညီအစ္ကို ႏွစ္ေယာက္ ငါနဲ႔လည္း ဘာမွမေတာ္ဘူး၊ ငါ့ အိမ္

လာစရာလည္း မလိုဘူး ငါ့ကို အရွက္ခြဲရက္တယ္ဆိုၿပီးေတာ့ သူစီးတဲ့ ဖိနပ္နဲ႔ ကၽြန္ေတာ့္ပါးကို ရိုက္တယ္။ ကၽြန္ေတာ္လည္း ရွိုက္ႀကီးတငင္ငို၊ အဲဒီလူႀကီးကိုသတ္မယ္ ဆိုၿပီးေတာ့ သခ်ိဳင္းေျမကိုလည္း လက္သီးေတြနဲ႔ထိုး

လက္ေတြလည္း ေပါက္ျပဲေနတာပဲ။ သူလိုခ်င္တဲ့ Mood လည္း ရလည္းရေရာ ကဒ္ ဆိုၿပီးျဖစ္ေရာ။ အဲဒီမွာ ကၽြန္ေတာ့္ ပုခုံးကို လာဖက္ၿပီး မင္းေတာ္သားပဲ ဘာညာနဲ႔ေပါ့ ခုနက စိတ္ဆိုးထားတာက စိတ္ပဲ

ဆက္ဆိုးရမလိုလို ဂုဏ္ပဲယူေနရမလိုလို” ဆိုၿပီးေတာ့ သေဘာက်ရယ္ေမာရင္း ေျပာျပလာပါတယ္။ ကိုသားညီကေတာ့ သူနဲ႔ ဦးေက်ာ္ဟိန္း အကိုျဖစ္သူေဒြးတို႔နဲ႔ အမွတ္တရေတြကို ျပန္ေျပာင္းေျပာျပထားခဲ့တာပဲ

ျဖစ္ပါတယ္။ ယခုအခ်ိန္မွာေတာ့ သားညီဟာ ဒါရိုက္တာအလုပ္ကိုေဇာက္ခ်လုပ္ကိုင္ၿပီး အကိုျဖစ္သူနဲ႔ ဦးေလးျဖစ္သူရဲ႕ ေျခရာကို နင္းနိုင္ေအာင္ ႀကိဳးစားေနတယ္လို့ သိရပါတယ္ ပရိသတ္ႀကီးေရ။ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

သရုပ်ဆောင်၊ ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ သားညီကတော့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ သရုပ်ဆောင် ဒွေးရဲ့ ညီအရင်းဖြစ်သလို ကွယ်လွန်သူ ဦးကျော်ဟိန်းရဲ့ တူတော်စပ်သူလည်းဖြစ်ပါတယ်။ သူ့အနေနဲ့ လက်ရှိအချိန်အထိ

အနုပညာလောကထဲ ရပ်တည်နေနိုင်တာဟာ အကိုဖြစ်သူနဲ့ ဦးလေးဖြစ်သူတို့ကြောင့်လို့လည်း သားညီကဆိုပါတယ်။ “ဦးကျော်ဟိန်းက အနုပညာနဲ့ ပတ်သက်လာရင် တူတွေ၊ သားတွေ မရှိဘူး။ အရမ်းလည်း စည်းကမ်း

ကြီးတယ်။ ကျွန်တော်နဲ့လည်း မတည့်ဘူး ဘာကြောင့်လဲဆို ကိုယ်က ဘုကလန့်လေ။ အမှတ်တရလေးတစ်ခုရှိတယ် သူက နင်တဲ့ ငါ့ကိုကျေးဇူးမတင်ဘူးလားတဲ့၊ ငါက မင်းကို ဒီလောကထဲ ခေါ်လာတာလေဆိုတော့

သားရိုက်ချင်တယ်လို့ ပြောတာမှမဟုတ်တာ ဦးကျော်ဘာသာ ဦးကျော် ခေါ်တာဆိုပြီး ပြန်ပြောခဲ့ဖူးတယ်။ ဒါပေမယ့် ချစ်တာတော့ အရမ်းချစ်ပါတယ်။ အစ်ကို့ကြောင့်၊ ဦးကျော်ကြောင့် ဒီလောကထဲမှာ အခုချိန်ထိ

ရပ်တည်နေနိုင်တာပါ” လို့ သူကဆိုပါတယ်။ အနုပညာအလုပ်တွေ စလုပ်ချိန်က ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားမှာ ဦးကျော်ဟိန်းနဲ့ အတူတွဲ သရုပ်ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ငိုရတဲ့ ဇာတ်ဝင်ခန်းကို

သရုပ်မဆောင်တတ်တဲ့ သူ့အတွက် ဦးကျော်ဟိန်းက ငိုတတ်အောင်သင်ပေးခဲ့ပုံကိုလည်း အခုလို ပြောပြလာခဲ့တာပါ။ “ကျွန်တော်နဲ့ ဦးကျော်ရဲ့ အမှတ်တရ ဇာတ်ကားကသန်လျင်မှာရိုက်တုန်းကပေါ့။ ဇာတ်ဝင်ခန်းက

ဘာလဲဆိုတော့ ဦးကျော်ဟိန်းကို ကလဲ့စားချေဖို့ဆိုပြီးတော့ အဖေနဲ့ အစ်မရဲ့ မြေပုံမှာ သစ္စာသွားဆိုတာ။ ငိုတဲ့ ဇာတ်ဝင်ခန်းရိုက်တာပေါ့ အဲဒီမှာကိုယ်က ဒုတိယမြောက် ဇာတ်ကားဆိုတော့ ငိုလည်းမငို

မျက်ရည်လည်း မကျတတ်ဆိုတော့ ဦးကျော်ဟိန်းက ကျွန်တော့်ကို မင်းတော်တော် ရှက်ဖို့ကောင်းတာပဲတဲ့။ ငါ့ကို တော်တော် အရှက်ခွဲတယ်၊ မင်းတို့ ညီအစ်ကို နှစ်ယောက် ငါနဲ့လည်း ဘာမှမတော်ဘူး၊ ငါ့ အိမ်

လာစရာလည်း မလိုဘူး ငါ့ကို အရှက်ခွဲရက်တယ်ဆိုပြီးတော့ သူစီးတဲ့ ဖိနပ်နဲ့ ကျွန်တော့်ပါးကို ရိုက်တယ်။ ကျွန်တော်လည်း ရှိုက်ကြီးတငင်ငို၊ အဲဒီလူကြီးကိုသတ်မယ် ဆိုပြီးတော့ သချိုင်းမြေကိုလည်း လက်သီးတွေနဲ့ထိုး

လက်တွေလည်း ပေါက်ပြဲနေတာပဲ။ သူလိုချင်တဲ့ Mood လည်း ရလည်းရရော ကဒ် ဆိုပြီးဖြစ်ရော။ အဲဒီမှာ ကျွန်တော့် ပုခုံးကို လာဖက်ပြီး မင်းတော်သားပဲ ဘာညာနဲ့ပေါ့ ခုနက စိတ်ဆိုးထားတာက စိတ်ပဲ

ဆက်ဆိုးရမလိုလို ဂုဏ်ပဲယူနေရမလိုလို” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ ကိုသားညီကတော့ သူနဲ့ ဦးကျော်ဟိန်း အကိုဖြစ်သူဒွေးတို့နဲ့ အမှတ်တရတွေကို ပြန်ပြောင်းပြောပြထားခဲ့တာပဲ

ဖြစ်ပါတယ်။ ယခုအချိန်မှာတော့ သားညီဟာ ဒါရိုက်တာအလုပ်ကိုဇောက်ချလုပ်ကိုင်ပြီး အကိုဖြစ်သူနဲ့ ဦးလေးဖြစ်သူရဲ့ ခြေရာကို နင်းနိုင်အောင် ကြိုးစားနေတယ်လို့ သိရပါတယ် ပရိသတ်ကြီးရေ။ ခရက်ဒစ်