႐ုရွားခ်ီတက္ပြဲ အခမ္းအနားတက္ခဲ့တဲ့ ဆာဘီးယား ကာကြယ္ေရးဝန္ႀကီး ကုိဗစ္ကူးစက္ခံရ

႐ုရွားႏိုင္ငံကျပဳလုပ္တဲ့ Victory Day of Great Patriotic War (၇၅) ႏွစ္ေျမာက္ အထိမ္းအမွတ္ စစ္ေရးျပအခမ္းအနားကို တက္ေရာက္ခဲ့တဲ့ ဆားဘီးယားကာကြယ္ေရးဝန္ႀကီး ဗူလင္ မွာ ကုိဗစ္ ေရာဂါ ကူးစက္ခံထားရတယ္ဆိုတာ စစ္ေဆးေတြ႕ရွိခဲ့ေၾကာင္း

ဆားဘီးယားအစိုးရက မေန႔က ဇြန္လ ၂၇ ရက္ေန႔မွာ တရားဝင္ အသိေပးေၾကညာလိုက္ပါတယ္။ ဗူလင္ဟာ ရုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕မွာၿပီးခဲ့တဲ့ အပတ္က က်င္းပခဲ့တဲ့ ဟစ္တလာႏွင့္ နာဇီတို႔ကို ေအာင္ပြဲ ခံခဲ့သည့္ (၇၅) ႏွစ္ေျမာက္ စစ္ေရးျပ အခမ္းအနားကို တက္ေရာက္ခဲ့ၿပီး

႐ုရွားသမၼတပူတင္ အပါအဝင္အျခား ႐ုရွားေခါင္းေဆာင္မ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီး ဥေရာပသမဂၢ ေခါင္းေဆာင္မ်ားႏွင့္လည္း ဘရပ္ဆဲလ္ၿမိဳ႕ေတြမွာ ေတြ႕ဆံုခဲ့ေၾကာင္း သတင္းဌာနေတြက ေဖာ္ျပထားပါတယ္။ ဆားဘီးယား ကာကြယ္ေရးဝန္ႀကီးဌာနရဲ႕ သတင္းထုတ္ျပန္ခ်က္မွာ

ဝန္ႀကီးဗူလင္ဟာ ဘာေရာဂါလကၡဏာမွ ျပသခဲ့ျခင္းမရွိပဲ ကုိဗစ္ေရာဂါ ရွိ၊ မရွိ ပုံမွန္ျပဳလုပ္တဲ့ စမ္းသပ္စစ္ေဆးမႈမွာ ေတြ႕ရွိခဲ့တယ္လုိ႔ သိရပါတယ္။ ႐ုရွားအစိုးရနဲ႔ ဆက္ဆံေရးအဆင္ေျပတဲ့ ဝန္ႀကီးဗူလင္တို႔ ဆာဘီးယားအစိုးရအဖြဲ႕ဟာ သမၼတ အလက္ဇန္းဒါးဗူဆစ္

ဦးေဆာင္တဲ့ အဖြဲ႕မွာ အဖြဲ႕ဝင္တစ္ေယာက္အျဖစ္ ရုရွားကို လာေရာက္ခဲ့တာ ျဖစ္ပါတယ္။ ဆားဘီးယားသမၼတ ဗူဆစ္ကေတာ့ ႐ုရွားသမၼတပူတင္နဲ႔ မ်က္ႏွာခ်င္းဆိုင္ ေတြ႕ဆုံေဆြးေႏြးခဲ့ေပမယ့္ အဲ့ဒီပူတင္နဲ႔ ေတြ႕ဆုံပြဲမွာ ကာကြယ္ေရးဝန္ႀကီး ဗူလင္ တက္ေရာက္ခဲ့ျခင္း

ရွိ၊ မရွိကိုေတာ့ အတည္ျပဳလို႔ မရေသးဘူး။ ဒါေပမယ့္ ကာကြယ္ေရးဝန္ႀကီး ဗူလင္ ဟာ ႐ုရွားေအာင္ပြဲစစ္ေရးျပ အခမ္းအနားကိုေတာ့ ႏိုင္ငံတကာက တပ္မေတာ္ေခါင္းေဆာင္ေတြနဲ႔အတူ တက္ေရာက္ခဲ့ေၾကာင္း ဆိုထားပါတယ္။ အဲဒီ႐ုရွားေအာင္ပြဲ အခမ္းအနားကို

ျမန္မာကာကြယ္ေရးဦးစီးခ်ဳပ္လည္း တက္ေရာက္ခဲ့ပါတယ္။ ဝန္ႀကီးရဲ႕ လတ္တေလာ က်န္းမာေရးအေျခအေန ေကာင္းမြန္ၿပီး၊ ကုိဗစ္ေရာဂါလကၡဏာ ျပသျခင္းမရွိဘဲ သီးျခားခြဲ၍ ေနထိုင္လ်က္ရွိတယ္လုိ႔ သိရပါတယ္။ ဆားဘီးယားႏိုင္ငံဟာ ကိုဗစ္ကာကြယ္တားဆီးေရး

အတြက္ အသြားအလာ ကန႔္သတ္ထားတာေတြကို ၿပီးခဲ့တဲ့ ေမလကုန္ပိုင္းမွာ ျပန္လည္ေျဖေလ်ာ့ ေပးခဲ့ၿပီးေနာက္ပိုင္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈ ျပန္လည္ ရင္ဆိုင္ေနရာတာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အစိုးရက လက္ရွိမွာ လူစုလူ‌ေဝးနဲ႔ က်င္းပတဲ့ပြဲေတြမွာ Mask

တပ္ဆင္ဖို႔နဲ႔ လူမႈအကြာအေဝး စည္းမ်ဥ္းလိုက္နာဖို႔အတြက္ ကန႔္သတ္ထားတာမရွိပဲ ခြင့္ျပဳထားပါတယ္။ ဒီအေျခအေနေၾကာင့္ပဲ ဆားဘီးယားမွာ ကိုဗစ္ကူးစက္မႈ ျပန္လည္မ်ားျပားလာတာလို႔ ေဝဖန္ေနၾကတာပါ။ သမၼတဗူဆစ္ကေတာ့ ကူးစက္မႈ ဒီ့ထက္မ်ားျပားလာရင္

အသြားအလာ ကန႔္သတ္မႈေတြကို ဒုတိယအႀကိမ္ ျပန္လည္ ေဆာင္႐ြက္မွာ ျဖစ္တယ္လို႔ဆိုထားပါတယ္။ ဆားဗီးယားႏိုင္ငံမွာ ယေန႔အထိ ကုိဗစ္အတည္ျပဳ လူနာေပါင္း ၁၃၀၀၀ ေက်ာ္ ရွိေနၿပီး ေသဆုံးသူ ၂၆၇ ဦး ရွိၿပီ ျဖစ္ပါတယ္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

ရုရှားနိုင်ငံကပြုလုပ်တဲ့ Victory Day of Great Patriotic War (၇၅) နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို တက်ရောက်ခဲ့တဲ့ ဆားဘီးယားကာကွယ်ရေးဝန်ကြီး ဗူလင် မှာ ကိုဗစ် ရောဂါ ကူးစက်ခံထားရတယ်ဆိုတာ စစ်ဆေးတွေ့ရှိခဲ့ကြောင်း

ဆားဘီးယားအစိုးရက မနေ့က ဇွန်လ ၂၇ ရက်နေ့မှာ တရားဝင် အသိပေးကြေညာလိုက်ပါတယ်။ ဗူလင်ဟာ ရုရှားနိုင်ငံ မော်စကိုမြို့မှာပြီးခဲ့တဲ့ အပတ်က ကျင်းပခဲ့တဲ့ ဟစ်တလာနှင့် နာဇီတို့ကို အောင်ပွဲ ခံခဲ့သည့် (၇၅) နှစ်မြောက် စစ်ရေးပြ အခမ်းအနားကို တက်ရောက်ခဲ့ပြီး

ရုရှားသမ္မတပူတင် အပါအဝင်အခြား ရုရှားခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဥရောပသမဂ္ဂ ခေါင်းဆောင်များနှင့်လည်း ဘရပ်ဆဲလ်မြို့တွေမှာ တွေ့ဆုံခဲ့ကြောင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ဆားဘီးယား ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ

ဝန်ကြီးဗူလင်ဟာ ဘာရောဂါလက္ခဏာမှ ပြသခဲ့ခြင်းမရှိပဲ ကိုဗစ်ရောဂါ ရှိ၊ မရှိ ပုံမှန်ပြုလုပ်တဲ့ စမ်းသပ်စစ်ဆေးမှုမှာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ရုရှားအစိုးရနဲ့ ဆက်ဆံရေးအဆင်ပြေတဲ့ ဝန်ကြီးဗူလင်တို့ ဆာဘီးယားအစိုးရအဖွဲ့ဟာ သမ္မတ အလက်ဇန်းဒါးဗူဆစ်

ဦးဆောင်တဲ့ အဖွဲ့မှာ အဖွဲ့ဝင်တစ်ယောက်အဖြစ် ရုရှားကို လာရောက်ခဲ့တာ ဖြစ်ပါတယ်။ ဆားဘီးယားသမ္မတ ဗူဆစ်ကတော့ ရုရှားသမ္မတပူတင်နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် အဲ့ဒီပူတင်နဲ့ တွေ့ဆုံပွဲမှာ ကာကွယ်ရေးဝန်ကြီး ဗူလင် တက်ရောက်ခဲ့ခြင်း

ရှိ၊ မရှိကိုတော့ အတည်ပြုလို့ မရသေးဘူး။ ဒါပေမယ့် ကာကွယ်ရေးဝန်ကြီး ဗူလင် ဟာ ရုရှားအောင်ပွဲစစ်ရေးပြ အခမ်းအနားကိုတော့ နိုင်ငံတကာက တပ်မတော်ခေါင်းဆောင်တွေနဲ့အတူ တက်ရောက်ခဲ့ကြောင်း ဆိုထားပါတယ်။ အဲဒီရုရှားအောင်ပွဲ အခမ်းအနားကို

မြန်မာကာကွယ်ရေးဦးစီးချုပ်လည်း တက်ရောက်ခဲ့ပါတယ်။ ဝန်ကြီးရဲ့ လတ်တလော ကျန်းမာရေးအခြေအနေ ကောင်းမွန်ပြီး၊ ကိုဗစ်ရောဂါလက္ခဏာ ပြသခြင်းမရှိဘဲ သီးခြားခွဲ၍ နေထိုင်လျက်ရှိတယ်လို့ သိရပါတယ်။ ဆားဘီးယားနိုင်ငံဟာ ကိုဗစ်ကာကွယ်တားဆီးရေး

အတွက် အသွားအလာ ကန့်သတ်ထားတာတွေကို ပြီးခဲ့တဲ့ မေလကုန်ပိုင်းမှာ ပြန်လည်ဖြေလျော့ ပေးခဲ့ပြီးနောက်ပိုင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ပြန်လည် ရင်ဆိုင်နေရာတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အစိုးရက လက်ရှိမှာ လူစုလူ‌ဝေးနဲ့ ကျင်းပတဲ့ပွဲတွေမှာ Mask

တပ်ဆင်ဖို့နဲ့ လူမှုအကွာအဝေး စည်းမျဉ်းလိုက်နာဖို့အတွက် ကန့်သတ်ထားတာမရှိပဲ ခွင့်ပြုထားပါတယ်။ ဒီအခြေအနေကြောင့်ပဲ ဆားဘီးယားမှာ ကိုဗစ်ကူးစက်မှု ပြန်လည်များပြားလာတာလို့ ဝေဖန်နေကြတာပါ။ သမ္မတဗူဆစ်ကတော့ ကူးစက်မှု ဒီ့ထက်များပြားလာရင်

အသွားအလာ ကန့်သတ်မှုတွေကို ဒုတိယအကြိမ် ပြန်လည် ဆောင်ရွက်မှာ ဖြစ်တယ်လို့ဆိုထားပါတယ်။ ဆားဗီးယားနိုင်ငံမှာ ယနေ့အထိ ကိုဗစ်အတည်ပြု လူနာပေါင်း ၁၃၀၀၀ ကျော် ရှိနေပြီး သေဆုံးသူ ၂၆၇ ဦး ရှိပြီ ဖြစ်ပါတယ်။