အားလံုးအတြက္ ဝမ္းသာစရာသတင္း လာပါၿပီ ျမန္မာႏုိင္ငံမွာ ကုိဗစ္ေရာဂါကုိ ေအာင္ျမင္စြာ ကုသေပးႏုိင္ၿပီ

ကုိဗစ္ေရာဂါျဖစ္ပြားၿပီး ျပန္လည္သက္သာလာသူေတြရဲ႕ေသြးရည္ၾကည္ကိုအသုံးျပဳၿပီးကုသတဲ့ ေသြးရည္ၾကည္ကုထုံးကို ျမန္မာႏိုင္ငံမွာ ေအာင္ျမင္စြာကုသႏိုင္ၿပီ ျဖစ္တယ္လုိ႔ ဆုိပါတယ္။ ေသြးရည္ၾကည္ကုထုံးကုသမႈ ေအာင္ျမင္သြားတာနဲ႔ပတ္သက္လို႔

သုေတသနေတြ႕ရွိခ်က္ေတြကို မၾကာမီထုတ္ျပန္သြား ဖို႔ရွိတယ္လို႔ က်န္းမာေရးအသိပညာျမႇင့္တင္မႈဌာနခြဲ၊ ၫႊန္ၾကားေရးမႉး ေဒါက္တာသန္းႏိုင္စိုးကေျပာပါတယ္။ “ေအာင္ျမင္ပါတယ္။ ေအာင္ျမင္မႈေတြ ရရွိေနပါတယ္။ ကြၽန္ေတာ္တို႔မွာ မည္သူ တစ္ဦးတစ္ေယာက္ကိုမွ

Target မထားဘဲနဲ႔ မည္သူ႔နာမည္ကိုမွ ထုတ္ေဖာ္ျခင္းမျပဳဘဲနဲ႔ သုေတသန ေတြ႕ရွိခ်က္အေနနဲ႔ ထုတ္ျပန္မွာျဖစ္တဲ့အတြက္ေၾကာင့္မို႔ ဒါကို ကြၽန္ေတာ္တို႔ ဝန္ႀကီးဌာနအေနနဲ႔ ဒါေတြကို ထုတ္ျပန္ေပးသြားမွာ ျဖစ္ပါတယ္” လို႔ ေဒါက္တာသန္းႏိုင္စိုးကဆိုပါတယ္။

ထြက္ေပၚလာမယ့္ သုေတသနေတြရွိခ်က္ေတြကို ကုိဗစ္ ကုသရာမွာ ေဆးပညာရွင္အခ်င္းခ်င္းမွ်ေဝ အသုံးျပဳႏိုင္မွာ ျဖစ္တယ္လို႔ ေဒါက္တာသန္းႏိုင္စိုးကဆိုပါတယ္။ ေသြးရည္ၾကည္ကုထုံးေအာင္ျမင္သြားတဲ့အေပၚ ေသြးရည္ၾကည္ အလႉရွင္တစ္ဦးျဖစ္တဲ့

အဆိုေတာ္နီတာကလည္း အခုလို ေျပာပါတယ္။ “အရမ္းဝမ္းသာတာေပါ့။ ဘာလို႔လဲဆိုေတာ့ ကိုယ္ကိုယ္တိုင္က ဒီေရာဂါ (COVID19) ကို ခံစားခဲ့ရတာ ျဖစ္ေတာ့ေလ။ ကိုယ့္လိုမ်ိဳးျဖစ္တဲ့လူနာေတြကို ကိုယ့္ရဲ႕ေသြးရည္ၾကည္နဲ႔ ျပန္ကုတဲ့အခ်ိန္မွာ

ေပ်ာက္တယ္ဆိုေတာ့ေလ ပိုၿပီးေတာ့ ဝမ္းသာပါတယ္”လို႔ အဆိုေတာ္နီတာကေျပာပါတယ္။ အလႉရွင္အဆိုေတာ္နီတာအေနနဲ႔ ကုိဗစ္လူနာေတြအတြက္ ေသြးရည္ၾကည္ထပ္မံ လႉဒါန္းသြားဖို႔ရွိတယ္လို႔လည္း သိရပါတယ္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

ကိုဗစ်ရောဂါဖြစ်ပွားပြီး ပြန်လည်သက်သာလာသူတွေရဲ့သွေးရည်ကြည်ကိုအသုံးပြုပြီးကုသတဲ့ သွေးရည်ကြည်ကုထုံးကို မြန်မာနိုင်ငံမှာ အောင်မြင်စွာကုသနိုင်ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။ သွေးရည်ကြည်ကုထုံးကုသမှု အောင်မြင်သွားတာနဲ့ပတ်သက်လို့

သုတေသနတွေ့ရှိချက်တွေကို မကြာမီထုတ်ပြန်သွား ဖို့ရှိတယ်လို့ ကျန်းမာရေးအသိပညာမြှင့်တင်မှုဌာနခွဲ၊ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။ “အောင်မြင်ပါတယ်။ အောင်မြင်မှုတွေ ရရှိနေပါတယ်။ ကျွန်တော်တို့မှာ မည်သူ တစ်ဦးတစ်ယောက်ကိုမှ

Target မထားဘဲနဲ့ မည်သူ့နာမည်ကိုမှ ထုတ်ဖော်ခြင်းမပြုဘဲနဲ့ သုတေသန တွေ့ရှိချက်အနေနဲ့ ထုတ်ပြန်မှာဖြစ်တဲ့အတွက်ကြောင့်မို့ ဒါကို ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ ဒါတွေကို ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်” လို့ ဒေါက်တာသန်းနိုင်စိုးကဆိုပါတယ်။

ထွက်ပေါ်လာမယ့် သုတေသနတွေရှိချက်တွေကို ကိုဗစ် ကုသရာမှာ ဆေးပညာရှင်အချင်းချင်းမျှဝေ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ ဒေါက်တာသန်းနိုင်စိုးကဆိုပါတယ်။ သွေးရည်ကြည်ကုထုံးအောင်မြင်သွားတဲ့အပေါ် သွေးရည်ကြည် အလှူရှင်တစ်ဦးဖြစ်တဲ့

အဆိုတော်နီတာကလည်း အခုလို ပြောပါတယ်။ “အရမ်းဝမ်းသာတာပေါ့။ ဘာလို့လဲဆိုတော့ ကိုယ်ကိုယ်တိုင်က ဒီရောဂါ (COVID19) ကို ခံစားခဲ့ရတာ ဖြစ်တော့လေ။ ကိုယ့်လိုမျိုးဖြစ်တဲ့လူနာတွေကို ကိုယ့်ရဲ့သွေးရည်ကြည်နဲ့ ပြန်ကုတဲ့အချိန်မှာ

ပျောက်တယ်ဆိုတော့လေ ပိုပြီးတော့ ဝမ်းသာပါတယ်”လို့ အဆိုတော်နီတာကပြောပါတယ်။ အလှူရှင်အဆိုတော်နီတာအနေနဲ့ ကိုဗစ်လူနာတွေအတွက် သွေးရည်ကြည်ထပ်မံ လှူဒါန်းသွားဖို့ရှိတယ်လို့လည်း သိရပါတယ်။