အဆိုတော် ဖြိုးပြည့်စုံ မူးယစ်ဆေးဝါးမှုဖြင့် ထိန်းသိမ်းခံရ (ရုပ်သံ ကြည့်ရန်)

(Zawgyiဖြင့် ဖတ်ရန်)







(ဖမ်းဆီးထိန်းသိမ်းခံရမှု ရုပ်သံဖိုင်ကြည့်ရန်)


(Unicodeဖြင့် ဖတ်ရန်)

အသံပါဝါကောင်းကောင်းနဲ့ သီဆိုတတ်ပြီး လူကြိုက်များသော သီချင်းများစွာရဲ့ ပိုင်ရှင် အဆိုတော် ဖြိုးပြည့်စုံ မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီး ထိန်းသိမ်းခံရကြောင်း သတင်းများ ထွက်ပေါ်လာနေပါတယ်.. ။

အဆိုတော်ဖြိုးပြည့်စုံကို ယနေ့ညနေ ၆နာရီခန့်က မြန်မာပလာဇာတွင် မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သတင်းများထွက်ပေါ်လာခဲ့သလို..

ရန်ကုန်တိုင်းဒေသကြီး ပြည်ထဲရေးဝန်ကြီးဋ္ဌာနမှ တာဝန်ရှိသူ တစ်ဦးမှလည်း အတည်ပြုပြောကြားခဲ့တယ်လို့ ဆိုပါတယ်. . ။

ဒါပေမယ့် ဖြစ်စဉ် အသေးစိပ်ကိုတော့ သိရှိရခြင်း မရှိသေးဘဲ. . တာဝန်ရှိသူများမှ လုပ်ဆောင်ရမည့်လုပ်ငန်းဆောင်တာများကို ပြုလုပ်ကာ စစ်ဆေးမှုများ ဆောင်ရွက်နေဆဲလို့ ကနဦးသတင်းအရ သိရှိရပါတယ်…

ဖြိုးပြည့်စုံ ဖမ်းဆီးထိန်းသိမ်းခံရသော သတင်းထွက်ပေါ်လာပြီးနောက်. . လူမှုကွန်ယက် ဖေ့ဘုတ်စ်စာမျက်နှာ တစ်ခုမှ အဆိုတော် ဖြိုးပြည့်စုံဟု ယူဆရသော လူငယ်တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ရုပ်သံဖိုင် တစ်ခု ဖေါ်ပြလာခဲ့ပါတယ်…

ဒီ့အတွက် ဖြိုးပြည့်စုံရဲ့ ပရိသတ်တွေဟာ အဆိုတော် ဖြိုးပြည့်စုံအတွက် စိုးရိမ်ပူပန်မှုများနှင့် နောက်ဆက်တွဲ သတင်းများကို သေချာသိလိုနေကြောင်း သိရှိရပါတယ်။နောက်ဆက်တွဲ သတင်းများကို ဆက်လက်တင်ပြ ပေးသွားပါမည်..။