လမ္းေဘးက ကေလးေတြကို သနားလို႔ ေတြ႕တိုင္းပိုက္ဆံလႉေပးျဖစ္တဲ့အေၾကာင္း ေျပာလာတဲ့ ရဲေလးမ

ရဲေလးမကေတာ့ ဟာသဇာတ္ပို႔ဇာတ္ရံတစ္ေယာက္အေနနဲ႔ ႐ုပ္ရွင္ဇာတ္ကားေတာ္ေတာ္မ်ားမ်ားမွာ ပါဝင္သ႐ုပ္ေဆာင္ေနရသူတစ္ေယာက္ပါ။ မိန္းမလ်ာကာ႐ိုက္တာနဲ႔ အမ်ားဆုံးေတြ႕ျမင္ရေလ့ရွိတဲ့အျပင္

က်ရာဇာတ္႐ုပ္တိုင္းမွာ ပီျပင္စြာပါဝင္အားျဖည့္ေလ့ရွိသူတစ္ေယာက္ဆိုရင္လည္း မမွားပါဘူး။ သူကေတာ့ အႏုပညာေၾကးအနည္းငယ္သာရတဲ့ ဇာတ္ပို႔ဇာတ္ရံတစ္ေယာက္မို႔ မေျပလည္တဲ့စားဝတ္ေနေရးကို တစ္ဖက္တစ္လမ္းကေန မုန္႔ဟင္းခါးေရာင္းကာ ေျဖရွင္းေနသူျဖစ္ၿပီး

သူ႔ရဲ႕မုန္႔ဟင္းခါးဆိုင္ေလးဟာဆိုရင္လည္း အခုဆိုအတန္အသင့္ေအာင္ျမင္မႈရေနၿပီလို႔ ဆိုရမွာပါ။ ပိုက္ဆံမခ်မ္းသာေပမယ့္ မြန္ျမတ္တဲ့စိတ္ထားေလးနဲ႔ဘဝကိုရပ္တည္ေနသူ ရဲေလးမကေတာ့ ဒီေန႔မွာ သူလုပ္ေနၾကျဖစ္တဲ့အလႉေလးတစ္ခုကို မွ်ေဝခဲ့ပါတယ္။

“သူတို႔ေလးေတြလည္းလူထဲကလူပါပဲ အနာဂတ္ေပ်ာက္ေနတဲ့သူတို႔ေလးေတြကိုစာနာတယ္ သနားတယ္ ဒါ့ေၾကာင့္ေတြ႕တဲ့ေနရာ ​​ေရာက္တဲ့ေနရာ တတ္ႏိုင္သေလာက္ အၿမဲလႉတယ္ေပးတယ္ အမ်ားႀကီးမလႉႏိုင္ဘူး ႏိုင္သေလာက္လႉတယ္

အနာဂါတ္အလင္းတစ္ခုထြန္းလင္းၿပီး လမ္းေၾကာင္းမွန္တဲ့ဘဝ‌ေလးတစ္ခု အျမန္ဆုံးပိုင္ဆိုင္ပါေစလို႔ ဦးရဲေလးမ ဆုေတာင္း႐ုံမွတစ္ပါး” ဆိုၿပီး လမ္းေဘးက ကေလးေတြကို လႉဒါန္းေပးေနၾက အလႉေလးကို မွ်ေဝခဲ့ပါတယ္။ ရန္ကုန္ၿမိဳ႕အႏွံ႔မွာေတာ့

လမ္းေဘးမွာေတာင္းစားေနတဲ့ကေလးေတြ၊ အမႈိက္ေကာက္ေနရတဲ့ကေလးေတြ မ်ားစြာရွိေနၿပီး အနာဂတ္မဲ့ေနတဲ့သူတို႔ေလးေတြရဲ႕ဘဝကို ရဲေလးမကေတာ့ စာနာသနားစြာနဲ႔ ေတြ႕တိုင္းကူညီေပးျဖစ္ေၾကာင္း

သူ႔ရဲ႕အလႉေလးကို မွ်ေဝခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးေရ။ ရဲေလးမတစ္ေယာက္ ဒီထက္မက အလုပ္ေတြ အဆင္ေျပၿပီး အားငယ္ေနသူေတြကို စိတ္ရွိတိုင္း ေဖးမကူညီႏိုင္တဲ့ လူတစ္ေယာက္ျဖစ္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ခရက္ဒစ္

ယူနီကုဒ္ျဖင့္ ဖတ္ရန္

ရဲလေးမကတော့ ဟာသဇာတ်ပို့ဇာတ်ရံတစ်ယောက်အနေနဲ့ ရုပ်ရှင်ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်နေရသူတစ်ယောက်ပါ။ မိန်းမလျာကာရိုက်တာနဲ့ အများဆုံးတွေ့မြင်ရလေ့ရှိတဲ့အပြင်

ကျရာဇာတ်ရုပ်တိုင်းမှာ ပီပြင်စွာပါဝင်အားဖြည့်လေ့ရှိသူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ သူကတော့ အနုပညာကြေးအနည်းငယ်သာရတဲ့ ဇာတ်ပို့ဇာတ်ရံတစ်ယောက်မို့ မပြေလည်တဲ့စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းကနေ မုန့်ဟင်းခါးရောင်းကာ ဖြေရှင်းနေသူဖြစ်ပြီး

သူ့ရဲ့မုန့်ဟင်းခါးဆိုင်လေးဟာဆိုရင်လည်း အခုဆိုအတန်အသင့်အောင်မြင်မှုရနေပြီလို့ ဆိုရမှာပါ။ ပိုက်ဆံမချမ်းသာပေမယ့် မွန်မြတ်တဲ့စိတ်ထားလေးနဲ့ဘဝကိုရပ်တည်နေသူ ရဲလေးမကတော့ ဒီနေ့မှာ သူလုပ်နေကြဖြစ်တဲ့အလှူလေးတစ်ခုကို မျှဝေခဲ့ပါတယ်။

“သူတို့လေးတွေလည်းလူထဲကလူပါပဲ အနာဂတ်ပျောက်နေတဲ့သူတို့လေးတွေကိုစာနာတယ် သနားတယ် ဒါ့ကြောင့်တွေ့တဲ့နေရာ ရောက်တဲ့နေရာ တတ်နိုင်သလောက် အမြဲလှူတယ်ပေးတယ် အများကြီးမလှူနိုင်ဘူး နိုင်သလောက်လှူတယ်

အနာဂါတ်အလင်းတစ်ခုထွန်းလင်းပြီး လမ်းကြောင်းမှန်တဲ့ဘဝ‌လေးတစ်ခု အမြန်ဆုံးပိုင်ဆိုင်ပါစေလို့ ဦးရဲလေးမ ဆုတောင်းရုံမှတစ်ပါး” ဆိုပြီး လမ်းဘေးက ကလေးတွေကို လှူဒါန်းပေးနေကြ အလှူလေးကို မျှဝေခဲ့ပါတယ်။ ရန်ကုန်မြို့အနှံ့မှာတော့

လမ်းဘေးမှာတောင်းစားနေတဲ့ကလေးတွေ၊ အမှိုက်ကောက်နေရတဲ့ကလေးတွေ များစွာရှိနေပြီး အနာဂတ်မဲ့နေတဲ့သူတို့လေးတွေရဲ့ဘဝကို ရဲလေးမကတော့ စာနာသနားစွာနဲ့ တွေ့တိုင်းကူညီပေးဖြစ်ကြောင်း

သူ့ရဲ့အလှူလေးကို မျှဝေခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရေ။ ရဲလေးမတစ်ယောက် ဒီထက်မက အလုပ်တွေ အဆင်ပြေပြီး အားငယ်နေသူတွေကို စိတ်ရှိတိုင်း ဖေးမကူညီနိုင်တဲ့ လူတစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ခရက်ဒစ်