ျမန္မာ့ေလသရဲေတြရဲ႕စြန္႔လႊတ္မႈ စြန္႔စားမႈေတြကေတာ့ ၾကက္သီးထစရာေကာင္းသလို သနားစရာလည္းေကာင္းခဲ့တဲ့ အို 7 ေတာင္ကုန္းတိုက္ပြဲ

ျမန္မာ့ေလသရဲေတြရဲ႕စြန္႔လႊတ္မႈ စြန္႔စားမႈေတြကေတာ့ ၾကက္သီးထစရာေကာင္းသလို သနားစရာလည္းေကာင္းခဲ့တဲ့ အို 7 ေတာင္ကုန္းတိုက္ပြဲ။ ထိုင္းနဲ႔ျဖစ္ပြားခဲ့တဲ့ အို7ေတာင္ကုန္းတိုက္ပြဲမွ ျမန္မာ့ေလတပ္မွ သူရဲေကာင္းမ်ား။

အို7ေတာင္ကုန္းတိုက္ပြဲျဖစ္ပြားခဲ့တုန္းက ျမန္မာ့တပ္မေတာ္မွာ အဆင့္မွီတဲ့ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြမရွိေသးပါဘူး။ အဆင့္ျမင့္တိုက္ေလယာဥ္ေတြလဲ စီးပြားေရးပိတ္ဆို႔မႈေၾကာင့္ ဝယ္ယူလို႔မရတဲ့ အျပင္

စစ္အစိုးရအေနနဲ႔ကလည္း ႏိုင္ငံေတာ္ကို ထူေထာင္တဲ့ကာလျဖစ္တဲ့အတြက္ တပ္မေတာ္ကို အဆင့္ျမႇင့္တင္ႏိုင္မႈမရွိေသးတဲ့ကာလျဖစ္ပါတယ္။ ဒါအျပင္ ထိုင္းရဲ႕ အဆင့္ျမင့္ေလယာဥ္ေတြျဖစ္တဲ့ F 16 ေတြကို ယွဥ္ၿပိဳင္တိုက္ခိုက္

ႏိုင္တဲ့ ဖိုက္တာေလယာဥ္ေတြမရွိခဲ့ပါဘူး။ ထိုင္းအေနနဲ႔ အေမရိကန္ဆီက စစ္လက္နက္ပစၥည္းေတြရရွိခဲ့ၿပီး အရင္ကရန္ေႂကြးေတြနဲ႔အတူ ျမန္မာႏိုင္ငံနိမ့္က်ေနခ်ိန္မွာ နယ္ခ်ဲ႕စိုးမိုးရန္ ႀကံစည္ခဲ့ပါတယ္။ ျမန္မာႏိုင္ငံေလတပ္

မွာက အဲဒီအခ်ိန္မွာ F7 ေလယာဥ္ေတြသာရွိပါတယ္။ ေလေၾကာင္းပစ္အားနဲ႔ စစ္ကစားရာမွာ ဘယ္လိုမွရန္သူ႔ေလတပ္ကိုမယွဥ္ႏိုင္တဲ့ အေနအထားျဖစ္ေနပါတယ္။ ေျမျပင္တပ္ေတြစတိုက္ေတာ့မယ္ဆိုတာနဲ႔ ထိုင္းရဲ႕F16

တိုက္ေလယာဥ္ေတြက ျမန္မာေျခလ်င္တပ္ေတြကိုေကာင္းေကာင္းဒုကၡေပးမဲ့အျပင္ စစ္ပြဲမွာေလတပ္အသာ စီးရသြားလို႔ျမန္မာေျမျပင္တပ္ေတြ ရႉံးနိမ့္သြားႏိုင္ပါတယ္။ အဲဒီအခ်ိန္မွာ ျမန္မာ့ေလတပ္အေနနဲ႔ဆုံးျဖတ္ခ်က္

တစ္ခုကိုပိုင္ႏိုင္စြာခ်မွတ္ခဲ့ပါတယ္။ ရန္သူထိုင္းF16 တစ္စီးကို မိမိ F7 ၄စီးနဲ႔ အၿပိဳင္တိုက္ခိုက္ဖို႔ ပင္မပစ္မဲ့ေလယာဥ္အတြက္ က်န္၃စီးက စေတးၿပီး အတင္းဝင္လုံးရတဲ့ အခြင့္အေရးမွာေလယာဥ္ခ်င္းဝင္တိုက္ၿပီး စေတးကာ

အသက္စြန္႔တိုက္ခိုက္ဖို႔သူရဲေကာင္းစိတ္ဓါတ္နဲ႔ ဆုံးျဖတ္ခဲ့ပါတယ္။ ထိုင္း F 16 တစ္စီးကို ျမန္မာ f7ေလယာဥ္ ၄စီးႏႈန္းနဲ႔တိုက္ခိုက္ဖို႔ျမန္မာ့ေလတပ္က ေလယာဥ္ေတြ ထိုင္းနယ္စပ္ကို ၄စီးတစ္အုပ္နဲ႔ အုပ္လိုက္ပ်ံသန္းခဲ့ၾကပါတယ္။

ထိုင္းၾကည္းတပ္နဲ႔ ျမန္မာၾကည္းတပ္ေတြကလည္း နယ္စပ္ ခံစစ္စည္းမွာတိုက္ပြဲေတြ ျဖစ္ေနပါၿပီ။ ထိုင္းၾကည္းတပ္အေနနဲ႔ ေခတ္မီသံခ်ပ္ကာယာဥ္ေတြ တင့္ကားေတြနဲ႔ ျမန္မာတပ္ေတြကို ဦးႏွိမ္ပစ္ခတ္ၾကပါတယ္။

ထိုင္းေလတပ္က F16ေတြလာၿပီး ေျမျပင္တပ္ေတြကို ေခ်မႈန္းၿပီးတာနဲ႔ နယ္စပ္စခန္းေတြကို ထိုင္းၾကည္းတပ္က တက္ၿပီးသိမ္းဖို႔ အသင့္ျပင္ဆင္ထားၿပီးပါၿပီ။ ထိုင္းေလတပ္က F16ေတြ တက္လာတာနဲ႔ ျမန္မာေလတပ္က

အေသခံစေတးမဲ့ ေလယာဥ္ ၃ စီး စီဟာ ေရွ႕ကေနအရွိန္ျမင့္စြာ ပ်ံသန္းလာပါတယ္။ ပင္မပစ္ခတ္မဲ့ ေလယာဥ္ လင္းယုန္ ၁ ကို အေသခံေလယာဥ္ေတြက လွမ္းသတင္းပို႔တယ္။ လင္းယုန္ ၂ အေသခံ စေတးၿပီး တိုက္ပြဲ

ဝင္ရန္အသင့္။ လင္းယုန္ ၃ စေတးရန္ အသင့္။ လင္းယုန္ ၄ စေတးရန္ အသင့္။ လင္းယုန္မ်ားအားလုံးေလးစားပါတယ္။ ေနာက္မတြန႔္ပဲ ဆက္လုပ္ပါလို႔ လင္းယုန္ ၁ က ျပန္ေျပာပါတယ္။ ဒါေပမဲ့ သူရဲ ေလသရဲေတြအတြက္

ဝမ္းနည္းႏွေမ်ာစြာ ခံစားေနရမွာမလြဲပါဘူး။ ျမန္မာေလယာဥ္ေတြ အုပ္စုဖြဲ႕ တိုက္ျမႇား သဏၰန္ ပ်ံသန္းလာတာကို ထိုင္း ေရဒါေတြမွာ ျမင္ေတြ႕ေနရပါတယ္။ ျမန္မာေလယာဥ္ေတြအေသခံၿပီးတိုက္ေတာ့မယ္ဆိုတာကို

သေဘာေပါက္သြားတဲ့ ထိုင္းက F16ေတြဟာ နယ္စပ္မ်ဥ္းကိုေက်ာ္မလာပဲ ေၾကာက္ၿပီး ျပန္လွည့္သြားပါတယ္။ ေလေၾကာင္းကပစ္ကူမရတဲ့ ထိုင္းတပ္ဖြဲ႕ေတြဟာ ျမန္မာၾကည္းနဲ႔အေျမာက္တပ္ေတြရဲ႕တိုက္ခိုက္မႈေၾကာင့္

ထိုင္းေျမျပင္တပ္ေတြတပ္ပ်က္ၿပီး အက်အဆုံးမ်ားစြာနဲ႔ ျပန္လည္ဆုတ္ခြာသြားခဲ့ၿပီး ျမန္မာေတြေအာင္ပြဲရလိုက္ပါတယ္။ အဲဒါကေတာ့ တိုက္ပြဲမွာ လက္နက္ပစၥည္း အေရးသာေသာ္လည္း ျမန္မာေလတပ္က ပိုင္းေလာ့မ်ားရဲ႕

အသက္စြန္႔တိုက္ခိုက္မဲ့ ရဲစြမ္းသတၱိေၾကာင့္ ရခဲ့ေသာေအာင္ပြဲျဖစ္ပါေၾကာင္း ဂုဏ္ျပဳေရးသားတင္ျပလိုက္ရပါတယ္။ ဖတ္လို႔ရွင္းလင္းေစရန္ လင္းယုန္၁ ၂ ၃ ၄ ဟုေရးသားခဲ့ျခင္းျဖစ္ပါတယ္။ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

မြန်မာ့လေသရဲတွေရဲ့စွန့်လွှတ်မှု စွန့်စားမှုတွေကတော့ ကြက်သီးထစရာကောင်းသလို သနားစရာလည်းကောင်းခဲ့တဲ့ အို 7 တောင်ကုန်းတိုက်ပွဲ။ ထိုင်းနဲ့ဖြစ်ပွားခဲ့တဲ့ အို7တောင်ကုန်းတိုက်ပွဲမှ မြန်မာ့လေတပ်မှ သူရဲကောင်းများ။

အို7တောင်ကုန်းတိုက်ပွဲဖြစ်ပွားခဲ့တုန်းက မြန်မာ့တပ်မတော်မှာ အဆင့်မှီတဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေမရှိသေးပါဘူး။ အဆင့်မြင့်တိုက်လေယာဉ်တွေလဲ စီးပွားရေးပိတ်ဆို့မှုကြောင့် ဝယ်ယူလို့မရတဲ့ အပြင်

စစ်အစိုးရအနေနဲ့ကလည်း နိုင်ငံတော်ကို ထူထောင်တဲ့ကာလဖြစ်တဲ့အတွက် တပ်မတော်ကို အဆင့်မြှင့်တင်နိုင်မှုမရှိသေးတဲ့ကာလဖြစ်ပါတယ်။ ဒါအပြင် ထိုင်းရဲ့ အဆင့်မြင့်လေယာဉ်တွေဖြစ်တဲ့ F 16 တွေကို ယှဉ်ပြိုင်တိုက်ခိုက်

နိုင်တဲ့ ဖိုက်တာလေယာဉ်တွေမရှိခဲ့ပါဘူး။ ထိုင်းအနေနဲ့ အမေရိကန်ဆီက စစ်လက်နက်ပစ္စည်းတွေရရှိခဲ့ပြီး အရင်ကရန်ကြွေးတွေနဲ့အတူ မြန်မာနိုင်ငံနိမ့်ကျနေချိန်မှာ နယ်ချဲ့စိုးမိုးရန် ကြံစည်ခဲ့ပါတယ်။ မြန်မာနိုင်ငံလေတပ်

မှာက အဲဒီအချိန်မှာ F7 လေယာဉ်တွေသာရှိပါတယ်။ လေကြောင်းပစ်အားနဲ့ စစ်ကစားရာမှာ ဘယ်လိုမှရန်သူ့လေတပ်ကိုမယှဉ်နိုင်တဲ့ အနေအထားဖြစ်နေပါတယ်။ မြေပြင်တပ်တွေစတိုက်တော့မယ်ဆိုတာနဲ့ ထိုင်းရဲ့F16

တိုက်လေယာဉ်တွေက မြန်မာခြေလျင်တပ်တွေကိုကောင်းကောင်းဒုက္ခပေးမဲ့အပြင် စစ်ပွဲမှာလေတပ်အသာ စီးရသွားလို့မြန်မာမြေပြင်တပ်တွေ ရှူံးနိမ့်သွားနိုင်ပါတယ်။ အဲဒီအချိန်မှာ မြန်မာ့လေတပ်အနေနဲ့ဆုံးဖြတ်ချက်

တစ်ခုကိုပိုင်နိုင်စွာချမှတ်ခဲ့ပါတယ်။ ရန်သူထိုင်းF16 တစ်စီးကို မိမိ F7 ၄စီးနဲ့ အပြိုင်တိုက်ခိုက်ဖို့ ပင်မပစ်မဲ့လေယာဉ်အတွက် ကျန်၃စီးက စတေးပြီး အတင်းဝင်လုံးရတဲ့ အခွင့်အရေးမှာလေယာဉ်ချင်းဝင်တိုက်ပြီး စတေးကာ

အသက်စွန့်တိုက်ခိုက်ဖို့သူရဲကောင်းစိတ်ဓါတ်နဲ့ ဆုံးဖြတ်ခဲ့ပါတယ်။ ထိုင်း F 16 တစ်စီးကို မြန်မာ f7လေယာဉ် ၄စီးနှုန်းနဲ့တိုက်ခိုက်ဖို့မြန်မာ့လေတပ်က လေယာဉ်တွေ ထိုင်းနယ်စပ်ကို ၄စီးတစ်အုပ်နဲ့ အုပ်လိုက်ပျံသန်းခဲ့ကြပါတယ်။

ထိုင်းကြည်းတပ်နဲ့ မြန်မာကြည်းတပ်တွေကလည်း နယ်စပ် ခံစစ်စည်းမှာတိုက်ပွဲတွေ ဖြစ်နေပါပြီ။ ထိုင်းကြည်းတပ်အနေနဲ့ ခေတ်မီသံချပ်ကာယာဉ်တွေ တင့်ကားတွေနဲ့ မြန်မာတပ်တွေကို ဦးနှိမ်ပစ်ခတ်ကြပါတယ်။

ထိုင်းလေတပ်က F16တွေလာပြီး မြေပြင်တပ်တွေကို ချေမှုန်းပြီးတာနဲ့ နယ်စပ်စခန်းတွေကို ထိုင်းကြည်းတပ်က တက်ပြီးသိမ်းဖို့ အသင့်ပြင်ဆင်ထားပြီးပါပြီ။ ထိုင်းလေတပ်က F16တွေ တက်လာတာနဲ့ မြန်မာလေတပ်က

အသေခံစတေးမဲ့ လေယာဉ် ၃ စီး စီဟာ ရှေ့ကနေအရှိန်မြင့်စွာ ပျံသန်းလာပါတယ်။ ပင်မပစ်ခတ်မဲ့ လေယာဉ် လင်းယုန် ၁ ကို အသေခံလေယာဉ်တွေက လှမ်းသတင်းပို့တယ်။ လင်းယုန် ၂ အသေခံ စတေးပြီး တိုက်ပွဲ

ဝင်ရန်အသင့်။ လင်းယုန် ၃ စတေးရန် အသင့်။ လင်းယုန် ၄ စတေးရန် အသင့်။ လင်းယုန်များအားလုံးလေးစားပါတယ်။ နောက်မတွန့်ပဲ ဆက်လုပ်ပါလို့ လင်းယုန် ၁ က ပြန်ပြောပါတယ်။ ဒါပေမဲ့ သူရဲ လေသရဲတွေအတွက်

ဝမ်းနည်းနှမျောစွာ ခံစားနေရမှာမလွဲပါဘူး။ မြန်မာလေယာဉ်တွေ အုပ်စုဖွဲ့ တိုက်မြှား သဏ္ဏန် ပျံသန်းလာတာကို ထိုင်း ရေဒါတွေမှာ မြင်တွေ့နေရပါတယ်။ မြန်မာလေယာဉ်တွေအသေခံပြီးတိုက်တော့မယ်ဆိုတာကို

သဘောပေါက်သွားတဲ့ ထိုင်းက F16တွေဟာ နယ်စပ်မျဉ်းကိုကျော်မလာပဲ ကြောက်ပြီး ပြန်လှည့်သွားပါတယ်။ လေကြောင်းကပစ်ကူမရတဲ့ ထိုင်းတပ်ဖွဲ့တွေဟာ မြန်မာကြည်းနဲ့အမြောက်တပ်တွေရဲ့တိုက်ခိုက်မှုကြောင့်

ထိုင်းမြေပြင်တပ်တွေတပ်ပျက်ပြီး အကျအဆုံးများစွာနဲ့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး မြန်မာတွေအောင်ပွဲရလိုက်ပါတယ်။ အဲဒါကတော့ တိုက်ပွဲမှာ လက်နက်ပစ္စည်း အရေးသာသော်လည်း မြန်မာလေတပ်က ပိုင်းလော့များရဲ့

အသက်စွန့်တိုက်ခိုက်မဲ့ ရဲစွမ်းသတ္တိကြောင့် ရခဲ့သောအောင်ပွဲဖြစ်ပါကြောင်း ဂုဏ်ပြုရေးသားတင်ပြလိုက်ရပါတယ်။ ဖတ်လို့ရှင်းလင်းစေရန် လင်းယုန်၁ ၂ ၃ ၄ ဟုရေးသားခဲ့ခြင်းဖြစ်ပါတယ်။ ခရက်ဒစ်