အမႈိက္ပုံေရွ႕မွာတဲထိုးၿပီး ရွင္သန္ေနထိုင္ရတဲ့သူေတြကိုၾကည့္ၿပီး မစဥ္းစားႏိုင္ေလာက္ေအာင္ စိတ္ထဲဝမ္းနည္းရတယ္ဆိုတဲ့ ခိုင္ႏွင္းေဝ

မင္းသမီးေခ်ာေလး ခိုင္ႏွင္းေဝကေတာ့ ခိုင္ႏွင္းေဝပရဟိတအသင္းကို တည္ေထာင္ၿပီး (၇)ရက္သားသမီးအလႉရွင္ေတြနဲ႔အတူတူ အလႉအတန္းေတြကို ျပဳလုပ္ေနတာပဲ ျဖစ္ပါတယ္။ ခိုင္ႏွင္းေဝက လက္ရွိမွာလည္း စားဝတ္ေနေရးခက္ခဲၾကပ္တည္းေနတဲ့ အေျခခံလူတန္းစား

မိသားစုေတြဆီ ကိုယ္တိုင္သြားေရာက္ၿပီး လႉဒါန္းေထာက္ပံ့မႈေတြကို ျပဳလုပ္ေနတာပဲ ျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ ခိုင္ႏွင္းေဝက အမႈိက္ပုံေရွ႕မွာ တဲထိုးၿပီး ရွင္သန္ေနထိုင္ရတဲ့သူေတြကို သြားေရာက္ လႉဒါန္းခဲ့ၿပီး သူမျမင္ေတြ႕ခံစားရသမွ်ကို အခုလိုပဲေျပာလာပါတယ္။

“ယေန႔ ေျမာက္ဒဂုံ ထားဝယ္ေခ်ာင္ အမႈိက္ပုံအနီးရွိ ခ်ိဳ႕တဲ့ေသာသူမ်ားအား မီးဖိုေခ်ာင္သုံး စားေသာက္ကုန္မ်ားႏွင့္ မိုးတြင္းအသုံးျပဳရန္ ထီး ၊ ဦးထုပ္ႏွင့္ အက်ီမ်ား အျပင္ ကေလးငယ္မ်ားအတြက္ ကေလးအက်ီမ်ားပါ သြားေရာက္လႉဒါန္းခဲ့ပါတယ္ရွင္ 🙏🙏🙏

သြားလႉဒါန္းျဖစ္တဲ့ အခ်ိန္ ခဏေလးမွာေတာင္ အနံ႔အသက္ဆိုးေတြေၾကာင့္ က်မတို႔ေတြအသက္ရႈက်ပ္ေနခဲ့ရတာ တကယ္တမ္း အဲ့အမႈိက္ပုံေရွ႕မွာ ႐ြက္ဖ်င္တဲေလးထိုးၿပီး ရွင္သန္ေနထိုင္ရတဲ့ လူေတြ ဘယ္လိုေတြမ်ား ေနထိုင္ေနၾကရမလဲ”

“ကြၽန္မ မစဥ္းစားႏိုင္ေလာက္ေအာင္ စိတ္ထဲ ဝမ္းနည္းမိရပါတယ္။ သူတို႔ ေန႔စဥ္ရႈရႈိက္ေနရတဲ့ ေလထု ႀကီးက ဘယ္လိုပဲ အနံ႔ယဥ္ေနပါေစ ။သူတို႔ က်န္းမာေရးအတြက္ ဘယ္ေလာက္ေတာင္မ်ား ဆိုးဆိုးဝါးဝါးထိခိုက္ေနၾကမလဲရွင္?

အခုထက္ပိုၿပီး လႉဒါန္းႏိုင္ဖို႔ ကြၽန္မအမ်ားႀကီး ႀကိဳးစားေနပါတယ္။ လိုအပ္သူမ်ားကို လိုအပ္ခ်ိန္မွာ ျဖည့္ဆည္းေပးႏိုင္တဲ့ လက္တစုံ အား အသက္ထက္ဆုံးပိုင္ဆိုင္ရပါေစဘုရား 🙏🙏🙏” ဆိုၿပီး ဝမ္းနည္းစြာေျပာထားပါတယ္။

ခိုင္ႏွင္းေဝကေတာ့ အမ်ားအက်ိဳးကို သယ္ပိုးေဆာင္႐ြက္ေနသလို သူမခ်စ္တဲ့ အႏုပညာအလုပ္ေတြကိုလည္း ဆက္လက္လုပ္ကိုင္ႏိုင္ဖို႔ ႀကိဳးစားေနတာပဲ ျဖစ္ပါတယ္။ ပရီသတ္ႀကီးကလည္း ခိုင္ႏွင္းေဝရဲ႕ အႏုပညာလႈပ္ရွားမႈေတြကို ေစာင့္ၾကည့္အားေပးၾကပါဦးေနာ္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ ခိုင်နှင်းဝေပရဟိတအသင်းကို တည်ထောင်ပြီး (၇)ရက်သားသမီးအလှူရှင်တွေနဲ့အတူတူ အလှူအတန်းတွေကို ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေက လက်ရှိမှာလည်း စားဝတ်နေရေးခက်ခဲကြပ်တည်းနေတဲ့ အခြေခံလူတန်းစား

မိသားစုတွေဆီ ကိုယ်တိုင်သွားရောက်ပြီး လှူဒါန်းထောက်ပံ့မှုတွေကို ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ခိုင်နှင်းဝေက အမှိုက်ပုံရှေ့မှာ တဲထိုးပြီး ရှင်သန်နေထိုင်ရတဲ့သူတွေကို သွားရောက် လှူဒါန်းခဲ့ပြီး သူမမြင်တွေ့ခံစားရသမျှကို အခုလိုပဲပြောလာပါတယ်။

“ယနေ့ မြောက်ဒဂုံ ထားဝယ်ချောင် အမှိုက်ပုံအနီးရှိ ချို့တဲ့သောသူများအား မီးဖိုချောင်သုံး စားသောက်ကုန်များနှင့် မိုးတွင်းအသုံးပြုရန် ထီး ၊ ဦးထုပ်နှင့် အကျီများ အပြင် ကလေးငယ်များအတွက် ကလေးအကျီများပါ သွားရောက်လှူဒါန်းခဲ့ပါတယ်ရှင် 🙏🙏🙏

သွားလှူဒါန်းဖြစ်တဲ့ အချိန် ခဏလေးမှာတောင် အနံ့အသက်ဆိုးတွေကြောင့် ကျမတို့တွေအသက်ရှုကျပ်နေခဲ့ရတာ တကယ်တမ်း အဲ့အမှိုက်ပုံရှေ့မှာ ရွက်ဖျင်တဲလေးထိုးပြီး ရှင်သန်နေထိုင်ရတဲ့ လူတွေ ဘယ်လိုတွေများ နေထိုင်နေကြရမလဲ”

“ကျွန်မ မစဉ်းစားနိုင်လောက်အောင် စိတ်ထဲ ဝမ်းနည်းမိရပါတယ်။ သူတို့ နေ့စဉ်ရှုရှိုက်နေရတဲ့ လေထု ကြီးက ဘယ်လိုပဲ အနံ့ယဉ်နေပါစေ ။သူတို့ ကျန်းမာရေးအတွက် ဘယ်လောက်တောင်များ ဆိုးဆိုးဝါးဝါးထိခိုက်နေကြမလဲရှင်?

အခုထက်ပိုပြီး လှူဒါန်းနိုင်ဖို့ ကျွန်မအများကြီး ကြိုးစားနေပါတယ်။ လိုအပ်သူများကို လိုအပ်ချိန်မှာ ဖြည့်ဆည်းပေးနိုင်တဲ့ လက်တစုံ အား အသက်ထက်ဆုံးပိုင်ဆိုင်ရပါစေဘုရား 🙏🙏🙏” ဆိုပြီး ဝမ်းနည်းစွာပြောထားပါတယ်။

ခိုင်နှင်းဝေကတော့ အများအကျိုးကို သယ်ပိုးဆောင်ရွက်နေသလို သူမချစ်တဲ့ အနုပညာအလုပ်တွေကိုလည်း ဆက်လက်လုပ်ကိုင်နိုင်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ပရီသတ်ကြီးကလည်း ခိုင်နှင်းဝေရဲ့ အနုပညာလှုပ်ရှားမှုတွေကို စောင့်ကြည့်အားပေးကြပါဦးနော်။