စစ္ကိုင္းတိုင္း ပညာေရးမႉး႐ုံးေရွ႕တြင္ ပညာေရးဝန္ႀကီး၏ အေခါင္းပုံ လာခ်ထား

ပညာေရးဝန္ႀကီး ေဒါက္တာ မ်ိဳးသိမ္းႀကီး အသက္ ၅၅ ႏွစ္ဟု ေရးထားေသာ အေခါင္းတစ္ခု ကို ယေန႔ည ၉ နာရီခန႔္က စစ္ကိုင္းတိုင္း ပညာေရးမႉး႐ုံးေရွ႕တြင္ လာေရာက္ခ်ထားသည္။ ယင္းအေခါင္းကို ပညာေရးေကာလိပ္ သမဂၢမ်ား ကိုယ္စားျပဳေကာ္မတီမွ

ပညာေရးဝန္ႀကီးဌာနအား သေရာ္သည့္အေနျဖင့္ လာေရာက္ခ်ထားျခင္း ျဖစ္သည္ဟုသိရသည္။ အေခါင္းေပၚတြင္ မ်ိဳးသိန္းႀကီး ၅၅ ႏွစ္ DTEd ႏွင့္ PPTT မ်ား Order ခ်ေပးရန္ ႀကိဳးစားပမ္းစား စီမံခန႔္ခြဲရင္းကြယ္လြန္ ဟု ေရးသားထားသည္။

ပညာေရးေကာလိပ္ ေက်ာင္းၿပီးသူမ်ား၏ အလုပ္ခန႔္စာအား ေမလကုန္တြင္ ထုတ္ျပန္ေပးရမည္ကို ယခုခ်ိန္ထိ ထုတ္ျပန္မေပးေသး၍ ယင္းကဲ့သို႔ လႈပ္ရွားမႈ ျပဳလုပ္ရျခင္းျဖစ္သည္ဟု ပညာေရးေကာလိပ္သမဂၢမ်ား ကိုယ္စားျပဳေကာ္မတီ ဗဟိုေကာ္မတီဝင္ ကိုညီညီမင္းထက္ေဝက

ေျပာသည္။ “အေျခခံပညာ ၫႊန္ခ်ဳပ္ကေတာ့ ကိုဗစ္ေၾကာင့္လို႔ အေၾကာင္းျပတာေပါ့၊ ဖုန္းဆက္ေမးေတာ့ ဇြန္လ ဒုတိယပတ္ထဲ ေနာက္ဆုံးထား ထြက္ေပးမယ္ေျပာၿပီး ခုက်ဖုန္းေတာင္ မကိုင္ေတာ့ပါဘူး၊ ကြၽန္ေတာ္တို႔အေနနဲ႔ ကိုဗစ္ေၾကာင့္ဆိုတာ နားလည္ပါတယ္၊

ကိုယ္တာဝန္က်တဲ့ ေဒသအေျခအေနကို ႀကိဳတင္ေလ့လာဖို႔၊ ျပင္ဆင္ဖို႔ပါ၊ လစာရဖို႔ မဟုတ္ပါဘူး” ဟု ၎က ေျပာသည္။ ယမန္ႏွစ္မ်ားကလည္း အလုပ္ခန႔္စာထြက္မႈ ေနာက္က်ေနသျဖင့္ ဝန္ႀကီးဌာနတြင္ တိက်ေသာမူဝါဒမရွိဟု ပညာေရးေကာလိပ္မွ ေက်ာင္းသားမ်ားက ေဝဖန္သည္။

တိုင္းပညာေရး႐ုံးေရွ႕တြင္ ယင္းကဲ့သို႔ လႈပ္ရွားသြားမႈအား ႐ုံးပိတ္ရက္ျဖစ္ျခင္းႏွင့္ ညပိုင္းေၾကာင့္ တာဝန္ရွိသူမ်ားအေနျဖင့္ ျဖစ္စဥ္အား သတိမထားမိလိုက္ေၾကာင္း တိုင္းပညာေရးမႉး႐ုံးမွ ၫႊန္ၾကားေရးမႉး (ပညာ)ဆရာမ ေဒၚၾကည္ၾကည္မာက ေျပာသည္။ ကိုေအာင္ႀကီး/မုံ႐ြာ ေဂဇက္.

ယူနီကုဒ္ျဖင့္ဖတ္ရန္

ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး အသက် ၅၅ နှစ်ဟု ရေးထားသော အခေါင်းတစ်ခု ကို ယနေ့ည ၉ နာရီခန့်က စစ်ကိုင်းတိုင်း ပညာရေးမှူးရုံးရှေ့တွင် လာရောက်ချထားသည်။ ယင်းအခေါင်းကို ပညာရေးကောလိပ် သမဂ္ဂများ ကိုယ်စားပြုကော်မတီမှ

ပညာရေးဝန်ကြီးဌာနအား သရော်သည့်အနေဖြင့် လာရောက်ချထားခြင်း ဖြစ်သည်ဟုသိရသည်။ အခေါင်းပေါ်တွင် မျိုးသိန်းကြီး ၅၅ နှစ် DTEd နှင့် PPTT များ Order ချပေးရန် ကြိုးစားပမ်းစား စီမံခန့်ခွဲရင်းကွယ်လွန် ဟု ရေးသားထားသည်။

ပညာရေးကောလိပ် ကျောင်းပြီးသူများ၏ အလုပ်ခန့်စာအား မေလကုန်တွင် ထုတ်ပြန်ပေးရမည်ကို ယခုချိန်ထိ ထုတ်ပြန်မပေးသေး၍ ယင်းကဲ့သို့ လှုပ်ရှားမှု ပြုလုပ်ရခြင်းဖြစ်သည်ဟု ပညာရေးကောလိပ်သမဂ္ဂများ ကိုယ်စားပြုကော်မတီ ဗဟိုကော်မတီဝင် ကိုညီညီမင်းထက်ဝေက

ပြောသည်။ “အခြေခံပညာ ညွှန်ချုပ်ကတော့ ကိုဗစ်ကြောင့်လို့ အကြောင်းပြတာပေါ့၊ ဖုန်းဆက်မေးတော့ ဇွန်လ ဒုတိယပတ်ထဲ နောက်ဆုံးထား ထွက်ပေးမယ်ပြောပြီး ခုကျဖုန်းတောင် မကိုင်တော့ပါဘူး၊ ကျွန်တော်တို့အနေနဲ့ ကိုဗစ်ကြောင့်ဆိုတာ နားလည်ပါတယ်၊

ကိုယ်တာဝန်ကျတဲ့ ဒေသအခြေအနေကို ကြိုတင်လေ့လာဖို့၊ ပြင်ဆင်ဖို့ပါ၊ လစာရဖို့ မဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။ ယမန်နှစ်များကလည်း အလုပ်ခန့်စာထွက်မှု နောက်ကျနေသဖြင့် ဝန်ကြီးဌာနတွင် တိကျသောမူဝါဒမရှိဟု ပညာရေးကောလိပ်မှ ကျောင်းသားများက ဝေဖန်သည်။

တိုင်းပညာရေးရုံးရှေ့တွင် ယင်းကဲ့သို့ လှုပ်ရှားသွားမှုအား ရုံးပိတ်ရက်ဖြစ်ခြင်းနှင့် ညပိုင်းကြောင့် တာဝန်ရှိသူများအနေဖြင့် ဖြစ်စဉ်အား သတိမထားမိလိုက်ကြောင်း တိုင်းပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး (ပညာ)ဆရာမ ဒေါ်ကြည်ကြည်မာက ပြောသည်။ ကိုအောင်ကြီး/မုံရွာ ဂေဇက်.