ဘုိက​ေလးတြင္​ အသက္ (၉)ႏွစ္​အရြယ္​ က​ေလး ၁ဦး မိ​ေခ်ာင္​းဆြဲခံရၿပီး အျပင္းအထန္ ဒဏ္ရာရ႐ွိ

ဘိုကေလးတြင္ အသက္ ၉ ႏွစ္အ႐ြယ္ ကေလး ၁ ဦး မိေခ်ာင္းဆြဲခံရ။ ဇြန္လ ၂၉ ရက္။ ဧရာဝတီတိုင္း၊ ဘိုကေလးၿမိဳ႕နယ္၊ ဂရမ္းေက်း႐ြာ အုပ္စု၊ ႐ြာသစ္ေက်း႐ြာ ဇြန္လ ၂၉ ရက္ေန႔ (ယေန႔) နံနက္ပိုင္းက အသက္ ၉ ႏွစ္

အ႐ြယ္ ကေလး ၁ ဦး မိေခ်ာင္းဆြဲခံရေၾကာင္း သတင္းရရွိသည္။ အသက္ ၉ ႏွစ္အ႐ြယ္ရွိ မယမင္းသူသည္ အဘြားျဖစ္သူႏွင့္အတူ ေနအိမ္ႏွင့္ ၉ ေပအကြာ ေရေျမာင္းအတြင္း ေရခ်ိဳးေနစဥ္ အလ်ား ၁၀ ေတာင္ခန႔္ရွိ

အဝါေရာင္မိေခ်ာင္းမွာ ကေလးအား ကိုက္ဆြဲယူျခင္းျဖစ္ေၾကာင္း မိသားစုဝင္မ်ားထံမွ သိရသည္။ “က်မေတြ႕လိုက္ဆို လန႔္လည္းလန႔္ ေၾကာက္လည္းေၾကာက္ ကေလးပါသြားမွာလည္းစိုးရိမ္ေတာ့ ကေလးကို

ဆြဲၿပီး အတင္းေအာ္တာေပါ့ သူ႔အေဖနဲ႔ သူ႔အဖိုးေျပးဆင္းလာလို႔ ဝိုင္းဆြဲအတင္းပဲ ကန္ေၾကာက္ေတာ့မွ ကေလးကိုလႊတ္ၿပီးဆင္းသြားတာ” ဟု အဖြားျဖစ္သူေဒၚသန္းဝင္းမွ မီဒီယာတစ္ခုသို႔ေျပာသည္။ မိေခ်ာင္း

အဆြဲခံရစဥ္ အဖြားျဖစ္သူမွ ကေလးအားဆြဲပီး ေအာ္ဟစ္အကူညီေတာင္းခံခဲ့ရာ ကေလး၏ ဖခင္ ယႏွင့္ အဘိုးျဖစ္သူတို႔ လာေရာက္ကူဆြဲခဲ့သျဖင့္ မိေခ်ာင္းမွာ ကေလးကိုလႊတ္ၿပီး ျပန္ဆင္းသြားခဲ့ေသာ္လည္း

မိေခ်ာင္းဆြဲခံရမႈေၾကာင့္ ကေလးတြင္ ဘယ္လက္ဖ်ံ႐ိုးက်ိဳး ျပတ္ရွဒါဏ္ရာမ်ားရရွိ၍ ဘိုကေလးေဆး႐ုံသို႔ပို႔ေဆာင္ထားရေၾကာင္း မိသားစုဝင္မ်ားထံမွ သိရသည္။ “ကြၽန္ေတာ္တို႔ ႐ြာမွာဒါပထမဆုံး မိေခ်ာင္းအဆြဲခံရတာပါ

တခါမွလဲမႀကဳံဘူးေတာ့ အတတ္ႏိူင္ဆုံး ေဆး႐ုံေရာက္ေအာင္ အျမန္ အကူအညီေပးေဆာင္႐ြက္လိုက္ရပါတယ္ ဒဏ္ရာကေတာ့အျပင္းသားကြဲသြားတာလဲအႀကီးႀကီး၊ အ႐ိုးလဲက်ိဳးသြားေတာ့ ခြဲစိတ္ခန္းထပ္

ဝင္ရမယ္လို႔သိရပါတယ္”ဟု ေက်း႐ြာအုပ္ခ်ဴပ္ေရးမႉး ဦးသိန္းဝင္းမွ မီဒီယာတစ္ခုသို႔သို႔ေျပာသည္။ ယခုရာသီခ်ိန္မွာ မိေခ်ာင္းမ်ား အသိုက္ကိုက္သည့္ရာသီျဖစ္ၿပီး မတ္လကုန္မွစတင္ကာ မိေခ်ာင္းအႏၲရာယ္သတိေပး

လက္ကမ္းေၾကာ္ညႇာေဝငွျခင္း ႐ြာစဥ္လွည့္ေၾကာ္ညာျခင္းမ်ားကို ႏွစ္စဥ္ေဆာင္႐ြက္လ်က္ရွိၿပီး ဂရမ္းေက်း႐ြာအုပ္စု၊ ႐ြာသစ္ေက်း႐ြာတြင္ မိေခ်ာင္းအႏၲရာယ္သတိေပးဆိုင္းဘုတ္ ဆိုက္ထူထားေပးေၾကာင္း ၎ကဆက္လက္

ေျပာဆိုသည္။ ဘိုကေလးၿမိဳ႕နယ္၌ ၂၀၂၀ ခုႏွစ္တြင္ မိေခ်ာင္းအကိုက္ခံရမူမွာ ပထမဦးဆုံးအႀကိမ္ျဖစ္ေၾကာင္း သဘာဝဝန္းက်င္ႏွင့္သားငွက္တိရစာၦန္ထိန္းသိမ္းေရးဌာန၊ မိန္းမလွကြၽန္းေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ေတာ

အုပ္ခ်ဳပ္ေရးမႉး ဦးသန႔္ဇင္ေအာင္ထံမွသိရသည္။ မိေခ်ာင္းအဆြဲခံရ၍ ေဆး႐ုံတက္ေရာက္ေဆးကုသေနရသည့္ အသက္ ၉ ႏွစ္အ႐ြယ္ မယမင္းသူအတြက္ သဘာဝဝန္းက်င္ႏွင့္သားငွက္တိရစာၦန္ထိန္းသိမ္းေရးဌာန

မိန္းမလွကြၽန္းေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ေတာ အုပ္ခ်ဳပ္ေရးမူး ဦးသန႔္ဇင္ေအာင္ႏွင့္ ဝန္ထမ္းမ်ားမွ ေထာက္ပံ့ေငြက်ပ္ ၅၀၀၀၀ အားေဆး႐ုံသို႔သြားေရာက္ေပးအပ္ခဲ့ေၾကာင္း သိရသည္။ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

ဘိုကလေးတွင် အသက် ၉ နှစ်အရွယ် ကလေး ၁ ဦး မိချောင်းဆွဲခံရ။ ဇွန်လ ၂၉ ရက်။ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ဂရမ်းကျေးရွာ အုပ်စု၊ ရွာသစ်ကျေးရွာ ဇွန်လ ၂၉ ရက်နေ့ (ယနေ့) နံနက်ပိုင်းက အသက် ၉ နှစ်

အရွယ် ကလေး ၁ ဦး မိချောင်းဆွဲခံရကြောင်း သတင်းရရှိသည်။ အသက် ၉ နှစ်အရွယ်ရှိ မယမင်းသူသည် အဘွားဖြစ်သူနှင့်အတူ နေအိမ်နှင့် ၉ ပေအကွာ ရေမြောင်းအတွင်း ရေချိုးနေစဉ် အလျား ၁၀ တောင်ခန့်ရှိ

အဝါရောင်မိချောင်းမှာ ကလေးအား ကိုက်ဆွဲယူခြင်းဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။ “ကျမတွေ့လိုက်ဆို လန့်လည်းလန့် ကြောက်လည်းကြောက် ကလေးပါသွားမှာလည်းစိုးရိမ်တော့ ကလေးကို

ဆွဲပြီး အတင်းအော်တာပေါ့ သူ့အဖေနဲ့ သူ့အဖိုးပြေးဆင်းလာလို့ ဝိုင်းဆွဲအတင်းပဲ ကန်ကြောက်တော့မှ ကလေးကိုလွှတ်ပြီးဆင်းသွားတာ” ဟု အဖွားဖြစ်သူဒေါ်သန်းဝင်းမှ မီဒီယာတစ်ခုသို့ပြောသည်။ မိချောင်း

အဆွဲခံရစဉ် အဖွားဖြစ်သူမှ ကလေးအားဆွဲပီး အော်ဟစ်အကူညီတောင်းခံခဲ့ရာ ကလေး၏ ဖခင် ယနှင့် အဘိုးဖြစ်သူတို့ လာရောက်ကူဆွဲခဲ့သဖြင့် မိချောင်းမှာ ကလေးကိုလွှတ်ပြီး ပြန်ဆင်းသွားခဲ့သော်လည်း

မိချောင်းဆွဲခံရမှုကြောင့် ကလေးတွင် ဘယ်လက်ဖျံရိုးကျိုး ပြတ်ရှဒါဏ်ရာများရရှိ၍ ဘိုကလေးဆေးရုံသို့ပို့ဆောင်ထားရကြောင်း မိသားစုဝင်များထံမှ သိရသည်။ “ကျွန်တော်တို့ ရွာမှာဒါပထမဆုံး မိချောင်းအဆွဲခံရတာပါ

တခါမှလဲမကြုံဘူးတော့ အတတ်နိူင်ဆုံး ဆေးရုံရောက်အောင် အမြန် အကူအညီပေးဆောင်ရွက်လိုက်ရပါတယ် ဒဏ်ရာကတော့အပြင်းသားကွဲသွားတာလဲအကြီးကြီး၊ အရိုးလဲကျိုးသွားတော့ ခွဲစိတ်ခန်းထပ်

ဝင်ရမယ်လို့သိရပါတယ်”ဟု ကျေးရွာအုပ်ချူပ်ရေးမှူး ဦးသိန်းဝင်းမှ မီဒီယာတစ်ခုသို့သို့ပြောသည်။ ယခုရာသီချိန်မှာ မိချောင်းများ အသိုက်ကိုက်သည့်ရာသီဖြစ်ပြီး မတ်လကုန်မှစတင်ကာ မိချောင်းအန္တရာယ်သတိပေး

လက်ကမ်းကြော်ညှာဝေငှခြင်း ရွာစဉ်လှည့်ကြော်ညာခြင်းများကို နှစ်စဉ်ဆောင်ရွက်လျက်ရှိပြီး ဂရမ်းကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာတွင် မိချောင်းအန္တရာယ်သတိပေးဆိုင်းဘုတ် ဆိုက်ထူထားပေးကြောင်း ၎င်းကဆက်လက်

ပြောဆိုသည်။ ဘိုကလေးမြို့နယ်၌ ၂၀၂၀ ခုနှစ်တွင် မိချောင်းအကိုက်ခံရမူမှာ ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန၊ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော

အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်အောင်ထံမှသိရသည်။ မိချောင်းအဆွဲခံရ၍ ဆေးရုံတက်ရောက်ဆေးကုသနေရသည့် အသက် ၉ နှစ်အရွယ် မယမင်းသူအတွက် သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန

မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမူး ဦးသန့်ဇင်အောင်နှင့် ဝန်ထမ်းများမှ ထောက်ပံ့ငွေကျပ် ၅၀၀၀၀ အားဆေးရုံသို့သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။ ခရက်ဒစ်