အိႏၵိယနယ္စပ္မွာရွိတဲ့ တပ္ဖြဲ႕ေတြကို ေလ့က်င့္ေပးဖို႔ တ႐ုတ္ႏိုင္ငံက သိုင္းဆရာအေယာက္ ၂၀ ေစလႊတ္ခဲ့

အိႏၵိယနယ္စပ္မွာရွိတဲ့ တပ္ဖြဲ႕ေတြကို ေလ့က်င့္ေပးဖို႔အတြက္ တ႐ုတ္ႏိုင္ငံက သိုင္းဆရာအေယာက္ ၂၀ ကို တိဗက္ကုန္းျမင့္ေဒသဆီ ေစလႊတ္ခဲ့တယ္လို႔ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။

နယ္စပ္တပ္ဖြဲ႕ေတြကို သိုင္းဆရာေတြနဲ႔ ေလ့က်င့္ခိုင္းရတဲ့ တရားဝင္အေၾကာင္းရင္းကိုေတာ့ တ႐ုတ္အစိုးရက မထုတ္ျပန္ေသးပါဘူး။ ပိုင္ဆိုင္မႈ အျငင္းပြားေနတဲ့ ဟိမဝႏၲာနယ္စပ္မွာ တ႐ုတ္နယ္ျခားေစာင့္တပ္ဖြဲ႕ေတြနဲ႔ အိႏၵိယစစ္သည္ေတြ တိုက္ပြဲျဖစ္ပြားခဲ့လို႔

အနည္းဆုံး အိႏၵိယစစ္သည္အေယာက္ ၂၀ ေသဆုံးခဲ့ၿပီးေနာက္မွာ အခုလို သတင္းထြက္လာခဲ့တာပါ။ ၁၉၉၆ ခုႏွစ္က ခ်ဳပ္ဆိုခဲ့တဲ့ သေဘာတူစာခ်ဳပ္အရ တ႐ုတ္နဲ႔အိႏၵိယတပ္ဖြဲ႕ေတြက အဲဒီေဒသမွာ ေသနတ္ႏွင့္ ေဖာက္ခြဲေရးပစၥည္းေတြ သယ္ေဆာင္အသုံးျပဳခြင့္မရွိပါဘူး။

ဇြန္လ ၁၅ ရက္က ဂယ္ဝမ္ေတာင္ၾကားတိုက္ပြဲမွာ တ႐ုတ္စစ္သည္ေတြက သံေခ်ာင္း႐ိုက္သြင္းထားတဲ့ သံတုတ္ေတြ အသုံးျပဳခဲ့တယ္ဆိုတဲ့ ဓာတ္ပုံေတြထြက္ေပၚလာခဲ့ပါတယ္။ အဲဒီတိုက္ပြဲမွာ တ႐ုတ္စစ္သည္ ဘယ္ေလာက္က်ဆုံးခဲ့သည္ဆိုတာကို

တ႐ုတ္ႏိုင္ငံက ထုတ္ျပန္ခဲ့ျခင္းမရွိပါဘူး။ အန္ဘိုတိုက္ခိုက္ေရးအားကစားကလပ္ရဲ႕ သိုင္းဆရာအေယာက္ ၂၀ က တိဗက္ေဒသၿမိဳ႕ေတာ္ လာဆာၿမိဳ႕မွာ အေျခခ်ေနထိုင္မယ္လို႔ CCTV သတင္းဌာနမွာ ေဖာ္ျပထားပါတယ္။

ဒါေပမဲ့ တ႐ုတ္နယ္ျခားေစာင့္တပ္ဖြဲ႕ေတြကို ေလ့က်င့္ေပးမွာ ဟုတ္၊ မဟုတ္ဆိုတာကိုေတာ့ အတည္ျပဳခဲ့ျခင္းမရွိပါဘူး။ ခရက္ဒစ္

ယူနီကုဒ္ျဖင့္ ဖတ္ရန္

အိန္ဒိယနယ်စပ်မှာရှိတဲ့ တပ်ဖွဲ့တွေကို လေ့ကျင့်ပေးဖို့အတွက် တရုတ်နိုင်ငံက သိုင်းဆရာအယောက် ၂၀ ကို တိဗက်ကုန်းမြင့်ဒေသဆီ စေလွှတ်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

နယ်စပ်တပ်ဖွဲ့တွေကို သိုင်းဆရာတွေနဲ့ လေ့ကျင့်ခိုင်းရတဲ့ တရားဝင်အကြောင်းရင်းကိုတော့ တရုတ်အစိုးရက မထုတ်ပြန်သေးပါဘူး။ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ဟိမဝန္တာနယ်စပ်မှာ တရုတ်နယ်ခြားစောင့်တပ်ဖွဲ့တွေနဲ့ အိန္ဒိယစစ်သည်တွေ တိုက်ပွဲဖြစ်ပွားခဲ့လို့

အနည်းဆုံး အိန္ဒိယစစ်သည်အယောက် ၂၀ သေဆုံးခဲ့ပြီးနောက်မှာ အခုလို သတင်းထွက်လာခဲ့တာပါ။ ၁၉၉၆ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ သဘောတူစာချုပ်အရ တရုတ်နဲ့အိန္ဒိယတပ်ဖွဲ့တွေက အဲဒီဒေသမှာ သေနတ်နှင့် ဖောက်ခွဲရေးပစ္စည်းတွေ သယ်ဆောင်အသုံးပြုခွင့်မရှိပါဘူး။

ဇွန်လ ၁၅ ရက်က ဂယ်ဝမ်တောင်ကြားတိုက်ပွဲမှာ တရုတ်စစ်သည်တွေက သံချောင်းရိုက်သွင်းထားတဲ့ သံတုတ်တွေ အသုံးပြုခဲ့တယ်ဆိုတဲ့ ဓာတ်ပုံတွေထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ တရုတ်စစ်သည် ဘယ်လောက်ကျဆုံးခဲ့သည်ဆိုတာကို

တရုတ်နိုင်ငံက ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။ အန်ဘိုတိုက်ခိုက်ရေးအားကစားကလပ်ရဲ့ သိုင်းဆရာအယောက် ၂၀ က တိဗက်ဒေသမြို့တော် လာဆာမြို့မှာ အခြေချနေထိုင်မယ်လို့ CCTV သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ တရုတ်နယ်ခြားစောင့်တပ်ဖွဲ့တွေကို လေ့ကျင့်ပေးမှာ ဟုတ်၊ မဟုတ်ဆိုတာကိုတော့ အတည်ပြုခဲ့ခြင်းမရှိပါဘူး။ ခရက်ဒစ်