၂၆ႏွစ္လုံးလုံး အိမ္ထဲကေန အိမ္ျပင္မထြက္ဖို့ မိခင္ျဖစ္သူရဲ့ပိတ္ပင္ျခင္းခံခဲ့ရတဲ့အမ်ိဳးသမီး

ထိုအမ်ိဳးသမီးရဲ့ အေမျဖစ္သူ Tatyana Bushueva ရဲ့ ေဖာ္ျပခ်က္အရ “သူမကိုကမၻာႀကီးေပၚကေနကယ္တင္ဖို့ ဒီလိုလုပ္ခဲ့တာျဖစ္တယ္လို့ဆိုပါတယ္။ သမီးျဖစ္သူ Nadezhda Bushueva သည္

အခုခ်ိန္မွာေတာ့ အသက္ ၄၂ႏွစ္ရွိၿပီျဖစ္ကာ အေမျဖစ္သူ ေဆး႐ုံတင္ရမယ့္ အေျခအေနေၾကာင့္ အိမ္ကေန ပထမဦးဆုံးအႀကိမ္ထြက္လာခဲ့တာျဖစ္ၿပီး ေဆး႐ုံဆိုတာ ဘာလဲဆိုတာေတာင္ သူမမသိခဲ့ပါဘူး။

ထိုသားအမိႏွစ္ဦးဟာ အိမ္ထဲမွာ ေၾကာင္မ်ားစြာနဲ႔ အတူေနထိုင္ခဲ့ၾကတာျဖစ္ၿပီး ေရနဲ႔ လၽွပ္စစ္မီးေတြမရရွိခဲ့တာေၾကာင့္ သူမတို့ႏွစ္ဦးဟာ ၂၀၀၆ ခုႏွစ္မွစကာ ေရခ်ိဳးသန႔္စင္တာမ်ိဳးေတြ မလုပ္ခဲ့ရဘူးလို႔

ဆိုပါတယ္။ ဒါအျပင္ကို ၂၆ႏွစ္လုံးလုံး ဆံပင္ညႇပ္ျခင္း မရွိတာေၾကာင့္ သူမရဲ့ ဆံပင္ေတြဟာ ရွည္လ်ားလုံးေထြးေနၿပီး ကယ္ဆယ္ေရးအဖြဲ႕နဲ႔ေတြ႕မွ ညႇပ္ခဲ့ရပါတယ္။ ထိတ္လန႔္တုန္လွုပ္ဖြယ္

ေကာင္းလွတဲ့ ထိုအျဖစ္အပ်က္ကေတာ့ ႐ုရွားနိုင္ငံအေနာက္ပိုင္း Nizhny Novgorod ေဒသရွိ Vachsky ခရိုင္၊ Arefinsky ရြာတြင္ျဖစ္ပြားခဲ့တာပဲ ျဖစ္ပါတယ္။ Nadezdha ရဲ့ ရွင္းျပခ်က္အရ

သူမနဲ႔ သူမရဲ့ အေမဟာ အိပ္ယာတစ္ခုထဲအတူတူအိပ္ကာေနထိုင္ၾကတာျဖစ္ၿပီး အိမ္တစ္ခုလုံးမွာလည္း ႂကြက္ေသေၾကာင္ေသေတြနဲ႔ ျပည့္ေနကာ ထိုတိရစၧာန္ရဲ့ အေလာင္းေတြကိုလည္း

ဖယ္ရွားျခင္းမျပဳဘူးလို့ သိရပါတယ္။ ဆက္လက္ၿပီး သူမက”ကၽြန္မရဲ့ ဘဝဟာ ေၾကာင္ေတြရဲ့ ဘဝထက္ကို အမ်ားႀကီးဆိုးပါတယ္။ ေၾကာင္ေတြမွာ အျပင္ထြက္ဖို့အခြင့္အေရးအမ်ားႀကီး ရွိေပမယ့္

ကၽြန္မကေတာ့ လုံးဝမရွိခဲ့ပါဘူး၊ ကၽြန္မဘဝဟာ အသက္ရွင္ေနေပမယ့္ ေသေနရသလိုပါဘဲ။ “လို့ဆိုပါတယ္။ အေမျဖစ္သူ Tatyana မွာ အၿငိမ္းစားယူၿပီးေနာက္ သူမနဲ႔ သမီးျဖစ္သူ Nadezdha ဟာ

ဆိတ္ညိမ္တိတ္ဆိတ္လွတဲ့ ဘဝပုံစံနဲ႔ ေနထိုင္ခဲ့ၾကၿပီး လူမွုအဖြဲ႕အစည္းနဲ႔ အျခားသူမ်ားရဲ႕ အကူအညီေတြကိုလည္း ျငင္းပယ္ခဲ့ပါတယ္။ Tatyana ဟာ အစပိုင္းမွာေတာ့ သမီးျဖစ္သူအား အသက္၁၆ႏွစ္

အရြယ္အထိ အိမ္အျပင္ထြက္ခြင့္ျပဳခဲ့ေသာ္လည္း အသက္ ၁၆ႏွစ္မွစကာ အိမ္မွ ထြက္ခြာခြင့္မျပဳေတာ့ဘဲ ပိတ္ပင္တားဆီးခဲ့ပါတယ္။ သတင္းရင္းျမစ္ေတြရဲ့ ေဖာ္ျပခ်က္အရ သူမဟာ သမီးျဖစ္သူအား

ပညာကိုလည္း ဆက္သင္ခြင့္ မျပဳေတာ့သလို အလုပ္လည္း လုပ္ခြင့္မေပးဘူးလို့ဆိုပါတယ္။ အေမျဖစ္သူေဆး႐ုံတက္ရတဲ့ အခ်ိန္မွာသာ သူမဟာ ေဒသဆိုင္ရာ ေကာင္စီ ေခါင္းေဆာင္ Tovarnov ဆိုသူနဲ႔

စကားေျပာဆိုခြင့္ရခဲ့ၿပီး သူမရဲ့ အျဖစ္အပ်က္ေတြအား ေရွာ့ခ္ရသြားခဲ့ရပါတယ္။ သူမဟာအခုခ်ိန္မွာ ဘဝအတြက္ ေျပာင္းလဲမွုေတြ မ်ားစြာျပဳလုပ္ရမွာကိုေၾကာက္ရြံ႔ေနၿပီး ကမၻာႀကီးက ဘယ္လိုအေျခအေနေတြ

ရွိေနတာကို နားမလည္နိုင္မွာ စိုးရိမ္ေနပါတယ္။ ျပင္ပကမၻာကို ေၾကာက္ရြံေနတာေၾကာင့္ အေမျဖစ္သူ တတ္ေရာက္ေနတဲ့ ေဆး႐ုံအားသူမကိုမသြားရန္ တားျမစ္ခဲ့ရပါတယ္။ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

ထိုအမျိုးသမီးရဲ့ အမေဖြစ်သူ Tatyana Bushueva ရဲ့ ဖော်ပြချက်အရ “သူမကိုကမ္ဘာကြီးပေါ်ကနေကယ်တင်ဖို့ ဒီလိုလုပ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ သမီးဖြစ်သူ Nadezhda Bushueva သည်

အခုချိန်မှာတော့ အသက် ၄၂နှစ်ရှိပြီဖြစ်ကာ အမေဖြစ်သူ ဆေးရုံတင်ရမယ့် အခြေအနေကြောင့် အိမ်ကနေ ပထမဦးဆုံးအကြိမ်ထွက်လာခဲ့တာဖြစ်ပြီး ဆေးရုံဆိုတာ ဘာလဲဆိုတာတောင် သူမမသိခဲ့ပါဘူး။

ထိုသားအမိနှစ်ဦးဟာ အိမ်ထဲမှာ ကြောင်များစွာနဲ့ အတူနေထိုင်ခဲ့ကြတာဖြစ်ပြီး ရေနဲ့ လျှပ်စစ်မီးတွေမရရှိခဲ့တာကြောင့် သူမတို့နှစ်ဦးဟာ ၂၀၀၆ ခုနှစ်မှစကာ ရေချိုးသန့်စင်တာမျိုးတွေ မလုပ်ခဲ့ရဘူးလို့

ဆိုပါတယ်။ ဒါအပြင်ကို ၂၆နှစ်လုံးလုံး ဆံပင်ညှပ်ခြင်း မရှိတာကြောင့် သူမရဲ့ ဆံပင်တွေဟာ ရှည်လျားလုံးထွေးနေပြီး ကယ်ဆယ်ရေးအဖွဲ့နဲ့တွေ့မှ ညှပ်ခဲ့ရပါတယ်။ ထိတ်လန့်တုန်လှုပ်ဖွယ်

ကောင်းလှတဲ့ ထိုအဖြစ်အပျက်ကတော့ ရုရှားနိုင်ငံအနောက်ပိုင်း Nizhny Novgorod ဒေသရှိ Vachsky ခရိုင်၊ Arefinsky ရွာတွင်ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။ Nadezdha ရဲ့ ရှင်းပြချက်အရ

သူမနဲ့ သူမရဲ့ အမေဟာ အိပ်ယာတစ်ခုထဲအတူတူအိပ်ကာနေထိုင်ကြတာဖြစ်ပြီး အိမ်တစ်ခုလုံးမှာလည်း ကြွက်သေကြောင်သေတွေနဲ့ ပြည့်နေကာ ထိုတိရစ္ဆာန်ရဲ့ အလောင်းတွေကိုလည်း

ဖယ်ရှားခြင်းမပြုဘူးလို့ သိရပါတယ်။ ဆက်လက်ပြီး သူမက”ကျွန်မရဲ့ ဘဝဟာ ကြောင်တွေရဲ့ ဘဝထက်ကို အများကြီးဆိုးပါတယ်။ ကြောင်တွေမှာ အပြင်ထွက်ဖို့အခွင့်အရေးအများကြီး ရှိပေမယ့်

ကျွန်မကတော့ လုံးဝမရှိခဲ့ပါဘူး၊ ကျွန်မဘဝဟာ အသက်ရှင်နေပေမယ့် သေနေရသလိုပါဘဲ။ “လို့ဆိုပါတယ်။ အမေဖြစ်သူ Tatyana မှာ အငြိမ်းစားယူပြီးနောက် သူမနဲ့ သမီးဖြစ်သူ Nadezdha ဟာ

ဆိတ်ညိမ်တိတ်ဆိတ်လှတဲ့ ဘဝပုံစံနဲ့ နေထိုင်ခဲ့ကြပြီး လူမှုအဖွဲ့အစည်းနဲ့ အခြားသူများရဲ့ အကူအညီတွေကိုလည်း ငြင်းပယ်ခဲ့ပါတယ်။ Tatyana ဟာ အစပိုင်းမှာတော့ သမီးဖြစ်သူအား အသက်၁၆နှစ်

အရွယ်အထိ အိမ်အပြင်ထွက်ခွင့်ပြုခဲ့သော်လည်း အသက် ၁၆နှစ်မှစကာ အိမ်မှ ထွက်ခွာခွင့်မပြုတော့ဘဲ ပိတ်ပင်တားဆီးခဲ့ပါတယ်။ သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်အရ သူမဟာ သမီးဖြစ်သူအား

ပညာကိုလည်း ဆက်သင်ခွင့် မပြုတော့သလို အလုပ်လည်း လုပ်ခွင့်မပေးဘူးလို့ဆိုပါတယ်။ အမေဖြစ်သူဆေးရုံတက်ရတဲ့ အချိန်မှာသာ သူမဟာ ဒေသဆိုင်ရာ ကောင်စီ ခေါင်းဆောင် Tovarnov ဆိုသူနဲ့

စကားပြောဆိုခွင့်ရခဲ့ပြီး သူမရဲ့ အဖြစ်အပျက်တွေအား ရှော့ခ်ရသွားခဲ့ရပါတယ်။ သူမဟာအခုချိန်မှာ ဘဝအတွက် ပြောင်းလဲမှုတွေ များစွာပြုလုပ်ရမှာကိုကြောက်ရွံ့နေပြီး ကမ္ဘာကြီးက ဘယ်လိုအခြေအနေတွေ

ရှိနေတာကို နားမလည်နိုင်မှာ စိုးရိမ်နေပါတယ်။ ပြင်ပကမ္ဘာကို ကြောက်ရွံနေတာကြောင့် အမေဖြစ်သူ တတ်ရောက်နေတဲ့ ဆေးရုံအားသူမကိုမသွားရန် တားမြစ်ခဲ့ရပါတယ်။ ခရက်ဒစ်