တနသၤာရီတိုင္းအစိုးရအဖြဲ႕႐ုံးသစ္အား ေလးခြျဖင့္ပစ္မႈေၾကာင့္ ေထာင္တစ္ႏွစ္ခ်ခံရသူက ေထာင္ မွလြတ္လာၿပီး ဒုတိယအႀကိမ္ထပ္ပစ္

တနသၤာရီတိုင္း အစိုးရအဖြဲ႕႐ုံးသစ္ကို ေလးခြျဖင့္ ဒုတိယအႀကိမ္ အပစ္ခံရၿပီး က်ဴးလြန္သူအမ်ိဳးသားကို ရဲတပ္ဖြဲ႕က ဖမ္းဆီးထားသည္။ က်ဴးလြန္သူအမ်ိဳးသားမွာ ၂၀၁၈ ေအာက္တိုဘာ ၃ရက္က ယင္းအစိုးရအဖြဲ႕႐ုံးသစ္ ကို ေလး ခြျဖင့္ ပစ္ခတ္ခဲ့သူျဖစ္ၿပီး

အဆိုပါ ျပစ္မႈျဖင့္ပင္ ေထာင္ဒဏ္တစ္ႏွစ္ က်ခံထားရသူျဖစ္သည္။ ေထာင္မွ လြတ္လာၿပီး ေနာက္ ဇြန္လ ၂၇ ရက္ ည ၁၀ နာရီခန႔္ တြင္ ထပ္မံ က်ဴးလြန္ခဲ့ျခင္း ျဖစ္ေၾကာင္း တနသၤာရီတိုင္းရဲ တပ္ဖြဲ႕ေျပာေရးဆိုခြင့္ရွိသူူ ဒုတိ ယရဲမႉးႀကီးစိန္ဝင္းက ေျပာသည္။

‘‘သူက ေထာင္ကထြက္လာၿပီး ျပန္ပစ္တာ။ သူက နဂိုကတည္းက စိတ္မမွန္ဘူး’’ ဟု ၎ကဆိုသည္။ ထိုသို႔ ေလးခြျဖင့္ပစ္ခံရေသာ သုံးထပ္အစိုးရအဖြဲ႕႐ုံးသစ္ အေဆာက္အအုံသည္ ထားဝယ္ ၿမိဳ႕အာဇာနည္လမ္းမရွိ လက္ရွိ တိုင္းအစိုးရအဖြဲ႕႐ုံး ညာဘက္ျခမ္းတြင္ တည္ရွိသည္။

ပထမအႀကိမ္ ေလးခြျဖင့္ ပစ္ခံရမႈေၾကာင့္ အေဆာက္အအုံသစ္ရွိ မွန္ေျခာက္ခ်ပ္ခန႔္ ပ်က္စီးခဲ့သည္။ ဇြန္လ ၂၇ ရက္ညက ထပ္မံပစ္ခံရမႈေၾကာင့္ ယင္းအေဆာက္အအုံသစ္တြင္ မွန္သုံးခ်ပ္ခန႔္ပ်က္စီးေနသည္ကို ေတြ႕ရသည္။ ေလးခြျဖင့္ပစ္ခတ္သူကို ရဲတပ္ဖြဲ႕ႏွင့္ ၿမိဳ႕ခံျပည္သူမ်ား

ပူးေပါင္း၍ ဖမ္းဆီးခဲ့သည္ကို ဇြန္လ ၂၇ ရက္ ညက လူမႈကြန္ယက္ေပၚတြင္ ပ်ံ႕ႏွံ႔ခဲ့သည့္႐ုပ္သံဖိုင္တြင္ ျမင္ေတြ႕ရသည္။ လက္ရွိတြင္ က်ဴးလြန္သူအမ်ိဳးသားကို ေထာင္ဒဏ္ခုနစ္ႏွစ္အထိ ခ်မွတ္ခံရႏိုင္ေသာ ျပည္သူပိုင္ပစၥည္း ကာကြယ္ေရးအက္ဥ ပေဒပုဒ္မ ၆(၁)ျဖင့္

အမႈဖြင့္ဖမ္းဆီးထားသည္။ ေလးခြျဖင့္ ႏွစ္ႀကိမ္ေျမာက္ပစ္ခံရသည့္ တိုင္းအစိုးရအဖြဲ႕႐ုံး အေဆာက္အအုံသစ္ တည္ေဆာက္မႈေၾကာင့္ ႏွစ္ ၉၀ သက္တမ္းရွိ ကိုလိုနီေခတ္လက္ရာ လက္ရွိ တိုင္းအစိုးရအဖြဲ႕႐ုံးႀကီး၏ ႀကံ့ခိုင္မႈႏွင့္လုံၿခဳံေရးကို ထိခိုက္ေစႏိုင္သျဖင့္

အေဆာက္အအုံသစ္ တည္ေဆာက္မႈကို ဒီခ်ဳပ္ပါတီဝင္မ်ားအပါအဝင္ ထားဝယ္ၿမိဳ႕ခံ ၂၀၀ ေက်ာ္က ကန႔္ကြက္ေၾကာင္း ႏိုင္ငံေတာ္သမၼတထံ ၂၀၁၈ ဧၿပီလအတြင္းက လက္မွတ္ထိုးတင္ျပဖူးသည္။ သို႔ေသာ္ အဂတိအမႈျဖင့္ ေထာင္ဒဏ္ႏွစ္ ၃၀ ခ်မွတ္ခံရေသာ

ဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာလဲ့လဲ့ေမာ္ ဦးေဆာင္သည့္ တိုင္းအစိုးရအဖြဲ႕က ျပည္သူမ်ား၏ဆႏၵႏွင့္ ဆန႔္က်င္ကာ အဆိုပါ႐ုံးသစ္ကို ၿပီးစီးသည္အထိ ေဆာက္လုပ္ခဲ့သည္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

တနင်္သာရီတိုင်း အစိုးရအဖွဲ့ရုံးသစ်ကို လေးခွဖြင့် ဒုတိယအကြိမ် အပစ်ခံရပြီး ကျူးလွန်သူအမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။ ကျူးလွန်သူအမျိုးသားမှာ ၂၀၁၈ အောက်တိုဘာ ၃ရက်က ယင်းအစိုးရအဖွဲ့ရုံးသစ် ကို လေး ခွဖြင့် ပစ်ခတ်ခဲ့သူဖြစ်ပြီး

အဆိုပါ ပြစ်မှုဖြင့်ပင် ထောင်ဒဏ်တစ်နှစ် ကျခံထားရသူဖြစ်သည်။ ထောင်မှ လွတ်လာပြီး နောက် ဇွန်လ ၂၇ ရက် ည ၁၀ နာရီခန့် တွင် ထပ်မံ ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း တနင်္သာရီတိုင်းရဲ တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူူ ဒုတိ ယရဲမှူးကြီးစိန်ဝင်းက ပြောသည်။

‘‘သူက ထောင်ကထွက်လာပြီး ပြန်ပစ်တာ။ သူက နဂိုကတည်းက စိတ်မမှန်ဘူး’’ ဟု ၎င်းကဆိုသည်။ ထိုသို့ လေးခွဖြင့်ပစ်ခံရသော သုံးထပ်အစိုးရအဖွဲ့ရုံးသစ် အဆောက်အအုံသည် ထားဝယ် မြို့အာဇာနည်လမ်းမရှိ လက်ရှိ တိုင်းအစိုးရအဖွဲ့ရုံး ညာဘက်ခြမ်းတွင် တည်ရှိသည်။

ပထမအကြိမ် လေးခွဖြင့် ပစ်ခံရမှုကြောင့် အဆောက်အအုံသစ်ရှိ မှန်ခြောက်ချပ်ခန့် ပျက်စီးခဲ့သည်။ ဇွန်လ ၂၇ ရက်ညက ထပ်မံပစ်ခံရမှုကြောင့် ယင်းအဆောက်အအုံသစ်တွင် မှန်သုံးချပ်ခန့်ပျက်စီးနေသည်ကို တွေ့ရသည်။ လေးခွဖြင့်ပစ်ခတ်သူကို ရဲတပ်ဖွဲ့နှင့် မြို့ခံပြည်သူများ

ပူးပေါင်း၍ ဖမ်းဆီးခဲ့သည်ကို ဇွန်လ ၂၇ ရက် ညက လူမှုကွန်ယက်ပေါ်တွင် ပျံ့နှံ့ခဲ့သည့်ရုပ်သံဖိုင်တွင် မြင်တွေ့ရသည်။ လက်ရှိတွင် ကျူးလွန်သူအမျိုးသားကို ထောင်ဒဏ်ခုနစ်နှစ်အထိ ချမှတ်ခံရနိုင်သော ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးအက်ဥ ပဒေပုဒ်မ ၆(၁)ဖြင့်

အမှုဖွင့်ဖမ်းဆီးထားသည်။ လေးခွဖြင့် နှစ်ကြိမ်မြောက်ပစ်ခံရသည့် တိုင်းအစိုးရအဖွဲ့ရုံး အဆောက်အအုံသစ် တည်ဆောက်မှုကြောင့် နှစ် ၉၀ သက်တမ်းရှိ ကိုလိုနီခေတ်လက်ရာ လက်ရှိ တိုင်းအစိုးရအဖွဲ့ရုံးကြီး၏ ကြံ့ခိုင်မှုနှင့်လုံခြုံရေးကို ထိခိုက်စေနိုင်သဖြင့်

အဆောက်အအုံသစ် တည်ဆောက်မှုကို ဒီချုပ်ပါတီဝင်များအပါအဝင် ထားဝယ်မြို့ခံ ၂၀၀ ကျော်က ကန့်ကွက်ကြောင်း နိုင်ငံတော်သမ္မတထံ ၂၀၁၈ ဧပြီလအတွင်းက လက်မှတ်ထိုးတင်ပြဖူးသည်။ သို့သော် အဂတိအမှုဖြင့် ထောင်ဒဏ်နှစ် ၃၀ ချမှတ်ခံရသော

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် ဦးဆောင်သည့် တိုင်းအစိုးရအဖွဲ့က ပြည်သူများ၏ဆန္ဒနှင့် ဆန့်ကျင်ကာ အဆိုပါရုံးသစ်ကို ပြီးစီးသည်အထိ ဆောက်လုပ်ခဲ့သည်။