ယာဥ္ (၇)စီးပါ သစ္ေမွာင္ခိုယာဥ္တန္း ဖမ္းမိျပီးမွ တရားခံအားလုံး ထြက္ေျပးလြတ္ေျမာက္သြား. .

ကနီ၊ ေအာက္တိုဘာ ၈ – ဌာနဆိုင္ရာမ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ မုံ႐ြာ-ယာႀကီး-ကေလးဝကားလမ္း တြင္ ယာဥ္ ၇ စီးပါ သစ္ေမွာင္ခိုယာဥ္တန္း ဖမ္းဆီးရမိခဲ့၍ ထြက္မေျပးသြားေစရန္ ေသနတ္ပစ္ေဖာက္ေျခာက္လွန႔္ဟန႔္တားခဲ့ေသာ္လည္း သစ္ေမွာင္ခိုယာဥ္တစ္စီးႏွင့္ တရားခံမ်ားအားလုံး ထြက္ေျပးလြတ္ေျမာက္သြားသည့္ျဖစ္စဥ္ျဖစ္ပြားခဲ့ေၾကာင္းသိရိွရသည္။

အဆိုပါ ျဖစ္စဥ္သည္ ေအာက္တိုဘာ ၆ ရက္ေန႔က မုံ႐ြာ-ယာႀကီး-ကေလးဝကားလမ္း၊ မိုင္တိုင္အမွတ္(၅၄)၊ ေဒသအေခၚ ေက်ာက္ေတာင္ေကြ႕လမ္းေဘးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သစ္ေတာဦးစီးဌာနမွသိရိွရသည္။

အေလာင္းေတာ္ကႆပအမ်ိဳးသားဥယ်ာဥ္၊ အုပ္ခ်ဳပ္ေရးမႉးဦးေဆာင္ေသာ ဥယ်ာဥ္ ဝန္ထမ္းမ်ား၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ မုံ႐ြာခ႐ိုင္၊ ကနီၿမိဳ႕နယ္ သစ္ေတာဦးစီးဌာနမွ ဦးစီးအရာရွိႏွင့္ သစ္ေတာဝန္ထမ္းမ်ား၊

ခ႐ိုင္စစ္ေၾကာင္းအဖြဲ႕မွ သစ္ေတာဝန္ထမ္းမ်ား၊သစ္ေတာလုံၿခဳံေရးရဲတပ္ဖြဲ႕ဝင္မ်ား၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္ မ်ား၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ဝန္ထမ္းမ်ားပါဝင္ေသာပူးေပါင္းအဖြဲ႕သည္

တရားမဝင္သစ္ႏွင့္ သစ္ေတာထြက္ပစၥည္းမ်ား ခိုးထုတ္သယ္ယူမႈကို ေစာင့္ၾကည့္ႏိုင္သည့္ Cellular Trailcam တပ္ဆင္ထားမႈ အေျခအေနအား ပိုမိုေကာင္းမြန္ေသာ ေနရာသို႔ ေျပာင္းေ႐ႊ႕တပ္ဆင္ႏိုင္ေရး ေနရာေ႐ြးခ်ယ္ရန္သြားေရာက္စဥ္. .

မုံ႐ြာ-ယာႀကီး-ကေလးဝကားလမ္း၊ မိုင္တိုင္အမွတ္(၅၄)၊ ေဒသအေခၚ ေက်ာက္ေတာင္ေကြ႕လမ္းေဘးအေရာက္တြင္ အဆိုပါ သစ္ေမွာင္ခိုယာဥ္မ်ားကိုေတြ႕ရွိခဲ့ရျခင္းျဖစ္ေၾကာင္း သစ္ေတာဦးစီးဌာနမွသိရသည္။

လမ္းေဘးတြင္ ရပ္တန႔္ထားေသာ အဆိုပါ ယာဥ္ (၇) စီးေတြ႕ရွိရသျဖင့္ စစ္ေဆး ေဆာင္႐ြက္စဥ္ ေမာ္ေတာ္ယာဥ္(၁)စီးမွာ ေမာင္းႏွင္ထြက္ေျပးသြားခဲ့ေၾကာင္း သစ္ေတာဦးစီးဌာနကဆိုသည္။

ယင္းအတြက္ က်န္ေမာ္ေတာ္ယာဥ္(၆)စီးႏွင့္ လူမ်ားအားထြက္ေျပးႏိုင္မႈမရွိေစရန္ ေသနတ္ပစ္ေဖာက္ေျခာက္လွန႔္ဟန႔္တားေသာ္လည္း လူအားလုံး ထြက္ေျပး လြတ္ေျမာက္သြားခဲ့ေၾကာင္း သစ္ေတာဦးစီးဌာနက ဆိုသည္။

ယင္းအတြက္ က်န္ရွိခဲ့ေသာ ေမာ္ေတာ္ယာဥ္မ်ားကို စစ္ေဆးၾကည့္ရာ တရားမဝင္ပိေတာက္ခြဲသား စုစုေပါင္း(၅၀)ေခ်ာင္း (၆.၀၅၀၈) တန္အား ဖမ္းဆီးရမိခဲ့ေၾကာင္းသိရသည္။

ဖမ္းဆီးရမိသည့္ တရားမဝင္ပိေတာက္ခြဲသားမ်ားအား ကနီၿမိဳ႕နယ္၊ သစ္ေတာဦးစီးဌာနသို႔ လႊဲေျပာင္းအပ္ႏွံခဲ့ၿပီး ေမာ္ေတာ္ယာဥ္ (၆) စီးကို ကနီၿမိဳ႕မရဲစခန္းသို႔ အပ္ႏွံခဲ့ကာ တရာခံမ်ားေဖာ္ထုတ္ဖမ္းဆီးႏိုင္ေရးေဆာင္႐ြက္လ်က္ရွိေၾကာင္း သစ္ေတာဦးစီးဌာနက ဆိုထားသည္။သတင္းတမန္

(Unicodeျဖင့္ ဖတ္ရန္)

ယာဉ် (၇)စီးပါ သစ်မှောင်ခိုယာဉ်တန်း ဖမ်းမိပြီးမှ တရားခံအားလုံး ထွက်ပြေးလွတ်မြောက်သွား. .

ကနီ၊ အောက်တိုဘာ ၈ – ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည် မုံရွာ-ယာကြီး-ကလေးဝကားလမ်း တွင် ယာဉ် ၇ စီးပါ သစ်မှောင်ခိုယာဉ်တန်း ဖမ်းဆီးရမိခဲ့၍ ထွက်မပြေးသွားစေရန် သေနတ်ပစ်ဖောက်ခြောက်လှန့်ဟန့်တားခဲ့သော်လည်း သစ်မှောင်ခိုယာဉ်တစ်စီးနှင့် တရားခံများအားလုံး ထွက်ပြေးလွတ်မြောက်သွားသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။

အဆိုပါ ဖြစ်စဉ်သည် အောက်တိုဘာ ၆ ရက်နေ့က မုံရွာ-ယာကြီး-ကလေးဝကားလမ်း၊ မိုင်တိုင်အမှတ်(၅၄)၊ ဒေသအခေါ် ကျောက်တောင်ကွေ့လမ်းဘေးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သစ်တောဦးစီးဌာနမှသိရှိရသည်။

အလောင်းတော်ကဿပအမျိုးသားဥယျာဉ်၊ အုပ်ချုပ်ရေးမှူးဦးဆောင်သော ဥယျာဉ် ဝန်ထမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ကနီမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် သစ်တောဝန်ထမ်းများ၊

ခရိုင်စစ်ကြောင်းအဖွဲ့မှ သစ်တောဝန်ထမ်းများ၊သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သောပူးပေါင်းအဖွဲ့သည်

တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ခိုးထုတ်သယ်ယူမှုကို စောင့်ကြည့်နိုင်သည့် Cellular Trailcam တပ်ဆင်ထားမှု အခြေအနေအား ပိုမိုကောင်းမွန်သော နေရာသို့ ပြောင်းရွှေ့တပ်ဆင်နိုင်ရေး နေရာရွေးချယ်ရန်သွားရောက်စဉ်. .

မုံရွာ-ယာကြီး-ကလေးဝကားလမ်း၊ မိုင်တိုင်အမှတ်(၅၄)၊ ဒေသအခေါ် ကျောက်တောင်ကွေ့လမ်းဘေးအရောက်တွင် အဆိုပါ သစ်မှောင်ခိုယာဉ်များကိုတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သစ်တောဦးစီးဌာနမှသိရသည်။

လမ်းဘေးတွင် ရပ်တန့်ထားသော အဆိုပါ ယာဉ် (၇) စီးတွေ့ရှိရသဖြင့် စစ်ဆေး ဆောင်ရွက်စဉ် မော်တော်ယာဉ်(၁)စီးမှာ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သစ်တောဦးစီးဌာနကဆိုသည်။

ယင်းအတွက် ကျန်မော်တော်ယာဉ်(၆)စီးနှင့် လူများအားထွက်ပြေးနိုင်မှုမရှိစေရန် သေနတ်ပစ်ဖောက်ခြောက်လှန့်ဟန့်တားသော်လည်း လူအားလုံး ထွက်ပြေး လွတ်မြောက်သွားခဲ့ကြောင်း သစ်တောဦးစီးဌာနက ဆိုသည်။

ယင်းအတွက် ကျန်ရှိခဲ့သော မော်တော်ယာဉ်များကို စစ်ဆေးကြည့်ရာ တရားမဝင်ပိတောက်ခွဲသား စုစုပေါင်း(၅၀)ချောင်း (၆.၀၅၀၈) တန်အား ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ဖမ်းဆီးရမိသည့် တရားမဝင်ပိတောက်ခွဲသားများအား ကနီမြို့နယ်၊ သစ်တောဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံခဲ့ပြီး မော်တော်ယာဉ် (၆) စီးကို ကနီမြို့မရဲစခန်းသို့ အပ်နှံခဲ့ကာ တရာခံများဖော်ထုတ်ဖမ်းဆီးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနက ဆိုထားသည်။သတင်းတမန်