ကပ္ေရာဂါ ျဖစ္လာနိုင္တဲ့ တုပ္ေကြးေရာဂါသစ္ကို တ႐ုတ္နိုင္ငံမွာ ေတြ႕ရွိ

ကပ္ေရာဂါျဖစ္လာနိုင္တဲ့ တုပ္ေကြးေရာဂါသစ္တစ္မ်ိဳးကို တ႐ုတ္နိုင္ငံမွာ ေတြ႕ရွိခဲ့ပါတယ္။ မၾကာေသးခင္က ေပၚေပါက္လာခဲ့တဲ့ အဲဒီတုပ္ေကြးေရာဂါသစ္ကို ဝက္ေတြမွာေတြ႕ရၿပီး လူေတြကိုလည္း ကူးစက္နိုင္တယ္လို့ သိပၸံပညာရွင္ေတြက ေျပာပါတယ္။

တုပ္ေကြးေရာဂါသစ္က မ်ိဳးဗီဇေျပာင္းလဲမွုျဖစ္ၿပီး လူတစ္ေယာက္နဲ႔ တစ္ေယာက္ အလြယ္တကူ ကူးစက္သြားရင္ ကမၻာတစ္ဝန္း ပ်ံ႕ႏွံ့သြားမွာကို သုေတသီေတြက စိုးရိမ္ေနၾကပါတယ္။ ဒါဟာ အခုခ်က္ခ်င္း ရင္ဆိုင္ရမယ့္ ျပႆနာမဟုတ္ေသးေပမဲ့

တုပ္ေကြးေရာဂါသစ္က လူေတြကို ကူးစက္နိုင္ေစမယ့္ မ်ိဳးဗီဇအျဖစ္ အသြင္ကူးေျပာင္းဖို့ လိုအပ္ခ်က္အားလုံး ရွိေနတယ္လို့ ဆိုပါတယ္။အဲဒီတုပ္ေကြးေရာဂါက မ်ိဳးကြဲသစ္ျဖစ္လို့ လူေတြအေနနဲ႔ ဗိုင္းရပ္စ္ကူးစက္ခံရမွုကေန ကင္းလြတ္ဖို့ မရွိသေလာက္ နည္းပါတယ္။ ဝက္ေတြၾကားမွာ ဗိုင္းရပ္စ္ကူးစက္မွုကို ထိန္းခ်ဳပ္ဖို့နဲ႔

ဝက္သတ္႐ုံမွာ အလုပ္လုပ္တဲ့ အလုပ္သမားအားလုံးကို အနီးကပ္ေစာင့္ၾကည့္နိုင္ဖို့အတြက္ စည္းမ်ဥ္းေတြကို အျမန္ဆုံးျပ႒ာန္းသင့္တယ္လို့ သိပၸံပညာရွင္ေတြက Proceedings of the National Academy of Sciences စာေစာင္မွာ ေရးသားေဖာ္ျပခဲ့ပါတယ္။

တုပ္ေကြးေရာဂါသစ္ဟာ က်န္းမာေရးပညာရွင္ေတြ ေစာင့္ၾကည့္ေနၾကတဲ့ အဆိုးရြားဆုံး ေရာဂါၿခိမ္းေျခာက္မွုေတြထဲမွာ တစ္ခုအပါအဝင္ ျဖစ္ပါတယ္။ သုေတသီေတြကေတာ့ ဒီဗိုင္းရပ္စ္ကို G4 EA H1N1 လို့ ေခၚပါတယ္။

ဒီဗိုင္းရပ္စ္ဟာ လူသားေတြရဲ့ အသက္ရွူလမ္းေၾကာင္းတစ္ေလၽွာက္မွာရွိတဲ့ ဆဲလ္ေတြအတြင္း ႀကီးထြား ပြားမ်ားလာနိုင္ပါတယ္။ တ႐ုတ္နိုင္ငံရဲ့ သားသတ္႐ုံေတြနဲ႔ ဝက္သတ္႐ုံေတြမွာ အလုပ္လုပ္ေနသူေတြ ေရာဂါကူးစက္ခံရတဲ့ အေထာက္အထားေတြကို သိပ္မၾကာခင္က ေတြ႕ရွိခဲ့ပါတယ္။

ကမၻာေပၚမွာ အခုေနာက္ဆုံး တုပ္ေကြးကပ္ေရာဂါ ျဖစ္ခဲ့တာကေတာ့ ၂၀၀၉ ခုႏွစ္က မကၠဆီကိုနိုင္ငံမွာ စတင္ခဲ့တဲ့ ဝက္တုပ္ေကြးေရာဂါျဖစ္ပါတယ္။ ဝက္တုပ္ေကြးေရာဂါဟာ ဟိုးအရင္ႏွစ္ေတြတုန္းက ကူးစက္ပ်ံ႕ႏွံ့ခဲ့တဲ့ တျခားတုပ္ေကြးဗိုင္းရပ္စ္ေတြနဲ႔ ခပ္ဆင္ဆင္တူဖြယ္ရွိလို့

သက္ႀကီးရြယ္အို ေတာ္ေတာ္မ်ားမ်ားဟာ ေရာဂါကူးစက္ခံရမယ့္ေဘးကေန ကင္းလြတ္ခဲ့ပါတယ္။ အဲဒီအတြက္ ဝက္တုပ္ေကြးေရာဂါဟာ ကနဦးစိုးရိမ္ထားတာထက္ ေသဆုံးမွုနည္းပါးခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ ႏွစ္စဥ္တုပ္ေကြးေရာဂါကာကြယ္ေဆးထိုးရင္ H1N1 ဗိုင္းရပ္စ္ကို ကာကြယ္ေပးနိုင္ပါၿပီ။ခရက္ဒစ္

ယူနီကုဒ္ျဖင့္ ဖတ္ရန္

ကပ်ရောဂါဖြစ်လာနိုင်တဲ့ တုပ်ကွေးရောဂါသစ်တစ်မျိုးကို တရုတ်နိုင်ငံမှာ တွေ့ရှိခဲ့ပါတယ်။ မကြာသေးခင်က ပေါ်ပေါက်လာခဲ့တဲ့ အဲဒီတုပ်ကွေးရောဂါသစ်ကို ဝက်တွေမှာတွေ့ရပြီး လူတွေကိုလည်း ကူးစက်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

တုပ်ကွေးရောဂါသစ်က မျိုးဗီဇပြောင်းလဲမှုဖြစ်ပြီး လူတစ်ယောက်နဲ့ တစ်ယောက် အလွယ်တကူ ကူးစက်သွားရင် ကမ္ဘာတစ်ဝန်း ပျံ့နှံ့သွားမှာကို သုတေသီတွေက စိုးရိမ်နေကြပါတယ်။ ဒါဟာ အခုချက်ချင်း ရင်ဆိုင်ရမယ့် ပြဿနာမဟုတ်သေးပေမဲ့

တုပ်ကွေးရောဂါသစ်က လူတွေကို ကူးစက်နိုင်စေမယ့် မျိုးဗီဇအဖြစ် အသွင်ကူးပြောင်းဖို့ လိုအပ်ချက်အားလုံး ရှိနေတယ်လို့ ဆိုပါတယ်။အဲဒီတုပ်ကွေးရောဂါက မျိုးကွဲသစ်ဖြစ်လို့ လူတွေအနေနဲ့ ဗိုင်းရပ်စ်ကူးစက်ခံရမှုကနေ ကင်းလွတ်ဖို့ မရှိသလောက် နည်းပါတယ်။ ဝက်တွေကြားမှာ ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ဖို့နဲ့

ဝက်သတ်ရုံမှာ အလုပ်လုပ်တဲ့ အလုပ်သမားအားလုံးကို အနီးကပ်စောင့်ကြည့်နိုင်ဖို့အတွက် စည်းမျဉ်းတွေကို အမြန်ဆုံးပြဋ္ဌာန်းသင့်တယ်လို့ သိပ္ပံပညာရှင်တွေက Proceedings of the National Academy of Sciences စာစောင်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

တုပ်ကွေးရောဂါသစ်ဟာ ကျန်းမာရေးပညာရှင်တွေ စောင့်ကြည့်နေကြတဲ့ အဆိုးရွားဆုံး ရောဂါခြိမ်းခြောက်မှုတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ သုတေသီတွေကတော့ ဒီဗိုင်းရပ်စ်ကို G4 EA H1N1 လို့ ခေါ်ပါတယ်။

ဒီဗိုင်းရပ်စ်ဟာ လူသားတွေရဲ့ အသက်ရှူလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ ဆဲလ်တွေအတွင်း ကြီးထွား ပွားများလာနိုင်ပါတယ်။ တရုတ်နိုင်ငံရဲ့ သားသတ်ရုံတွေနဲ့ ဝက်သတ်ရုံတွေမှာ အလုပ်လုပ်နေသူတွေ ရောဂါကူးစက်ခံရတဲ့ အထောက်အထားတွေကို သိပ်မကြာခင်က တွေ့ရှိခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ အခုနောက်ဆုံး တုပ်ကွေးကပ်ရောဂါ ဖြစ်ခဲ့တာကတော့ ၂၀၀၉ ခုနှစ်က မက္ကဆီကိုနိုင်ငံမှာ စတင်ခဲ့တဲ့ ဝက်တုပ်ကွေးရောဂါဖြစ်ပါတယ်။ ဝက်တုပ်ကွေးရောဂါဟာ ဟိုးအရင်နှစ်တွေတုန်းက ကူးစက်ပျံ့နှံ့ခဲ့တဲ့ တခြားတုပ်ကွေးဗိုင်းရပ်စ်တွေနဲ့ ခပ်ဆင်ဆင်တူဖွယ်ရှိလို့

သက်ကြီးရွယ်အို တော်တော်များများဟာ ရောဂါကူးစက်ခံရမယ့်ဘေးကနေ ကင်းလွတ်ခဲ့ပါတယ်။ အဲဒီအတွက် ဝက်တုပ်ကွေးရောဂါဟာ ကနဦးစိုးရိမ်ထားတာထက် သေဆုံးမှုနည်းပါးခဲ့ပါတယ်။ အခုချိန်မှာတော့ နှစ်စဉ်တုပ်ကွေးရောဂါကာကွယ်ဆေးထိုးရင် H1N1 ဗိုင်းရပ်စ်ကို ကာကွယ်ပေးနိုင်ပါပြီ။ခရက်ဒစ်