တစ်ယောက်အကြောင်းတစ်ယောက် ဖော်ကောင်လုပ်မယ့် နှင်းဆီအဖွဲ့သားတွေရဲ့ အစီအစဉ်လေးကို စိတ်ဝင်စားရင်စောင့်ကြည့်ဖို့ပြောလာတဲ့ နေတိုး







ယူနီကုဒ်ဖြင့်ဖတ်ရန်

မင်းသားချောနေတိုးကတော့ သရုပ်ဆောင်ကောင်းသလို၊ သီချင်းဆို၊ ပန်းချီဆွဲ စတဲ့အနုပညာတွေမှာလည်း ထူးချွန်သူတစ်ယောက် ဖြစ်ပါတယ်။ နေတိုးက နှင်းဆီအငြိမ့်အဖွဲ့မှာလည်း ပင်တိုင်လူရွှင်တော်တစ်ယောက်အဖြစ် ပါဝင်ခဲ့တာလည်း

ဆယ်စုနှစ်တစ်စုတောင်ရှိပြီပဲ ဖြစ်ပါတယ်။ နေတိုးကို အားပေးချစ်ခင်တဲ့ ပရိသတ်တိုင်းကတော့ နေတိုးရဲ့ လှုပ်ရှားမှုတိုင်းကို အားပေးစောင့်ကြည့်နေကြဆဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ နေတိုးက သူနဲ့ နှင်းဆီအဖွဲ့သားတွေရဲ့ တီဗီမှာထုတ်လွှင့်မယ့် အစီအစဉ်အသစ်ကလေးအကြောင်းကို ပြောလာပါတယ်။ တစ်ယောက်အကြောင်းတစ်ယောက်

ဖော်ကောင်လုပ်မယ့် နှင်းဆီအဖွဲ့သားတွေရဲ့ အစီအစဉ်လေးကို စိတ်ဝင်စားရင်စောင့်ကြည့်ဖို့ ပြောရင်း နေတိုးက အခုလိုပဲ ဗီဒီယိုကို မျှဝေပေးထားပါတယ်။

နေတိုးတို့ နှင်းဆီအဖွဲ့သားတွေရဲ့ အမှတ်တရအစီအစဉ်လေးကို Sky Net ရုပ်သံလိုင်းကနေ မကြာခင်အချိန်အတွင်း ထုတ်လွှင့်ပြသသွားမှာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးကလည်း နှင်းဆီအဖွဲ့သားတွေ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုဆေးထိုးထားမလဲဆိုတာ သိချင်ရင် ဆက်ဆက်စောင့်ကြည့်ဖို့ မမေ့ပါနဲ့နော်။