ဧရာဝတီတိုင္းမွာ ဝက္ဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔ေနၿပီး ေန႔စဥ္ ဝက္အမ်ားအျပား ေသဆုံးလ်က္ရွိ

ဧရာဝတီတိုင္းအတြင္းရွိ ပုသိမ္၊ ဓႏုျဖဴႏွင့္ဖ်ာပုံၿမိဳ႕နယ္တို႔တြင္ ဝက္အျပင္းဖ်ားေရာဂါျဖစ္ပြားေနၿပီး ဝက္ေသဆုံးမႈမ်ားေန၍ ဝက္သား ဝယ္ယူစားသုံးသူေလ်ာ့က်သြားတယ္လို႔ သိရပါတယ္။ ဝက္မ်ားမွာ အစာစားေနစဥ္လဲက်ေသဆုံးျခင္း၊ အခ်ိဳ႕မွာအိပ္ေနစဥ္ ေသသြားျခင္းမ်ား

ရွိေနေၾကာင္း၊ ဝက္ပိုင္ရွင္မ်ား မသိလိုက္ဘဲ ေသဆုံးသြားသည့္ ဝက္မ်ားအား အခ်ိန္မီမဖ်က္ဆီးႏိုင္ျခင္းမ်ားရွိေနေၾကာင္း၊ အာဖရိကဝက္အျပင္းဖ်ားေရာဂါျဖင့္ ေသဆုံးျခင္းျဖစ္ေၾကာင္း ဓႏုျဖဴၿမိဳ႕နယ္ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနမွ လက္ေထာက္ၫႊန္ၾကားေရးမႉး

ေဒါက္တာတင္ေမာင္လင္းက ေျပာပါတယ္။ “ေရာဂါမျဖစ္ခင္က ဝက္သားေဈးတစ္ပိႆာ က်ပ္ ၈၀ဝ၀ ေဈးေပါက္ပါတယ္။ အခုေတာ့ က်ပ္ ၂၀ဝ၀ ေဈးနဲ႔ေတာင္ ဝယ္ စားမယ့္သူမရွိေတာ့ပါဘူး။ ခုလိုေရာဂါေတြျဖစ္ေတာ့ စီးပြားျဖစ္ေမြးသူေတြေရာ၊ တစ္ႏိုင္တစ္ပိုင္ေမြးျမဴသူေရာ

ကိုဗစ္ေရာဂါေၾကာင့္ အလုပ္အကိုင္ အဆင္မေျပၾကရတဲ့အျပင္ အာဖရိက ဝက္အျပင္းဖ်ားေရာဂါေၾကာင့္ အခက္အခဲျဖစ္ၾကရပါတယ္” ဟု ဓႏုျဖဴၿမိဳ႕နယ္ ေတာႀကီးေက်း႐ြာမွ တစ္ႏိုင္တစ္ပိုင္ဝက္ေမြးသူ မန္းထြန္းေအးက ေျပာပါတယ္။ ဝက္မ်ား ကိုယ္ပူၿပီး

တစ္ၿခံလုံးေသျခင္း မဟုတ္ေသာ္လည္း အစုလိုက္တျဖဳတ္ျဖဳတ္ ေသေနျခင္းျဖစ္ေၾကာင္း၊ ေရာဂါျဖင့္ ေသျခင္းျဖစ္၍ စားသုံးသူေလ်ာ့က်လာျခင္းျဖစ္ေၾကာင္း ပုသိမ္ၿမိဳ႕ အမွတ္ ၇ ရပ္ကြက္ ဝက္သားသတ္႐ုံအနီးတြင္ ေနထိုင္သူမ်ားကလည္း ေျပာပါတယ္။ “ၫႊန္ၾကားခ်က္ေတြ

ထြက္ထားေပမယ့္လည္း အထူးသျဖင့္ ဝက္ကုန္သည္ပြဲစားေတြလိုက္နာျခင္းမရွိၾကပါဘူး။ ကူးစက္မႈကျမန္တယ္၊ ကာကြယ္ေဆးနဲ႔ကုသဖို႔အတြက္ ထိေရာက္တဲ့ေဆးမရွိေသးဘူး” ဟု ေဒါက္တာတင္ေမာင္လင္းက ထပ္မံေျပာၾကားပါတယ္။ ေသဆုံးေသာဝက္မ်ားတြင္

အေရျပားနီရဲျခင္း၊ ပန္းခရမ္းအျပာေရာင္ ေျပာင္း၍ေသဆုံးျခင္း၊ ဝက္မ်ားကို ဗိုက္ခြဲၾကည့္ရာတြင္ သရက္႐ြက္မွာ ပုံမွန္ထက္ငါးဆ ႀကီးထြားေနျခင္း၊ အဆုတ္အေရာင္မွာ ပုံမွန္အားျဖင့္ နီညိဳေရာင္ရွိေသာ္လည္း မည္းသြားျခင္းႏွင့္ ေၾကမြပ်က္စီးသြားျခင္း လကၡဏာမ်ားေတြ႕ရေၾကာင္း၊

ယင္းေရာဂါေၾကာင့္ ၂၀၁၈ ခုႏွစ္ ၾသဂုတ္လက တ႐ုတ္ႏိုင္ငံတြင္ ဝက္အေကာင္ေရ အမ်ားအျပားေသဆုံးခဲ့ဖူးၿပီး ျမန္မာႏိုင္ငံတြင္လည္း ၂၀၁၉ ခုႏွစ္ ဇြန္လကမႏၲေလးတိုင္းတြင္ ျဖစ္ပြားခဲ့ဖူးေၾကာင္း ဧရာဝတီတိုင္းေမြးျမဴေရးႏွင့္ကုသေရး ဦးစီးဌာနထံမွ သိရပါတယ္။

ယူနီကုဒ္ျဖင့္ဖတ္ရန္

ဧရာဝတီတိုင်းအတွင်းရှိ ပုသိမ်၊ ဓနုဖြူနှင့်ဖျာပုံမြို့နယ်တို့တွင် ဝက်အပြင်းဖျားရောဂါဖြစ်ပွားနေပြီး ဝက်သေဆုံးမှုများနေ၍ ဝက်သား ဝယ်ယူစားသုံးသူလျော့ကျသွားတယ်လို့ သိရပါတယ်။ ဝက်များမှာ အစာစားနေစဉ်လဲကျသေဆုံးခြင်း၊ အချို့မှာအိပ်နေစဉ် သေသွားခြင်းများ

ရှိနေကြောင်း၊ ဝက်ပိုင်ရှင်များ မသိလိုက်ဘဲ သေဆုံးသွားသည့် ဝက်များအား အချိန်မီမဖျက်ဆီးနိုင်ခြင်းများရှိနေကြောင်း၊ အာဖရိကဝက်အပြင်းဖျားရောဂါဖြင့် သေဆုံးခြင်းဖြစ်ကြောင်း ဓနုဖြူမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး

ဒေါက်တာတင်မောင်လင်းက ပြောပါတယ်။ “ရောဂါမဖြစ်ခင်က ဝက်သားဈေးတစ်ပိဿာ ကျပ် ၈၀ဝ၀ ဈေးပေါက်ပါတယ်။ အခုတော့ ကျပ် ၂၀ဝ၀ ဈေးနဲ့တောင် ဝယ် စားမယ့်သူမရှိတော့ပါဘူး။ ခုလိုရောဂါတွေဖြစ်တော့ စီးပွားဖြစ်မွေးသူတွေရော၊ တစ်နိုင်တစ်ပိုင်မွေးမြူသူရော

ကိုဗစ်ရောဂါကြောင့် အလုပ်အကိုင် အဆင်မပြေကြရတဲ့အပြင် အာဖရိက ဝက်အပြင်းဖျားရောဂါကြောင့် အခက်အခဲဖြစ်ကြရပါတယ်” ဟု ဓနုဖြူမြို့နယ် တောကြီးကျေးရွာမှ တစ်နိုင်တစ်ပိုင်ဝက်မွေးသူ မန်းထွန်းအေးက ပြောပါတယ်။ ဝက်များ ကိုယ်ပူပြီး

တစ်ခြံလုံးသေခြင်း မဟုတ်သော်လည်း အစုလိုက်တဖြုတ်ဖြုတ် သေနေခြင်းဖြစ်ကြောင်း၊ ရောဂါဖြင့် သေခြင်းဖြစ်၍ စားသုံးသူလျော့ကျလာခြင်းဖြစ်ကြောင်း ပုသိမ်မြို့ အမှတ် ၇ ရပ်ကွက် ဝက်သားသတ်ရုံအနီးတွင် နေထိုင်သူများကလည်း ပြောပါတယ်။ “ညွှန်ကြားချက်တွေ

ထွက်ထားပေမယ့်လည်း အထူးသဖြင့် ဝက်ကုန်သည်ပွဲစားတွေလိုက်နာခြင်းမရှိကြပါဘူး။ ကူးစက်မှုကမြန်တယ်၊ ကာကွယ်ဆေးနဲ့ကုသဖို့အတွက် ထိရောက်တဲ့ဆေးမရှိသေးဘူး” ဟု ဒေါက်တာတင်မောင်လင်းက ထပ်မံပြောကြားပါတယ်။ သေဆုံးသောဝက်များတွင်

အရေပြားနီရဲခြင်း၊ ပန်းခရမ်းအပြာရောင် ပြောင်း၍သေဆုံးခြင်း၊ ဝက်များကို ဗိုက်ခွဲကြည့်ရာတွင် သရက်ရွက်မှာ ပုံမှန်ထက်ငါးဆ ကြီးထွားနေခြင်း၊ အဆုတ်အရောင်မှာ ပုံမှန်အားဖြင့် နီညိုရောင်ရှိသော်လည်း မည်းသွားခြင်းနှင့် ကြေမွပျက်စီးသွားခြင်း လက္ခဏာများတွေ့ရကြောင်း၊

ယင်းရောဂါကြောင့် ၂၀၁၈ ခုနှစ် သြဂုတ်လက တရုတ်နိုင်ငံတွင် ဝက်အကောင်ရေ အများအပြားသေဆုံးခဲ့ဖူးပြီး မြန်မာနိုင်ငံတွင်လည်း ၂၀၁၉ ခုနှစ် ဇွန်လကမန္တလေးတိုင်းတွင် ဖြစ်ပွားခဲ့ဖူးကြောင်း ဧရာဝတီတိုင်းမွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနထံမှ သိရပါတယ်။