ေငြစကၠူ ပိုက္ဆံ…ပထမဆုံး စတင္တီထြင္သုံးစြဲ ျဖစ္ေပါ္လာမႈ သမိုင္းေျကာင္း. . .

ပရိသတ္ႀကီးေရ….ဒီတစ္ခါမွာေတာ့ ပထမဦးဆုံး ေငြစကၠဴထုတ္လုပ္ခဲ့ပုံ အေၾကာင္းကို ဗဟုသုတျဖစ္ဖြယ္တင္ဆက္ေပးမွာပါ…။

ယေန႔ေခတ္ ကမာၻေပၚတြင္ ေငြေၾကးသုံးစြဲမႈ စနစ္ တစ္ခုခုကို မက်င့္သုံးေသာ ႏိုင္ငံဟူ၍ မရွိပါဘူးေနာ္…။ ျပည္သူမ်ား အခ်င္းခ်င္း ျဖစ္ေစ၊ ႏိုင္ငံမ်ား အခ်င္းခ်င္း ျဖစ္ေစ ေငြေၾကးသုံးစြဲမႈ စနစ္ တစ္ခုခုကို သုံးစြဲကာ ပစၥည္းမ်ား ဖလွယ္ၾကရပါတယ္…။

စီးပြားေရးလုပ္ငန္းမ်ား၊ ကုန္သြယ္ေရးလုပ္ငန္းမ်ား လုပ္ေဆာင္ရာတြင္လည္း ေငြစကၠဴသုံးစြဲမႈသည္ အလြန္အေရးပါေသာ က႑တစ္ခုအျဖစ္သို႔ ေရာက္ရွိလာပါတယ္…။

သမိုင္းေခတ္ဦးမွာ….လူတို႔သည္ မိမိတို႔ အလိုရွိေသာ အရာတစ္ခုခုကို ရရွိႏိုင္ရန္ မိမိတို႔ တြင္ရွိေသာ ပစၥည္း တစ္ခုခုျဖင့္ လဲလွယ္ခဲ့ၾကရတာကို အားလုံးပဲ သိရွိၿပီးၿပီျဖစ္မွာပါ…။

ယဥ္ေက်းမႈ ထြန္းကားလာခ်ိန္မွာေတာ့ လူမ်ား အခ်င္းခ်င္း မိမိတို႔ အလိုရွိေသာ ပစၥည္းမ်ားကို အျပန္အလွန္ လဲလွယ္ ၾကတဲ့အခါမွာ အဆင္ေျပမႈ ရွိေစရန္ ၾကားခံ ပစၥည္း တစ္ခုခုကို တန္ဖိုးသတ္မွတ္ၿပီး သုံးစြဲၾကရာမွ ေငြေၾကးစနစ္ ေပၚထြန္းလာခဲ့တာျဖစ္ပါတယ္…။

ေငြေၾကး သုံးစြဲမႈ တြင္ စကၠဴ ပိုက္ဆံမ်ား မေပၚေပါက္မီ ဦးစြာေပၚထြန္းခဲ့ေသာ ေငြေၾကးသည္ ဒဂၤါးျပားပဲျဖစ္ပါတယ္…။ သမိုင္း တစ္ေလ်ာက္တြင္ ဒဂၤါးမ်ားကို ေ႐ႊ၊ေငြ၊ေၾကး စေသာ တန္ဖိုး ႀကီးသည့္ သတၳဳမ်ား အျပင္ ခဲ၊ သံ စသည့္ တန္ဖိုးနိမ့္ သတၳဳ ပစၥည္းမ်ား ျဖင့္လည့္ ထုတ္လုပ္သုံးစြဲခဲ့ၾကပါတယ္…။

“ပထမဦးဆုံး စကၠဴပိုက္ဆံ”…… အထူးျပဳလုပ္ထားေသာ စကၠဴ႐ြက္ကို တန္ဖိုးတစ္ခု သတ္မွတ္ကာ အမ်ားလက္ခံသုံးစြဲၾကသည့္ စကၠဴေငြေၾကး “Paper Money”ကို တ႐ုတ္လူမ်ိဳးတို႔က ပထမဆုံး တီထြင္ခဲ့ၾကပါတယ္…။

တ႐ုတ္တို႔သည္ တန္မင္းဆက္ (ေအဒီ ၆၁၈ မွ ၉၀၇) တြင္ ေခါက္၍ သယ္ေဆာင္ႏိုင္သည့္ ေငြမ်ားကို စတင္အသုံးျပဳခဲ့ၾကပါတယ္…။ ထိုစဥ္က အမ်ားသုံးႏိုင္ရန္ ထုတ္ေဝခဲ့ေသာ ေငြေၾကးလက္မွတ္မ်ားကို ေငြ အျဖစ္သုံးစြဲသည့္ စနစ္ဆိုၿပီး စတင္ခဲ့တာျဖစ္ပါတယ္…။

တန္မင္းဆက္တြင္ ထိုစဥ္က ကိုင္ယြမ္ဟု ေခၚသည့္ ေလးေထာင့္အေပါက္မ်ားပါသည့္ ေၾကးျပားအဝိုင္းမ်ားကိုလည္း အမ်ားသုံး ပိုက္ဆံအျဖစ္ အသုံးျပဳခဲ့ၾကပါတယ္…။

တ႐ုတ္တို႔သည္ စကၠဴေငြေၾကးစနစ္ကို ႏွစ္ေပါင္း ၾကာရွည္စြာသုံးစြဲခဲ့ၾကၿပီး ဥေရာပတိုက္ တြင္ စကၠဴပိုက္ဆံကို ၁၇ ရာစု ေရာက္ မွ သုံးစြဲခဲ့ၾကပါတယ္…။ တကမာၻလုံး အတိုင္းအတာနဲ႔ ေျပာရမယ္ဆိုရင္ စကၠဴေငြေၾကးကို သုံးစြဲႏိုင္ရန္ ေနာက္ထပ္ တစ္ရာစုေက်ာ္၊ ႏွစ္ရာစုမွ် အခ်ိန္ယူခဲ့ရပါတယ္…။

တ႐ုတ္တို႔သည္ စကၠဴေငြေၾကးမ်ားကို ေငြတန္ဖိုးက်ဆင္းကာ ေငြေၾကးေဖာင္းပြမႈ အလြန္အမင္း ဆိုး႐ြားလာခဲ့သည့္ အခ်ိန္ အထိ ထုတ္ေဝခဲ့ကာ ၁၄၅၅ ခုႏွစ္တြင္ စကၠဴ ပိုက္ဆံ ထုတ္ေဝသုံးစြဲျခင္းကို လုံး၀ ရပ္ဆိုင္းခဲ့ပါတယ္…။

ထို႔ေနာက္ ႏွစ္ေပါင္း ရာႏွင့္ခ်ီကာ စကၠဴ ေငြေၾကးကို တ႐ုတ္တို႔ သုံးစြဲျခင္းမျပဳဘဲ ေနခဲ့ၾကပါေတာ့တယ္….။
source : ေမာင္သာ ေရွးေဟာင္းသုေတသန

(Unicodeျဖင့္ ဖတ္ရန္)

ပရိသတ်ကြီးရေ….ဒီတစ်ခါမှာတော့ ပထမဦးဆုံး ငွေစက္ကူထုတ်လုပ်ခဲ့ပုံ အကြောင်းကို ဗဟုသုတဖြစ်ဖွယ်တင်ဆက်ပေးမှာပါ…။

ယနေ့ခေတ် ကမ္ဘာပေါ်တွင် ငွေကြေးသုံးစွဲမှု စနစ် တစ်ခုခုကို မကျင့်သုံးသော နိုင်ငံဟူ၍ မရှိပါဘူးနော်…။ ပြည်သူများ အချင်းချင်း ဖြစ်စေ၊ နိုင်ငံများ အချင်းချင်း ဖြစ်စေ ငွေကြေးသုံးစွဲမှု စနစ် တစ်ခုခုကို သုံးစွဲကာ ပစ္စည်းများ ဖလှယ်ကြရပါတယ်…။

စီးပွားရေးလုပ်ငန်းများ၊ ကုန်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင်လည်း ငွေစက္ကူသုံးစွဲမှုသည် အလွန်အရေးပါသော ကဏ္ဍတစ်ခုအဖြစ်သို့ ရောက်ရှိလာပါတယ်…။

သမိုင်းခေတ်ဦးမှာ….လူတို့သည် မိမိတို့ အလိုရှိသော အရာတစ်ခုခုကို ရရှိနိုင်ရန် မိမိတို့ တွင်ရှိသော ပစ္စည်း တစ်ခုခုဖြင့် လဲလှယ်ခဲ့ကြရတာကို အားလုံးပဲ သိရှိပြီးပြီဖြစ်မှာပါ…။

ယဉ်ကျေးမှု ထွန်းကားလာချိန်မှာတော့ လူများ အချင်းချင်း မိမိတို့ အလိုရှိသော ပစ္စည်းများကို အပြန်အလှန် လဲလှယ် ကြတဲ့အခါမှာ အဆင်ပြေမှု ရှိစေရန် ကြားခံ ပစ္စည်း တစ်ခုခုကို တန်ဖိုးသတ်မှတ်ပြီး သုံးစွဲကြရာမှ ငွေကြေးစနစ် ပေါ်ထွန်းလာခဲ့တာဖြစ်ပါတယ်…။

ငွေကြေး သုံးစွဲမှု တွင် စက္ကူ ပိုက်ဆံများ မပေါ်ပေါက်မီ ဦးစွာပေါ်ထွန်းခဲ့သော ငွေကြေးသည် ဒင်္ဂါးပြားပဲဖြစ်ပါတယ်…။ သမိုင်း တစ်လျောက်တွင် ဒင်္ဂါးများကို ရွှေ၊ငွေ၊ကြေး စသော တန်ဖိုး ကြီးသည့် သတ္ထုများ အပြင် ခဲ၊ သံ စသည့် တန်ဖိုးနိမ့် သတ္ထု ပစ္စည်းများ ဖြင့်လည့် ထုတ်လုပ်သုံးစွဲခဲ့ကြပါတယ်…။

“ပထမဦးဆုံး စက္ကူပိုက်ဆံ”…… အထူးပြုလုပ်ထားသော စက္ကူရွက်ကို တန်ဖိုးတစ်ခု သတ်မှတ်ကာ အများလက်ခံသုံးစွဲကြသည့် စက္ကူငွေကြေး “Paper Money”ကို တရုတ်လူမျိုးတို့က ပထမဆုံး တီထွင်ခဲ့ကြပါတယ်…။

တရုတ်တို့သည် တန်မင်းဆက် (အေဒီ ၆၁၈ မှ ၉၀၇) တွင် ခေါက်၍ သယ်ဆောင်နိုင်သည့် ငွေများကို စတင်အသုံးပြုခဲ့ကြပါတယ်…။ ထိုစဉ်က အများသုံးနိုင်ရန် ထုတ်ဝေခဲ့သော ငွေကြေးလက်မှတ်များကို ငွေ အဖြစ်သုံးစွဲသည့် စနစ်ဆိုပြီး စတင်ခဲ့တာဖြစ်ပါတယ်…။

တန်မင်းဆက်တွင် ထိုစဉ်က ကိုင်ယွမ်ဟု ခေါ်သည့် လေးထောင့်အပေါက်များပါသည့် ကြေးပြားအဝိုင်းများကိုလည်း အများသုံး ပိုက်ဆံအဖြစ် အသုံးပြုခဲ့ကြပါတယ်…။

တရုတ်တို့သည် စက္ကူငွေကြေးစနစ်ကို နှစ်ပေါင်း ကြာရှည်စွာသုံးစွဲခဲ့ကြပြီး ဥရောပတိုက် တွင် စက္ကူပိုက်ဆံကို ၁၇ ရာစု ရောက် မှ သုံးစွဲခဲ့ကြပါတယ်…။ တကမ္ဘာလုံး အတိုင်းအတာနဲ့ ပြောရမယ်ဆိုရင် စက္ကူငွေကြေးကို သုံးစွဲနိုင်ရန် နောက်ထပ် တစ်ရာစုကျော်၊ နှစ်ရာစုမျှ အချိန်ယူခဲ့ရပါတယ်…။

တရုတ်တို့သည် စက္ကူငွေကြေးများကို ငွေတန်ဖိုးကျဆင်းကာ ငွေကြေးဖောင်းပွမှု အလွန်အမင်း ဆိုးရွားလာခဲ့သည့် အချိန် အထိ ထုတ်ဝေခဲ့ကာ ၁၄၅၅ ခုနှစ်တွင် စက္ကူ ပိုက်ဆံ ထုတ်ဝေသုံးစွဲခြင်းကို လုံး၀ ရပ်ဆိုင်းခဲ့ပါတယ်…။

ထို့နောက် နှစ်ပေါင်း ရာနှင့်ချီကာ စက္ကူ ငွေကြေးကို တရုတ်တို့ သုံးစွဲခြင်းမပြုဘဲ နေခဲ့ကြပါတော့တယ်….။
source : မောင်သာ ရှေးဟောင်းသုတေသန