နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပေးအပ်ချီးမြှင့်တဲ့ ဆုတံဆိပ်ကို လက်ဝယ်ပိုင်ဆိုင်ခဲ့ပြီဖြစ်တဲ့ ဒီဇိုင်နာမျိုးမင်းစိုး







ယူနီကုဒ်ဖြင့်ဖတ်ရန်

နာမည်ကြီး ဒီဇိုင်နာမျိုးမင်စိုးကတော့ အနုပညာ အသိုင်းအဝိုင်းနဲ့ မစိမ်းသူတစ်ယောက်ဖြစ်တာမို့ ပရိသတ်ကြီးအားလုံး သိပြီးသားဖြစ်မှာပါ။

ဒီဇိုင်နာမျိုးမင်းစိုးက ပြီးခဲ့တဲ့လအတွင်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ Mask ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး သူကိုယ်တိုင်ဖန်တီးထားတဲ့

ကြာချည် Mask နဲ့ ပြည်သူအနှစ်သက်ဆုံး ဒုတိယဆုကို ရရှိပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဒီဇိုင်နာမျိုးမင်းစိုးက ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပေးအပ်ချီးမြှင့်တဲ့ ဆုတံဆိပ်ကို လက်ဝယ်ပိုင်ဆိုင်ခဲ့ပြီဖြစ်ကြောင်း

ဝမ်းသာစွာနဲ့ မျှဝေထားပါတယ်။ ဒီဇိုင်နာမျိုးမင်းစိုးက “ဝမ်းသာပီတိဖြစ်ရသောအမှတ်တရနေ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ပေးအပ်ချီးမြင့်သော ပြည်သူအနှစ်သက်ဆုံး ဒုတိယဆု(mask ဆု)

လက်ဝယ်ရရှိသော နေ့တစ်နေ့၊ ကျွန်တော့်ဘဝရဲ့ အထင်ကရ မှတ်တိုင်များထဲမှ နေ့လေးတစ်နေ့” ဆိုပြီး ပီတိတွေနဲ့ မျှဝေထားတာပဲ ဖြစ်ပါတယ်။

ဒီဇိုင်နာမျိုးမင်းစိုးကတော့ တစ်နိုင်ငံလုံးမှာ ပြည်သူအနှစ်သက်ဆုံး ဒုတိယဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့တာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးပဲ တင်ရှိပါတယ်။