ဝမှ လှတာဆိုသူများ သတိထား ! အဝလွန်ခြင်း (သို့မဟုတ်) ကြောက်မက်တုန်လှုပ်ဖွယ်ရာ ဘေးအန္တရာယ် ကပ်ဆိုးကြီး. .
(Zawgyiဖြင့် ဖတ်ရန်)
၂၀၁၉ ခုနှစ် ကမ္ဘာ့လူဦးရေဟာ သန်းပေါင်း ၇၇၀၀ ရှိလာရာမှာ သန်း ၂၀၀၀ ကျော်ဟာ အ၀လွန်နေကြသူတွေလို့  စစ်တမ်းတွေအရ သိရပြီးဝလွန်းလို့ေ၇ာဂါစုံနဲ့  သေဆုံးနေ၇ာသူပေါင်း တနှစ်ကိုသုံးသန်းကျော် ၇ှိနေပါတယ်။
အ၀လွန်တဲ့ သူတိုင်း အဖြစ်များတဲ့ေ၇ာဂါတွေဟာ. .
Type 2 Diabetes ဆီချို , High Blood Pressure သွေးပေါင်ချိန်တက်, Heart Disease နှလုံးေ၇ာဂါ, Stroke လေဖြတ်, Cancer ကင်ဆာ. .
အကောင်းဆုံးကတော့ မိမိကိုယ် ပေါင်ချိန်တွေ တက်မလာအောင်သကြားများတဲ့  အစားအသောက်တွေလျှော့ စား အချို အဆီအဆိမ့် တွေ များများမစားမိအောင်သတိထားေ၇ှာင်ရမှာ ပါ။
(Unicodeဖြင့် ဖတ်ရန်)
ဝတဲ့သူတွေ သတိထား! ကားနဲ့ ရေတိမ်တိမ်လေးထဲမှာ ကျခဲ့ပေမယ့် လူက,ဝလွန်းလို့ မထွက်နိုင်ဖြစ်ကာ ရေတိမ်နစ်သေဆုံးခဲ့ရသူ..
ကမ္ဘောဒီယား နိုင်ငံ ကပေါင်းကျန် ပြည်နယ် က လွှတ်တော်အမတ် တစ်ဦး မောင်းလာတဲ့ကား ရေထဲထိုးကျတိမ်းမှောက်သွားခဲ့တာပါ။
သူဟာ အစားများပြီး အ၀ လွန်နေသူဖြစ်လို့ ရေနစ်နေတဲ့ ကားထဲက မထွက်နိုင် ဖြစ်ပြီး ရေတိမ်နစ် သေဆုံးခဲ့ရတာဖြစ်တယ်လို့ စုံစမ်းလေ့လာသူတွေက သုံးသပ်ပြောဆိုခဲ့ကြပါတယ်။
အဝလွန်ခြင်း (သို့မဟုတ်) ဝနေခြင်းဟာ ကြောက်မက်ခြောက်ခြားတုန်လှုပ်ဖွယ်ရာ ကပ်ဆိုးကြီးတစ်ခုလား ?
၂၀၁၉ ခုနှစ် ကမ္ဘာ့လူဦးရေဟာ သန်းပေါင်း ၇၇၀၀ ရှိလာရာမှာ သန်း ၂၀၀၀ ကျော်ဟာ အဝလွန်နေကြသူတွေလို့ စစ်တမ်းတွေအရ သိရပြီးဝလွန်းလို့ ရောဂါစုံနဲ့ သေဆုံးနေရာသူပေါင်း တနှစ်ကိုသုံးသန်းကျော် ၇ှိနေပါတယ်။
ဝင်ငွေကောင်းပြီး လူးတန်းစေ့နေနိုင်သူတွေဟာ ဘီယာနဲ့ အဆီအဆိမ့် တွေ အစားသောင်းကျန်း ပြီး ဝလွန်းတဲ့သူတွေဖြစ်လာပါတယ်။ ရောဂါများပြီး ဆေးရုံဆေးခန်းတွေကို ကုန်တိုက် ရှော့ပင်ထွက်နေသလို အမြဲ ပြနေကြ ရတဲ့ သူတွေဖြစ်လာကာ အသက်တိုပါတယ်။
ထိုင်းနိုင်ငံမှာ လူတွေတင်မက ဘုန်းကြီးတွေပါ အ၀ လွန်လာလို့ ကျောင်းတိုက်တွေမှာ ကျန်းမာရေး ပညာပေးနေရပါတယ်။ဝလာသူတိုင်းဟာ ဗိုက်ပူလာတာက အစာအိမ်တွင်းက အူတွေဖေါင်းပွပြီး ကြပ်လာတာပါ။
အူလမ်းကြောင်း တွေမှာ အဆီတွေပိတ်လာတာနဲ့သွေးလည်ပါတ်မှုစနစ်ကိုပါ ထိခိုက်ပြီး သွေးလေမူမမှန် ခေါင်းမူးတာ ခေါင်းကိုက်တာ အကြောတက်တာတွေ မကြာခဏ ဖြစ်လာပါလိမ့်မယ်။
အမေရိကန်နိုင်ငံမှာ နေထိုင်နေကြသူ သုံးဦးမှာ နှစ်ဦးဟာ အဝလွန်နေတဲ့သူများပါတယ်။ အမေရိကန်ရဲ့ ကျန်းမာရေး အာမခံစနစ်ကောင်းလို့ ပြည်တွင်းမှာသာမက ပြည်ပမှာ ရှိနေတဲ့ နိုင်ငံတွေရဲ့အထူးကုဆေးရုံတွေမှာ ကျန်းမာရေး အာမခံကဒ်ပြားသုံးပြီး ကုသခွင့် ရနေတော့ အေးဆေးပဲဆိုတဲ့ . . .
ဝလွန်းသူ သူငယ်ချင်းတစ်ယောက်ကတော့ ဆေးရုံဟာ သူ့ရဲ့မယားငယ်အိမ်လို ဖြစ်လို့ နေပါတော့တယ်။သူ့ကို သတိရလို့ ဖုန်းဆက်တိုင်း ဆေးရုံရောက်နေတယ် /ဆေးရုံတက်နေတာဆိုပြီး ပြန်ဖြေခေ့ရှိတာ ကိုယ်တွေ့ဖြစ်ပါတယ်။
အဝလွန်တဲ့ သူတိုင်း အဖြစ်များတဲ့ ရောဂါတွေဟာ. .
Type 2 Diabetes ဆီချို , High Blood Pressure သွေးပေါင်ချိန်တက်, Heart Disease နှလုံးရောဂါ, Stroke လေဖြတ်, Cancer ကင်ဆာ. .
Sleep Apnea အိပ်ပျော်နေချိန် အသက်ရူရပ်တန့်, Osteoarthritis အရိုးအဆစ်ရောင် ခြင်း လမ်းမလျှောက်နိုင်ဖြစ်။Fatty Liver Disease အသဲအဆီဖုံး, Kidney Disease ကျောက်ကပ်, Pregnancy Problemsကိုယ်ဝန်ဆောင်မိခင်များ မွေးရခက်ခဲ အသက်သေဆုံးရ စသည့်ရောဂါများ ဖြစ်ပွားမှု ပိုးများပါတယ်. . ။
အကောင်းဆုံးကတော့ မိမိကိုယ် ပေါင်ချိန်တွေ တက်မလာအောင်သကြားများတဲ့ အစားအသောက်တွေလျှော့ စား အချို အဆီအဆိမ့် တွေ များများမစားမိအောင်သတိထားရှောင်ရမှာ ပါ။
ကိုယ်တွင်းမှာ အဆီချပေးနိုင်တဲ့ အသီးအရွက်ဖျော်ရေကိုပုံမှန်သောက်ပေးရပါလိမ့်မယ်။ ဒါ့အပြင် မိမိကြိုက်နှစ်သက်တဲ့ အားကစားတစ်ခုကို ပုံမှန် လုပ်ပေးဘို့ လိုပါတယ်။
အကော င်းဆုံးက ငွေကုန်သက်သာတဲ့ လေကောင်းလေသန့်ရတဲ့ နေရာမှာ တနာရီခန့်လမ်းလျှောက်ပေးခြင်းဖြစ်ပါတယ်။စော