“ဒီဒီးတောင် သိကြားလုံးမှန်း မသိတာ…မူးယစ်ကအဖိုးကြီးတွေ မသိတာမဆန်းပါဘူး”ဆိုတဲ့ စန္ဒီမြင့်လွင်. . .

(Zawgyiဖြင့် ဖတ်ရန်)











(Unicodeဖြင့် ဖတ်ရန်)

နိုင်ငံကျော် အဆိုတော်မလေး စန္ဒီမြင့်လွင်ဟာ ဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ သူလေးပါ။ သူမက လူငယ်အဆိုတော်များစွာထဲမှာ အောင်မြင်မှုများစွာ ရရှိထားသူလေး ဆိုလည်း မမှားပါဘူး ။

သူမရဲ့ သီချင်းလေးတွေက လူငယ်ပရိသတ်တွေ ရဲ့ အကြိုက်ပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ စန္ဒီမြင့်လွင်က အဆိုတော် ဖြိုးပြည့်စုံနဲ့ ပတ်သက်ပြီး ပြောထားတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

၇.၁၀. ၂၀၁၉ ရက်နေ့မှာ အဆိုတော် ဖြိုးပြည့်စုံ အပါအဝင် အမျိုးသားသုံးဦးကို မူးယစ်တပ်ဖွဲ့က တရားလိုပြု တိုင်တန်းမှုကြောင့်ဗဟန်းရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားခြင်းခံထားရတာပဲ ဖြစ်ပါတယ်။

အဆိုတော် ဖြိုးပြည့်စုံကို ဆေးပြားများဖြင့်တွေ့ရှိတယ်ဆိုတဲ့သတင်းအပေါ် ဖြိုးပြည့်စုံက သူ့လက်ထဲမှာ ရှိတဲ့ ဆေးပြားတွေက မူးယစ်ဆေးဝါးများ မဟုတ်ကြောင်းငြင်းဆိုခဲ့ပါတယ်..

ဖြိုးပြည့်စုံ ဖမ်းဆီးခံထားရတာနဲ့ ပတ်သက်ပြီး ” ကိုဖြိုး က အဲ့လို လူစားမျိုးလုံးဝမဟုတ်ဘူး အလုပ်တွေလည်း အတူတွဲလုပ်ဖူးတယ် သူကအရမ်းယဉ်ကျေးပြီး နူးညံ့တဲ့သူ ဆရာဝန်လည်း ဖြစ်တယ်လေ သူကလုံးဝလုပ်မှာမဟုတ်ဘူး ”

“ဒီမှာက မရဘူး မမြင်ဖူးတဲ့ဟာကို သူတို့က ဆေးလုံးလို့ထင်တာပေါ့နော်….ဒီးဒီတို့တောင် မသိဘူးဆိုတော့ သူတို့ လူကြီးတွေ အဖိုးကြီးတွေက ဘယ်လိုလုပ်သိမလဲ….စိတ်ထဲမှာတော့ မတရားဘူးလို့ပဲ ထင်တယ်.”လို့ ဖြိုးပြည့်စုံ မူးယစ်အမှုနဲ့ ထိန်းသိမ်းခံရတဲ့အပေါ် သူမရဲ့ အမြင်တွေ ပြောပြသွားတာပဲ ဖြစ်ပါတယ်။

သူမကတော့ လုံးဝပြန်ထွက်လာမယ်လို့ယုံကြည်တယ် သူ.က အဲ့လိုဖြစ်ဖို့ ကံမပါတာ ထွက်ကိုထွက်လာမယ်လို့ပြောသွားပါတယ်. . ။ ယခုအခါမှာတော့ စန္ဒီမြင့်လွင် ပြောခဲ့သလိုပါပဲ. .ပရိသတ်တွေ မျှော်လင့်ထားသလို ဖြိုးပြည့်စုံနဲ့ သူငယ်ချင်း ၂ဦး ပြန်လွတ်လာကြောင်း သတင်းများထွက်ပေါ်လာနေပါပြီ.။

ဖြိုးပြည့်စုံနဲ့ ဗဟန်းမြို့ရဲစခန်းတွင် တရားစွဲဆိုထားသော တေးသံရှင် ဖြိုးပြည့်စုံပါ ၃ ဦးအား ဓာတုဗေဒဝန်ရုံးမှ ပြန်ကြားချက်အရ မူးယစ်ဆေးဝါး မဟုတ်ခြင်းအရလည်းကောင်း . .

ဥပဒေမှ တရားစွဲဆိုရန် မသင့်ကြောင်း အကြံပြုချက်အရလည်းကောင်း ယနေ့ ညနေ ၃ နာရီ မိနစ် ၃၀ အချိန်က ကျင့် ၁၆၉ အရ အချုပ်မှ လွှတ်လိုက်ပြီ ဖြစ်ကြောင်း သတင်းများထွက်ပေါ်လာပါပြီနော်။

အတည်ပြုသတင်းများနှင့် နောက်ဆက်တွဲပြောကြားချက်များကို အချိန်နဲ့တပြေးညီ တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း ။