(Zawgyiဖြင့် ဖတ်ရန်)
(Unicodeဖြင့် ဖတ်ရန်)
ဖြိုးပြည့်စုံတို့အမှုမှာ. .အရက်သေစာ သောက်စားထားပြီး ရိုက်နှက်ဖမ်းဆီးမှု ပြုခဲ့တဲ့သူကို အရေးယူပေးဖို့ တောင်းဆိုလိုက်တဲ့. . ဦးအောင်ရင်…
ဖြိုးပြည့်စုံတို့ (၃) ယောက်က အသာတကြည် အဖမ်းခံသော်လည်း ရိုက်နှက်ဖမ်းတဲ့သူကို အရေးယူပေးဖို့ တောင်းဆိုလိုက်တဲ့ ဦးအောင်ရင်. .။
လတ်တလော အနုပညာလောကသာမက မြန်မာတစ်နိုင်ငံလုံးမှ ပရိသတ်တွေ ကြားမှာ နာမည်ကြီးသွားတဲ့ အဆိုတော် ဖြိုးပြည့်စုံ နဲ့ ၂ဦး မူးယစ်ဆေး တွေ့ရှိမှုဆိုပြီး ဖမ်းဆီခံခဲ့ရတဲ့ သတင်းကို ပရိသတ်တွေ အားလုံးအသိပဲ ဖြစ်ပါတယ်။
အဆိုတော် ဖြိုးပြည့်စုံ ဘန်ကောက်မှဝယ်လာတဲ့ ပူရှိန်းသကြားလုံးဘူးကို မူးယစ်ဆေးလို့ ယူဆပြီး ဖြိုးပြည့်စုံနဲ့ သူငယ်ချင်း နှစ်ဦးကို မြန်မာပလာဇာ မှာ မှားယွင်းဖမ်းဆီခံခဲ့ရတာပဲ ဖြစ်ပါတယ်။
ဖမ်းဆီတဲ့အခါမှာလည်း လူအများရှေ့မှာ နားရင်းနဲ့ခေါင်းကို ရိုက်နှက်ပြီး ဖမ်းဆီခဲ့တာပါ။ ၉.၁၀.၂၀၁၉ မှာတော့ အဆိုတော်ဖြိုးပြည့်စုံ တို့ သုံးဦး ကို အပြစ်မရှိတာကြောင့် လွတ်ငြိမ်းပေးလိုက်တာပါ။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အဆိုတော်ဖြိုးပြည့်စုံတို့ ၃ဦးအတွက် အနုပညာရှင်တွေနဲ့ ပရိသတ်များစွာကပါ မခံမရပ်နိုင်အောင် ဖြစ်ခဲ့ကြပြီး ယခုလိုဖြစ်ခဲ့ရခြင်းဟာ မတရားသဖြင့် ပြုမူခြင်းလို့လည်း ပြောဆိုနေကြတာကို တွေ့မြင်ရပါတယ်. . ။
၎င်းအပြင် ရိုက်နှက်ပုတ်ခတ် ဖမ်းဆီးသူဟာ အရက်သေစာ သောက်စားထားကြောင်း သိရပြီး. . ဖြိုးပြည့်စုံတို့က မူးယစ်ဆေးဝါး မဟုတ်ကြောင်း သကြားလုံးသာ ဖြစ်တယ်ဟု ရှင်းလင်းပြောကြား၍ အေးအေးဆေးဆေး အဖမ်းခံခဲ့ပေမယ့် ထိုသူက ကြိမ်းမောင်းပြောဆိုခြင်းများလည်း ရှိခဲ့တဲ့လို့ သိရှိရပါတယ်။
ယခုဖြစ်စဉ်အတွက် နိုင်ငံကျော် အဆိုတော်ကြီးတစ်ဦးဖြစ်သူ ဦးအောင်ရင် က “အပြစ်မရှိတဲ့ ဖြိုးပြည့်စုံတို့ ၃ ယောက်ကို မူးရစ်ရမ်းကား ရိုက်နှက်ဖမ်းတဲ့ကောင်တွေ အရေးယူပေးဖို့တောင်းဆိုပါတယ်. .
တာဝန်ချိန်မှာ အရက်နံ့ တထောင်းထောင်းနဲ့လူကြားထဲမှာ အခွင့်မရှိ ရိုက်ဖမ်းပြီး သူ့ကိုမှတ်ထားပြောသေးတယ်ဆိုတော့ သိပ်လွန်သွားပြီ ။ဒီ လူမဆန်တဲ့ကောင်တွေကိုပြင်းထန်စွာအရေးယူပေးပါ. .
ဒီလိုကောင်တွေ ရဲတပ်ဖွဲ့ထဲရှိနေရင် ပြည်သူတွေအတွက်အန္တရာယ်ကြီးပါတယ် ရဲတပ်ဖွဲ့လည်း သိက္ခာကျပါတယ် 😡” ဆိုပြီး မတရားသဖြင့် လုပ်ရပ်အတွက် မခံမရပ်နိုင်ဖြစ်ကာ အရေးယူပေးဖို့ တောင်းဆို ပြောကြားလာတာပဲ ဖြစ်ပါတယ်။
ထို့အပြင် ဥပဒေနားလည် လေ့လာသူတချို့မှလည်း သတင်းပေးချက်အရဆိုရင်တောင်မှ တစ်စုံတစ်ဦးအား မသင်္ကာမှုဖြင့် ခေါ်ယူစစ်ဆေးခွင့်ရှိသည် မှန်သော်လည်း. .ခုခံတိုက်ခိုက်ခြင်း မရှိဘဲ အသာတကြည် အဖမ်းခံယူကို ယခုလို တရားလက်လွတ် ရိုက်နှက် ကြိမ်းမောင်း ဆက်ဆံပြုမူခြင်း ပြုလုပ်ခွင့် မရှိကြောင်း ပြောဆိုနေကြတာကို တွေ့မြင်ရပါတယ်။
၇.၁၀. ၂၀၁၉ ရက်နေ့မှာ အဆိုတော် ဖြိုးပြည့်စုံ အပါအဝင် အမျိုးသားသုံးဦးကို မူးယစ်တပ်ဖွဲ့က တရားလိုပြု တိုင်တန်းမှုကြောင့်ဗဟန်းရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားခြင်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။
ဖမ်းဆီတဲ့ အချိန်တုန်းကလည်း လူအများရှေ့မှောက်မှာ ရိုက်နှက်ပြီး ဖမ်းဆီခဲ့တာပဲ ဖြစ်ပါတယ်။ ဖြိုးပြည့်စုံက သူ့လက်ထဲမှာ ရှိတဲ့ ဆေးပြားတွေက မူးယစ်ဆေးဝါးများမဟုတ်ကြောင်းငြင်းဆိုခဲ့ဲပီး ခုအချိန်မှာတော့ အပြစ်မှ လွတ်မြောက်ခဲ့ပြီပဲ ဖြစ်ပါတယ်။
ဦးအောင်ရင်က မတရားခံခဲ့ရတဲ့ အဆိုတော်ဖြိုးပြည့်စုံနဲ့ သူငယ်ချင်း တို့အတွက် သူတို့ကို မတရားအနိုင်ကျင့်တဲ့သူတွေကို အရေးယူဖို့ပြောထားတာပဲ ဖြစ်ပါတယ်။
အဆိုတော်ဖြိုးပြည့်စုံ တို့ သုံးယောက်အတွက် ခံပြင်းနေတဲ့ အဆိုတော် ဦးအောင်ရင်နဲ့ အနုပညာရှင်အချို့ရယ်. .ခံပြင်းနေကြတဲ့ အားပေးသူတွေ စသူတို့၏ တောင်းဆိုမှု ပြောကြားမှုတွေ များပြားနေသောကြောင့် မတရားသဖြင့် ပြုမူသောသူကို တာဝန်ရှိသူများမှ အရေးယူမှုတစ်စုံတစ်ခု ပြုလုပ်လာမယ်လို့လည်း မျှော်လင့်နေကြပါတယ်။