အာရွကို ထီးျဖူမိုးထားတဲ့ ႏွစ္ေပါင္း ၆၀ အတြင္း အင္အားျပင္းထန္ဆုံး စူပါမုန္တိုင္း. . .

(Zawgyiျဖင့္ ဖတ္ရန္)

ဖိလစ္ပိုင္ မိုးဇလ က နာမည္ေပးလိုက္တဲ့ Typhoon Hagibis ဖိလစ္ပိုင္ဘာသာနဲ႔ဟာဂီးဘီး (အလ်င္) မုန္တိုင္းဟာ ပစိဖိတ္သမုဒၵရာ အေနာက္ပိုင္း Pacific Oceanမွာ ပိုမိုအားေကာင္းလာတာကိုေတြ႕ရပါတယ္ …။

နာရီပိုင္းအတြင္း မွာ ဂ်ပန္ႏိုင္ငံကို ဝင္ေရာက္ေတာ့မယ့္ ငလ်င္မုန္တိုင္းရဲ႕ ေလတိုက္အားက က်ည္ဆံရထား အရွိန္လို တနာရီ ၁၉၅ မိုင္အထိ အင္အားျပင္းထန္ပါတယ္ …။ မုန္တိုင္းရဲ႕ အ႐ြယ္အစားကို ၾကည့္ရင္ ၂၀၀၀ ကီလိုမီတာပတ္လည္ ရွိၿပီး အာရွကို ထီးျဖဴမိုးထားတဲ့အတိုင္း အျဖဴလုံး တိမ္တိုက္ႀကီးကို ေတြ႕ရပါတယ္ …။

ဂ်ပန္ႏိုင္ငံ ျပည္နယ္(၈)ျပည္နယ္ ကို ကမ္းေျခပိုင္းကေန ေဝွ႔ဝိုက္ပတ္တိုက္သြားမွာျဖစ္ပါတယ္။ ထိုင္းႏိုင္ငံေတာင္ပိုင္း ပင္လယ္နဲ႔အနီးဆုံး ခ႐ိုင္ေတြမွာေတာ့ မုန္တိုင္းသတိေပးခ်က္ ထုတ္ျပန္ေနတာေတြ႕ရပါတယ္။

ဒီမုန္တိုင္းေၾကာင့္ ထိုင္းႏိုင္ငံမွာ ေအာက္တိုဘာ ေဆာင္းရာသီေပ်ာက္သြားခဲ့ၿပီး အပူခ်ိန္ေတြ ျပန္တက္လာေနပါတယ္ …။ႀကီးမားျပင္းထန္ၿပီး အႏၲရာယ္ရွိတဲ့ တိုင္းဖြန္းမုန္တိုင္းတစ္ခုပါ ။

ဂ်ပန္အစိုးရကိုယ္တိုင္လည္း Nagoya နဲ႔ တိုက်ဴ ိအနီးတဝိုက္မွာရွိတဲ့ ျပည္သူေတြကို ႀကိဳတင္ကာကြယ္မႈမ်ားျပဳလုပ္ထားရန္နဲ႔ အသက္ေဘးကာကြယ္ရန္ ႏိူးေဆာ္တိုက္တြန္းထားပါတယ္ ။

ဒီမုန္တိုင္းဟာ ၂၀၁၉ ခုႏွစ္အတြင္းအျပင္ထန္ဆုံးမုန္တိုင္းထဲပါဝင္သလို 1958 ခုႏွစ္က Kanto ေဒသနဲ႔ Izu archipelago တို႔မွာတိုက္ခတ္ခဲ့တဲ့ မုန္တိုင္းလိုမ်ိုး လူေပါင္း ၁၂၀၀ ဝန္းက်င္အထိ အသက္ဆံုံးရႈံးလာႏိုင္တဲ့ မုန္တိုင္းတစ္ခုလိုမ်ိုး ျဖစ္လာႏိုင္ပါတယ္ …။

မုနိတိုင္းနဲ႔ အတူပါလာမဲ့ မိုးကလည္း စံခ်ိန္တင္ မိုးေရခ်ိန္ျဖစ္လာၿပီး Tokyoနဲ႔ အနီးတစ္ဝိုက္မွာေတာ့ မိုးေရခ်ိန္ 750mm အထိရွိႏိူင္ၿပီး Nagoya မွာေတာ့ 1000mm အထိ မိုးျပင္းထန္စြာ႐ြာသြန္းႏိုင္ပါတယ္။

ေလတိုက္ႏူန္းကေတာ့ တစ္စကၠန္႔ကို ၅၀m အနည္းဆုံးရွိၿပီး တစ္နာရီေလတိုက္ႏူန္းက ဂ်ပန္ကားေတြ အျမန္ဆုံးေမာင္းႏွင္ႏိူင္တဲ့ အရွိန္ထက္ ပိုမ်ားႏိူင္ပါတယ္ အနည္းဆုံး (180kph) ပါ. မေပါ့ဆပဲနဲ႔ အစားအစာနဲ႔ ေသာက္ေရ ႀကိဳတင္စုေဆာင္းထားသင္႔ပါတယ္ …။

အစားအစာေတြကိုလည္း မခ်က္မျပဳတ္ပဲနဲ႔ အသင့္စားႏိူင္တဲ့ အစားအေသာက္မ်ဴ ိးႀကိဳတင္ဝယ္စုထားသင့္ပါတယ္ ( မီးအားျပတ္ေတာက္ဖို႔ အခြင့္အေရးမ်ားပါတယ္ ) ပင္လယ္ကမ္းစပ္နဲ႔ နီးတဲ့ေနရာေတြ ပင္လယ္ေရမ်က္ႏွာျပင္အျမင့္နဲ႔ သိပ္မကြာတဲ့ ေဒသအနီးအနားမွာေနထိုင္တဲ့သူေတြအေနနဲ႔. .

ပိုၿပီးသတိထားရမဲ့ အခ်က္ကေတာ့ မုန္တိုင္းတိုက္ေနစဥ္ ပင္လယ္ေရလႈိင္းအျမင့္က ေပ၃၀ ေက်ာ္ အထိႀကီးမားၿပီး ကုန္းေျမအထိပါေရတက္လာမွာမို႔ ေရေဘးေရွာင္ရန္ေနရာမ်ား ႀကိဳတင္သိရွိႏိူင္ဖို႔လိုအပ္ပါတယ္ …။

မုန္တိုင္းဝင္လာမဲ့ ျပည္နယ္အနီးတဝိုက္က ျပည္တြင္းသယ္ယူပို႔ေဆာင္ေရးေတာ္ေတာ္မ်ားမ်ားလည္း စေနေနမွာ ခတၱခန ရပ္ဆိုင္းထားမွာျဖစ္ၿပီး Narita နဲ႔ Haneda ေလဆိပ္က ေလယာဥ္ပ်ံသန္းမႈမ်ားလည္း အကုန္ Cancelled လုပ္ထားပါတယ္.

ေက်းဇူးျပဳၿပီး ဂ်ပန္ျပည္တြင္းမွာေနထိုင္တဲ့ မုန္တိုင္းဝင္လာမဲ့ ေဒသက ျမန္မာလူမ်ိုးမ်ား အေနျဖင့္ ဖုန္းအားမ်ားအျပည့္သြင္းထားရန္နဲ႔ မုန္တိုင္းနဲ႔ ပတ္သက္တဲ့သတင္းအခ်က္အလက္ေတြကို အဆက္မျပတ္သိရွိႏိုင္ဖို႔နဲ႔ မိမိအသက္အႏၲရာယ္မထိခိုက္မိေအာင္ေနဖို႔ တိုက္တြန္းခ်င္ပါတယ္ခင္ဗ် …။ ။ SAW

(Unicodeျဖင့္ ဖတ္ရန္)

အာရှကို ထီးဖြူမိုးထားတဲ့ နှစ်ပေါင်း ၆၀ အတွင်း အင်အားပြင်းထန်ဆုံး စူပါမုန်တိုင်း. . .

ဖိလစ်ပိုင် မိုးဇလ က နာမည်ပေးလိုက်တဲ့ Typhoon Hagibis ဖိလစ်ပိုင်ဘာသာနဲ့ဟာဂီးဘီး (အလျင်) မုန်တိုင်းဟာ ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်း Pacific Oceanမှာ ပိုမိုအားကောင်းလာတာကိုတွေ့ရပါတယ် …။

နာရီပိုင်းအတွင်း မှာ ဂျပန်နိုင်ငံကို ဝင်ရောက်တော့မယ့် ငလျင်မုန်တိုင်းရဲ့ လေတိုက်အားက ကျည်ဆံရထား အရှိန်လို တနာရီ ၁၉၅ မိုင်အထိ အင်အားပြင်းထန်ပါတယ် …။ မုန်တိုင်းရဲ့ အရွယ်အစားကို ကြည့်ရင် ၂၀၀၀ ကီလိုမီတာပတ်လည် ရှိပြီး အာရှကို ထီးဖြူမိုးထားတဲ့အတိုင်း အဖြူလုံး တိမ်တိုက်ကြီးကို တွေ့ရပါတယ် …။

ဂျပန်နိုင်ငံ ပြည်နယ်(၈)ပြည်နယ် ကို ကမ်းခြေပိုင်းကနေ ဝှေ့ဝိုက်ပတ်တိုက်သွားမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း ပင်လယ်နဲ့အနီးဆုံး ခရိုင်တွေမှာတော့ မုန်တိုင်းသတိပေးချက် ထုတ်ပြန်နေတာတွေ့ရပါတယ်။

ဒီမုန်တိုင်းကြောင့် ထိုင်းနိုင်ငံမှာ အောက်တိုဘာ ဆောင်းရာသီပျောက်သွားခဲ့ပြီး အပူချိန်တွေ ပြန်တက်လာနေပါတယ် …။ကြီးမားပြင်းထန်ပြီး အန္တရာယ်ရှိတဲ့ တိုင်းဖွန်းမုန်တိုင်းတစ်ခုပါ ။

ဂျပန်အစိုးရကိုယ်တိုင်လည်း Nagoya နဲ့ တိုကျူ ိအနီးတဝိုက်မှာရှိတဲ့ ပြည်သူတွေကို ကြိုတင်ကာကွယ်မှုများပြုလုပ်ထားရန်နဲ့ အသက်ဘေးကာကွယ်ရန် နိူးဆော်တိုက်တွန်းထားပါတယ် ။

ဒီမုန်တိုင်းဟာ ၂၀၁၉ ခုနှစ်အတွင်းအပြင်ထန်ဆုံးမုန်တိုင်းထဲပါဝင်သလို 1958 ခုနှစ်က Kanto ဒေသနဲ့ Izu archipelago တို့မှာတိုက်ခတ်ခဲ့တဲ့ မုန်တိုင်းလိုမျိုး လူပေါင်း ၁၂၀၀ ဝန်းကျင်အထိ အသက်ဆုံံးရှုံးလာနိုင်တဲ့ မုန်တိုင်းတစ်ခုလိုမျိုး ဖြစ်လာနိုင်ပါတယ် …။

မုနိတိုင်းနဲ့ အတူပါလာမဲ့ မိုးကလည်း စံချိန်တင် မိုးရေချိန်ဖြစ်လာပြီး Tokyoနဲ့ အနီးတစ်ဝိုက်မှာတော့ မိုးရေချိန် 750mm အထိရှိနိူင်ပြီး Nagoya မှာတော့ 1000mm အထိ မိုးပြင်းထန်စွာရွာသွန်းနိုင်ပါတယ်။

လေတိုက်နူန်းကတော့ တစ်စက္ကန့်ကို ၅၀m အနည်းဆုံးရှိပြီး တစ်နာရီလေတိုက်နူန်းက ဂျပန်ကားတွေ အမြန်ဆုံးမောင်းနှင်နိူင်တဲ့ အရှိန်ထက် ပိုများနိူင်ပါတယ် အနည်းဆုံး (180kph) ပါ. မပေါ့ဆပဲနဲ့ အစားအစာနဲ့ သောက်ရေ ကြိုတင်စုဆောင်းထားသင့်ပါတယ် …။

အစားအစာတွေကိုလည်း မချက်မပြုတ်ပဲနဲ့ အသင့်စားနိူင်တဲ့ အစားအသောက်မျူ ိးကြိုတင်ဝယ်စုထားသင့်ပါတယ် ( မီးအားပြတ်တောက်ဖို့ အခွင့်အရေးများပါတယ် ) ပင်လယ်ကမ်းစပ်နဲ့ နီးတဲ့နေရာတွေ ပင်လယ်ရေမျက်နှာပြင်အမြင့်နဲ့ သိပ်မကွာတဲ့ ဒေသအနီးအနားမှာနေထိုင်တဲ့သူတွေအနေနဲ့. .

ပိုပြီးသတိထားရမဲ့ အချက်ကတော့ မုန်တိုင်းတိုက်နေစဉ် ပင်လယ်ရေလှိုင်းအမြင့်က ပေ၃၀ ကျော် အထိကြီးမားပြီး ကုန်းမြေအထိပါရေတက်လာမှာမို့ ရေဘေးရှောင်ရန်နေရာများ ကြိုတင်သိရှိနိူင်ဖို့လိုအပ်ပါတယ် …။

မုန်တိုင်းဝင်လာမဲ့ ပြည်နယ်အနီးတဝိုက်က ပြည်တွင်းသယ်ယူပို့ဆောင်ရေးတော်တော်များများလည်း စနေနေမှာ ခတ္တခန ရပ်ဆိုင်းထားမှာဖြစ်ပြီး Narita နဲ့ Haneda လေဆိပ်က လေယာဉ်ပျံသန်းမှုများလည်း အကုန် Cancelled လုပ်ထားပါတယ်.

ကျေးဇူးပြုပြီး ဂျပန်ပြည်တွင်းမှာနေထိုင်တဲ့ မုန်တိုင်းဝင်လာမဲ့ ဒေသက မြန်မာလူမျိုးများ အနေဖြင့် ဖုန်းအားများအပြည့်သွင်းထားရန်နဲ့ မုန်တိုင်းနဲ့ ပတ်သက်တဲ့သတင်းအချက်အလက်တွေကို အဆက်မပြတ်သိရှိနိုင်ဖို့နဲ့ မိမိအသက်အန္တရာယ်မထိခိုက်မိအောင်နေဖို့ တိုက်တွန်းချင်ပါတယ်ခင်ဗျ …။ ။ SAw