စားေသာက္ဆိုင္ဝန္ထမ္း အလုပ္နဲ့. . ကုိယ့္စရိတ္ကုိယ္ ရွာျပီး. .ေက်ာင္းတက္ခဲ့တဲ့ ရွာမွရွားတဲ့ သမၼတသား. . .

(Zawgyiျဖင့္ ဖတ္ရန္)

အင္ဒိုနီရွား သမၼတဂ်ိဳကိုဝီ ဝီဒိုဒိုရဲ႕သား အငယ္ဟာ ဒီေန႔ စင္ကာပူ လူမႈေရးသိပၸံ တကၠသိုလ္ကေန ဘြဲ႕ယူပါတယ္။ ဒီ ဘြဲ႕ႏွင္းသဘင္ကို သမၼတဂ်ိဳကိုဝီ ကိုယ္တိုင္လည္း တက္ပါတယ္။ ဒါေလာက္နဲ႔ ေဖာက္သည္ခ်စရာ သတင္းမဟုတ္ပါ။

သမၼတ ဂ်ိဳကိုဝီေမာင္ႏွံဟာ ဒီသားေက်ာင္းတက္စဥ္ကလည္း လိုက္ပါပို႔ေဆာင္ခဲ့ဖူးရာမွာ မိသားစုကိစၥသာ ျဖစ္တဲ့အတြက္ ႏိုင္ငံေတာ္ အေဆာင္အေယာင္ ဘာမွမသုံး အရပ္ဘက္ ေလယာဥ္နဲ႔ အသံတိတ္လိုက္လာလို႔ စင္ကာပူ ႏိုင္ငံျခားေရးက မ်က္ကလဲဆန္ျပာ အႀကိဳေထာက္ၿပီး ဧည့္ခံရဖူးတယ္ ။

ဒီအျဖစ္ကို သင္ခန္းစာယူ သတိႀကီးထားတဲ့ စလုံး အစိုးရဟာ ဒီေန႔ ဘြဲ႕ႏွင္းသဘင္ကို သမၼတ ဟာလီမာ ကိုယ္တိုင္ ဘြဲ႕ႏွင္းအပ္ဖို႔ စီစဥ္ၿပီး ပညာေရးဝန္ႀကီးယီကြန္း က အမွာစကား ေျပာေပးဖို႔ စီစဥ္ခဲ့ၾကတယ္ ။

သမၼတႀကီး က ဒီလို humble ျဖစ္ေအာင္ နိဝါတ မဂၤလာျပဳ႐ုံထက္ ပိုတဲ့ စိတ္ဘဝင္ေခြ႕ စရာကေတာ့ သမၼတႀကီးရဲ႕သားဟာ ေက်ာင္းတက္ရင္း အခ်ိန္ပိုင္းစားေသာက္ဆိုင္ ကက္ရွာ(ေငြသိမ္းေငြရွင္း ဝန္ထမ္း) အလုပ္လုပ္ရင္း မိဘနဲ႔ တိုင္းျပည္အတြက္ စံျပဳ ျပခဲ့တယ္ ဆိုတာပဲ ။ ခဏတျဖဳတ္ ဟန္ျပ မဟုတ္ ၊ သုံးႏွစ္ဗ်။

ႏိုင္ငံ့ ၿမိဳ႕ေတာ္ ကို ဂ်ကာတာ ကေန ေနရာေျပာင္းေ႐ႊ႕ ဖို႔ မာစတာပလန္ စီမံကိန္းႀကီး ေၾကာင့္. ႀကိဳက္သူ မႀကိဳက္သူ ဝိဝါဒါ ကြဲေနတဲ့ အင္ဒိုျပည္သူမ်ားၾကားမွာ. .

ကားၾကပ္ရင္ လမ္းဆင္းေလွ်ာက္ၿပီး သားကို ကိုယ့္စားရိတ္နဲ႔ကိုယ္ ေက်ာင္းတက္ေစတဲ့ သမၼတဂ်ိဳကိုဝီ ဟာ ေ႐ြးေကာက္ပြဲ မွတ္တိုင္ကိုလည္း ေက်ာ္ျဖတ္ခဲ့ၿပီမို႔. ဒီ ပီအာမ်ိဳးနဲ႔ စန္းပြင့္သထက္ ပြင့္ေနဦးမယ္ ထင္ပါတယ္ ။

ဘရာဗို အင္ဒို ။
ဝင္းႏုိင္ဦး

(Unicodeျဖင့္ ဖတ္ရန္)

စားသောက်ဆိုင်ဝန်ထမ်း အလုပ်နဲ့. . ကိုယ့်စရိတ်ကိုယ် ရှာပြီး. .ကျောင်းတက်ခဲ့တဲ့ ရှာမှရှားတဲ့ သမ္မတသား. . .

အင်ဒိုနီရှား သမ္မတဂျိုကိုဝီ ဝီဒိုဒိုရဲ့သား အငယ်ဟာ ဒီနေ့ စင်ကာပူ လူမှုရေးသိပ္ပံ တက္ကသိုလ်ကနေ ဘွဲ့ယူပါတယ်။ ဒီ ဘွဲ့နှင်းသဘင်ကို သမ္မတဂျိုကိုဝီ ကိုယ်တိုင်လည်း တက်ပါတယ်။ ဒါလောက်နဲ့ ဖောက်သည်ချစရာ သတင်းမဟုတ်ပါ။

သမ္မတ ဂျိုကိုဝီမောင်နှံဟာ ဒီသားကျောင်းတက်စဉ်ကလည်း လိုက်ပါပို့ဆောင်ခဲ့ဖူးရာမှာ မိသားစုကိစ္စသာ ဖြစ်တဲ့အတွက် နိုင်ငံတော် အဆောင်အယောင် ဘာမှမသုံး အရပ်ဘက် လေယာဉ်နဲ့ အသံတိတ်လိုက်လာလို့ စင်ကာပူ နိုင်ငံခြားရေးက မျက်ကလဲဆန်ပြာ အကြိုထောက်ပြီး ဧည့်ခံရဖူးတယ် ။

ဒီအဖြစ်ကို သင်ခန်းစာယူ သတိကြီးထားတဲ့ စလုံး အစိုးရဟာ ဒီနေ့ ဘွဲ့နှင်းသဘင်ကို သမ္မတ ဟာလီမာ ကိုယ်တိုင် ဘွဲ့နှင်းအပ်ဖို့ စီစဉ်ပြီး ပညာရေးဝန်ကြီးယီကွန်း က အမှာစကား ပြောပေးဖို့ စီစဉ်ခဲ့ကြတယ် ။

သမ္မတကြီး က ဒီလို humble ဖြစ်အောင် နိဝါတ မင်္ဂလာပြုရုံထက် ပိုတဲ့ စိတ်ဘဝင်ခွေ့ စရာကတော့ သမ္မတကြီးရဲ့သားဟာ ကျောင်းတက်ရင်း အချိန်ပိုင်းစားသောက်ဆိုင် ကက်ရှာ(ငွေသိမ်းငွေရှင်း ဝန်ထမ်း) အလုပ်လုပ်ရင်း မိဘနဲ့ တိုင်းပြည်အတွက် စံပြု ပြခဲ့တယ် ဆိုတာပဲ ။ ခဏတဖြုတ် ဟန်ပြ မဟုတ် ၊ သုံးနှစ်ဗျ။

နိုင်ငံ့ မြို့တော် ကို ဂျကာတာ ကနေ နေရာပြောင်းရွှေ့ ဖို့ မာစတာပလန် စီမံကိန်းကြီး ကြောင့်. ကြိုက်သူ မကြိုက်သူ ဝိဝါဒါ ကွဲနေတဲ့ အင်ဒိုပြည်သူများကြားမှာ. .

ကားကြပ်ရင် လမ်းဆင်းလျှောက်ပြီး သားကို ကိုယ့်စားရိတ်နဲ့ကိုယ် ကျောင်းတက်စေတဲ့ သမ္မတဂျိုကိုဝီ ဟာ ရွေးကောက်ပွဲ မှတ်တိုင်ကိုလည်း ကျော်ဖြတ်ခဲ့ပြီမို့. ဒီ ပီအာမျိုးနဲ့ စန်းပွင့်သထက် ပွင့်နေဦးမယ် ထင်ပါတယ် ။

ဘရာဗို အင်ဒို ။
ဝင်းနိုင်ဦး