မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန်းရဲ့ နောက်ထပ် ဝမ်းသာစရာ သတင်းကောင်း….

(Zawgyiဖြင့် ဖတ်ရန်)













(Unicodeဖြင့် ဖတ်ရန်)

မြန်မာတွေ အမြဲဂုဏ်ယူနေရတဲ့ မြန်မာနိုင်ငံဖွား ကမ္ဘာ့ချန်ပီယံကြီးတစ်ဦးဖြစ်တဲ့ အောင်လအန်ဆန်ကတော့ မိသားစုနဲ့အတူ နယ်ခြားမြေခြားမှာ နေထိုင်ပေမယ့်လည်း အမိမြေမြန်မာနိုင်ငံကြီးကို မြတ်နိုးတွယ်တာလွန်းသူတစ်ဦးပါ။

အောင်လအန်ဆန်ရဲ့ဇနီးနဲ့ သားလေးကလည်း သာယာလှပတဲ့ မြန်မာပြည်ကြီးကို ချစ်ခင်မြတ်နိုးတာကြောင့် အမြဲလိုလို လာရောက်လည်ပတ်လေ့ရှိကြပါတယ်။

Burmese Python၊ MMA ရဲ့အကောင်းဆုံးဖိုက်တာတစ်ယောက်။ သံလှောင်အိမ်ထဲမှာတော့ အဲဒီလိုမျိုးဂုဏ်ပုဒ်တွေနဲ့ ကိုက်ညီနေအောင်လို့ အောင်လအန်ဆန်မှာ ခက်ထန်မှုတွေ၊ ကြမ်းတမ်းမှုတွေ အပြည့်ရှိနေရပါတယ်။

သံလှောင်အိမ်ထဲက Burmese Python ရဲ့မျက်လုံးတွေဟာ တောက်ပမှုအပြည့်၊ ပြိုင်ဘက်ကို ဘယ်လိုအသာစီးရယူမလဲ၊ ဘယ်လိုနှိမ်နင်းရမလဲဆိုတာပဲ အောင်လအန်ဆန်ရဲ့ ခေါင်းထဲမှာ တွေးထားပါလိမ့်မယ်။

ကြိုးဝိုင်းထဲက သူရဲ့ မျက်လုံးတွေကတော့ တောက်ပမှုအပြည့်၊ပြိုင်ဘက်ကို ဘယ်လို အသာစီးရယူမလဲ ၊ဘယ်လိုနှိမ်နင်းမလဲ ဆိုတာတွေနဲ့ ပြည့်နက်နေပြီး ကြိုးဝိုင်းထဲက ထွက်လိုက်တာနဲ့ အောင်လအန်ဆိုင်ဟာ လုံးဝပြောင်းလဲသွားပါတော့တယ်။

ကြိုးဝိုင်းထဲမှာ ခက်ထန်မှုတွေနဲက ပြည့်နှက်နေသလောက် အောင်လအန်ဆန်းရဲ့ ပြင်ပနေထိုင်မှုဘဝကတော့ သိပ်ကို အေးချမ်းလွန်းပါတယ်။

သူကတော့ အသက်ထပ်ချစ်ရတဲ့ ချစ်ဇနီးလေး၊ချစ်စရာသားလေးအဒီးလေးတို့နဲ့အတူ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းပါတယ်။လက်ရှိမှာတော့ အောင်လအန်ဆန်းဟာ နောက်ထပ် ရင်သွေးငယ်လေးကို ပိုင်ဆိုင်ရတော့မှာ ဖြစ်တယ်လို့ အောင်လနဲ့ နီးစပ်သူများက ဆိုလာပါတယ်။

အောင်လရဲ့ မင်္ဂလာသတင်းစကားကို ကြားသိရသူတွေဟာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ကြပြီး. . နောက်ထပ် အောင်လမျိုးဆက်သစ် ထပ်မံပေါ်ထွန်းလာနိုင်မယ့်သတင်းမို့ ယောက်ျားလေးပဲ ထပ်မွေးစေချင်ကြောင်း ပြောကြားလာခဲ့ကြပါတယ်။

ဒါပေမယ့် ပရိသတ် တချို့ကတော့ သားလေး ရှိပြီးသားမို့ မိသားစုဘဝ ပိုပြီး ပြည့်ဝစုံလင်စေရန် သမီးလေး မွေးရင် ပိုကောင်းမယ်လို့ တွေးဆပြောကြားနေကြတာကိုလည်း တွေ့မြင်နေရပါတယ်။

စိန်ခေါ်သူ ဗီရာကို အလဲထိုးအနိုင်ယူနိုင်လို့ မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့ပြီ. . သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူ နိုင်ခဲ့ပြီမို့ ပျော်ရွှင်နေမယ့် အောင်လအတွက်တော့ နောက်ထပ်ရင်သွေးလေး တစ်ယောက် လူ့လောကထဲကို ရောက်လာတော့မယ်ဆိုတဲ့ သတင်းဟာ ထပ်ဆင့်ပျော်ရွှင်စရာကြီး ဖြစ်နေမှာ အမှန်ပါပဲ။

ဒါ့အပြင် မြန်မာဖိုက်တာကြီး အောင်လရဲ့ချစ်ဇနီးက ဘာလေးပဲ မွေးမွေး အောင်လသွေးမို့ မြန်မာပြည်သူတွေက ချစ်ခင်မေတ္တာထားနေကြတာကို တွေ့မြင်ရတာဟာ အောင်လအတွက် ယခုနှစ်ကာလတွေဟာ အပျော်ပေါ် အပျော်ဆင့် ပီတိဖြာစရာချည့် ဖြစ်လို့နေမှာပါပဲနော်။

ပရိသတ်ကြီးရေ ဒုတိယမြောက်ရင်သွေးလေး ပိုင်ဆိုင်တော့မယ့် အောင်လအန်ဆန်း ကို ဂုဏ်ပြုစကားလေးပြောသွားပါဦးနော်။