အျမန္လမ္းတြင္ Expressကား (၅)စီး ဆင့္တိုက္မႈ ျဖစ္ပြား. . .

ေနျပည္ေတာ္- ရန္ကုန္ အျမန္လမ္း မိုင္တိုင္အမွတ္-၂၄/၁ – ၂၄/၂ ၾကားတြင္ ကား(၅)စီး ဆင့္တိုက္မွုျဖစ္ပြား

ေအာက္တိုဘာလ(၁၆)ရက္ေန႔နံနက္ (၀၆၃၀ ) အခ်ိန္ေနျပည္ေတာ္- ရန္ကုန္ လမ္းမႀကီး မိုင္တိုင္အမွတ္-၂၄/၁ – ၂၄/၂ ၾကားတြင္ ယာဥ္ေမာင္းကိုထိန္လင္းေဇာ္ ေထာက္ၾကန႔္ၿမိဳ့ေနသူ ေမာင္းႏွင္လာသည့္…

ယာဥ္အမွတ္YGN 1M/—–Scania အမ်ိဳးအစားျဖဴ/ျပာၾကားေရာင္ မႏၲေလး-ရန္ကုန္Famous လိုင္းခရီးသည္တင္ Express ယာဥ္သည္ အရွိန္လြန္ကာ လမ္းလယ္ကၽြန္းေပၚတက္သြားသျဖင့္. .

ေနာက္မွေရွ႕ဆင့္ေနာက္ဆင့္လိုက္ပါလာေသာ ယာဥ္အမွတ္ YGN2G/—-Scania အမ်ိဳးအစား မုံရြာ-ရန္ကုန္ Elite ခရီးသည္တင္ Express. . .၊ယာဥ္အမွတ္ YGN 3K/—-Yutong အမ်ိဳးအစား ေရႊသလႅာလိုင္း မုံရြာ-ရန္ကုန္ ခရီးသည္တင္ express ယာဥ္ႏွင့္

ယာဥ္အမွတ္- YGN 9J/—Yutong အမ်ိဳးအစားမန္းသစၥာလိုင္း ေခ်ာက္- ရန္ကုန္ ခရီးသည္တင္ express ယာဥ္ (၃) စီးမွ ဘရိတ္အုပ္အရွိန္ေလ်ာ့လိုက္စဥ္..

လားရာတူေနာက္မွ ယာဥ္ေမာင္းဦးေစာဘလက္ဇက္ ေမွာ္ဘီၿမိဳ့ေနသူေမာင္းႏွင္လာသည့္ ယာဥ္အမွတ္-YGN2G/—Scania အမ်ိဳးအစား Elite ယာဥ္လိုင္း မုံရြာ-ရန္ကုန္ ခရီးသည္တင္ Express ယာဥ္မွ အရွိန္မထိန္းနိုင္ပဲေနာက္မွ ဝင္တိုက္လိုက္ေသာေျကာင့္…ေရွ႕မွ Express ယာဥ္(၃) စီးတို့အား ေရွ႕ဆင့္ေနာက္ဆင့္ တိုက္မိမွုျဖစ္ပြားခဲ့ေျကာင္းသိရွိရပါသည္။

သို့ေသာ္ ယာဥ္(၅)စီးေပၚတြင္ လိုက္ပါလာခဲ့ၾကေသာ ယာဥ္ေမာင္း/ယာဥ္ေနာက္လိုက္မ်ား အပါအဝင္ ခရီးသည္က်ား(၈၀) ဦး မ(၁၂၈) ဦးေပါင္း(၂၀၈) ဦးတို့တြင္ ကံေကာင္းေထာက္မစြာျဖင့္ ထိခိုက္ဒဏ္ရာျဖစ္မႈ မရွိခဲ့ေျကာင္း သိရွိရပါသည္။

သတင္း #အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕မွူး႐ုံး

(Unicodeျဖင့္ ဖတ္ရန္)

နေပြည်တော်- ရန်ကုန် အမြန်လမ်း မိုင်တိုင်အမှတ်-၂၄/၁ – ၂၄/၂ ကြားတွင် ကား(၅)စီး ဆင့်တိုက်မှုဖြစ်ပွား

အောက်တိုဘာလ(၁၆)ရက်နေ့နံနက် (၀၆၃၀ ) အချိန်နေပြည်တော်- ရန်ကုန် လမ်းမကြီး မိုင်တိုင်အမှတ်-၂၄/၁ – ၂၄/၂ ကြားတွင် ယာဉ်မောင်းကိုထိန်လင်းဇော် ထောက်ကြန့်မြို့နေသူ မောင်းနှင်လာသည့်…

ယာဉ်အမှတ်YGN 1M/—–Scania အမျိုးအစားဖြူ/ပြာကြားရောင် မန္တလေး-ရန်ကုန်Famous လိုင်းခရီးသည်တင် Express ယာဉ်သည် အရှိန်လွန်ကာ လမ်းလယ်ကျွန်းပေါ်တက်သွားသဖြင့်. .

နောက်မှရှေ့ဆင့်နောက်ဆင့်လိုက်ပါလာသော ယာဉ်အမှတ် YGN2G/—-Scania အမျိုးအစား မုံရွာ-ရန်ကုန် Elite ခရီးသည်တင် Express. . .၊ယာဉ်အမှတ် YGN 3K/—-Yutong အမျိုးအစား ရွှေသလ္လာလိုင်း မုံရွာ-ရန်ကုန် ခရီးသည်တင် express ယာဉ်နှင့်

ယာဉ်အမှတ်- YGN 9J/—Yutong အမျိုးအစားမန်းသစ္စာလိုင်း ချောက်- ရန်ကုန် ခရီးသည်တင် express ယာဉ် (၃) စီးမှ ဘရိတ်အုပ်အရှိန်လျော့လိုက်စဉ်..

လားရာတူနောက်မှ ယာဉ်မောင်းဦးစောဘလက်ဇက် မှော်ဘီမြို့နေသူမောင်းနှင်လာသည့် ယာဉ်အမှတ်-YGN2G/—Scania အမျိုးအစား Elite ယာဉ်လိုင်း မုံရွာ-ရန်ကုန် ခရီးသည်တင် Express ယာဉ်မှ အရှိန်မထိန်းနိုင်ပဲနောက်မှ ဝင်တိုက်လိုက်သောကြောင့်…ရှေ့မှ Express ယာဉ်(၃) စီးတို့အား ရှေ့ဆင့်နောက်ဆင့် တိုက်မိမှုဖြစ်ပွားခဲ့ကြောင်းသိရှိရပါသည်။

သို့သော် ယာဉ်(၅)စီးပေါ်တွင် လိုက်ပါလာခဲ့ကြသော ယာဉ်မောင်း/ယာဉ်နောက်လိုက်များ အပါအဝင် ခရီးသည်ကျား(၈၀) ဦး မ(၁၂၈) ဦးပေါင်း(၂၀၈) ဦးတို့တွင် ကံကောင်းထောက်မစွာဖြင့် ထိခိုက်ဒဏ်ရာဖြစ်မှု မရှိခဲ့ကြောင်း သိရှိရပါသည်။

သတင်း #အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး