“Sulli ကြယ္လြန္တာနဲ႔ပတ္သက္ျပီး မေကာင္းေျပာထားတဲ႔သူေတြကို အေရးယူမည္”ဟု ထုတ္ျပန္ေျကျငာ…

(Zawgyiျဖင့္ ဖတ္ရန္)

စိတ္က်ေရာဂါေၾကာင္႔ ေအာက္တုိဘာလ ၁၄ ရက္ေန႔တုန္းက သူမကိုယ္သူမ အဆံုးစီရင္သြားခဲ႔တဲ႔ ေတာင္ကိုရီးယားႏိုင္ငံရဲ႕နာမည္ၾကီးသရုပ္ေဆာင္တစ္ေယာက္ျဖစ္သူ Sulli ကြယ္လြန္တာနဲ႔ပတ္သတ္ျပီး မေကာင္းေျပာထားတဲ႔သူေတြ အကုန္လံုးကိုအေရးယူမွာျဖစ္ေၾကာင္း ေအာက္တိုဘာလ ၁၉ ရက္တုန္းက Channel A သတင္းဌာနကေန ထုတ္ျပန္ေၾကညာသြားခဲ႔ပါတယ္။

Sulliဟာဆိုရင္ စိတ္က်ေ၀ဒနာမခံစားရခင္အခ်ိန္ကတည္းက တျခားေသာစိတ္ပိုင္းဆိုင္ရာေရာဂါ ၂ မ်ိုးျဖစ္တဲ႔ Social Anxiety Disorder နဲ႔ Panic Disorder ေတြကို ရင္ဆိုင္ခံစားခဲ႔ရသူျဖစ္ေၾကာင္းကို သူမကိုယ္တိုင္၀န္ခံေျပာျပခဲ႔ဖူးပါတယ္။

Social Anxiety Disorder ဆိုတာကေတာ႔ လူအမ်ားနဲ႔ေတြ႕ဆံုရမွာကို ေၾကာက္ရြံ႕တဲ႔ေရာဂါျဖစ္ျပီး Panic Disorder ကေတာ႔ ရုတ္တရက္အသက္ရွဳမရေလာက္ေအာင္ ထိတ္လန္႔တတ္တဲ႔ေရာဂါမ်ိုး ျဖစ္ပါတယ္။

ဒီလိုမ်ိဳးစိတ္ပိုင္းဆုိင္ရာေရာဂါေတြကို ရရွိထားခဲ႔တဲ႔ သူမဟာ သူမရဲ႕ လြတ္လပ္စြာေျပာဆိုေနထိုင္တတ္တဲ႔ပံုစံေတြေၾကာင္႔ အသက္ ၂၀ ေက်ာ္အရြယ္ေလာက္ကတည္းက မေကာင္းေျပာထားတဲ႔ေ၀ဖန္ခ်က္ေတြမ်ားစြာကိုရရွိခဲ႔ပါတယ္။

အဲဒီေနာက္ပိုင္းမွာေတာ႔ တျဖည္းျဖည္းဆိုသလို စိတ္က်ေရာဂါ၀င္ေရာက္လာခဲ႔ေပမယ္႔လည္း ဒီလိုေ၀ဖန္ခ်က္ေတြကို သိပ္ျပီးဂရုမစိုက္္တတ္တဲ႔ သူမရဲ႕ပံုစံေၾကာင္႔ ပရိသတ္ေတြအေနနဲ႔ သူမကို ေရာဂါေ၀ဒနာခံစားေနရတယ္လို႔ မထင္မွတ္ခဲ႔ၾကပါဘူး။

သူမ သက္ရွိထင္ရွားရွိစဥ္အခ်ိန္တုန္းက သူမနဲ႔ပတ္သက္ျပီး တက္လာတဲ႔သတင္းေတြမွာဆိုရင္ မေကာင္းေျပာတိုက္ခိုက္ထားတ့ ေ၀ဖန္ခ်က္အေရအတြက္ဟာ သန္းနဲ႔ခ်ီေအာင္ ရွိခဲ့တာျဖစ္ပါတယ္။

ဒီလိုမ်ိုး ျပင္းထန္လွတဲ႔ထိုးႏွက္ခ်က္ေတြကို မခံစားႏိုင္ေတာ႔တဲ႔အဆံုးမွာေတာ႔ သူမကိုယ္သူမ အဆံုးစီရင္သြားခဲ႔တဲ႔အတြက္ သူမရဲ႕ကြယ္လြန္မွုသတင္းဟာ ေတာင္ကိုရီးယားႏိုင္ငံအတြင္းမွာေရာ၊ ႏုိင္ငံတကာက မီဒီယာသတင္းဌာနေတြမွာေရာ အေတာ္ေလးကို ပ်ံ႕ႏွံ႔ခဲ႔ပါတယ္။

သူမရဲ႕ ကြယ္လြန္မႈသတင္းေၾကာင္႔ ပူေဆြး၀မ္းနည္းေနၾကတဲ႔ ပရိသတ္ေတြရွိၾကသလို တခ်ို႕ေသာသူေတြကေတာ႔ သူမ ကြယ္လြန္တာနဲ႔ ပတ္သတ္ျပီး ေလွာင္ေျပာင္သေရာ္မွုေတြရွိေနဆဲပါ။

ဒါေၾကာင္႔ သူမ ကြယ္လြန္တာနဲ႔ပတ္သတ္ျပီး လူမွုကြန္ရက္ေတြမွာ မေကာင္းတဲ႔ရည္ရြယ္ခ်က္နဲ႔ ေျပာထားၾကတာေတြ၊ ေလွာင္ေျပာင္သေရာ္ထားတာေတြကို အေရးယူမယ္ဆိုတဲ႔ေၾကညာခ်က္ကို ထုတ္ျပန္လိုက္ရျခင္းျဖစ္ပါတယ္။

ေတာင္ကိုရီးယားႏိုင္ငံဟာ ဆိုက္ဘာျပစ္မွုဥပေဒနဲ႔ပတ္သတ္ျပီး တိုင္ၾကားတဲ႔အခါမွာ ျပင္းထန္စြာအေရးယူတတ္တဲ႔ႏိုင္ငံမ်ိဳးျဖစ္ပါတယ္။ တကယ္လို႔မ်ား သင္ဟာ ကြန္မန္႔တစ္ခုကိုေပးျပီး သင္႔ရဲ႕အေကာင္႔ကို ဖ်က္လိုက္ျပီဆိုပါစို႔။

နည္းပညာပိုင္းမွာ ဖြံ့ျဖိုးတိုးတက္တဲ႔နိုင္ငံျဖစ္သည္႔အေလ်ာက္ ဆိုက္ဘာရဲေတြဟာ သင္႔ရဲဲ႕အေကာင္႔ကို ျပန္လည္ရွာေဖြႏိုင္တယ္လို႔ (ထုတ္ျပန္ေျကျငာခ်က္မွာ) ဆိုပါတယ္။

ျပန္လည္ရွာေဖြျပီးေနာက္ေတြ႕ရွိခဲ့ခ်ိန္မွာ သင္ဟာ ေတာင္ကိုရီးယားႏိုင္ငံသား မဟုတ္ဘူးဆိုရင္ေတာင္ ႏိုင္ငံတကာ ဆိုက္ဘာအက္ဥပေဒအရ အေရးယူလို႔ရႏုိင္တယ္လို႔ သိရပါတယ္။

အေထာက္အထား ခိုင္ခိုင္လံုလံုနဲ႔ ဖမ္းမိခဲ႔ျပီဆုိရင္လည္း ျပစ္မွဳက်ဴးလြန္သူက အသက္မျပည္႔ဘူးဆိုရင္ အေသးဆံုးအျပစ္ဒဏ္အေနနဲ႔ ဒဏ္ေငြ သိန္း ၅၀ ေပးေဆာင္ရမွာျဖစ္တဲ႔အျပင္. .

မိသားစုအေရွ႕(သို႔မဟုတ္) အမ်ားျပည္သူအေရွ႕မွာ မိမိေရးခဲ႔တဲ႔ ကြန္မန္႔ကို အသံက်ယ္က်ယ္နဲ႔ အၾကိမ္ၾကိမ္ဖတ္ျပရတယ္လို႔ ေဖာ္ျပထားပါတယ္။

အသက္ျပည္႔ျပီးသူဆိုရင္ေတာ႔ က်ဴးလြန္ခဲ႔တဲ႔ျပစ္မွုအလိုက္ ေထာင္ဒဏ္ ၂ ႏွစ္ကေန ၇ ႏွစ္အထိနဲ႔ ေငြဒဏ္ သိန္း ၅၀ ကေန သိန္း ၇၀၀ အထိ က်ခံရႏိုင္တယ္လိုု႔ ေဖာ္ျပထားခ်က္ေတြအရ သိရပါတယ္။

Sulli ဟာ မေကာင္းေျပာေ၀ဖန္တိုက္ခိုက္မွုေတြကို ရရွိျပီးေနာက္ ကြယ္လြန္သြားခဲ႔တာျဖစ္တဲ႔အတြက္ လတ္တေလာ ေတာင္ကိုရီးယားႏိုင္ငံမွာ. .

အြန္လိုင္းကေနတဆင့္ မေကာင္းေျပာတိုက္ခိုက္ၾကသူေတြကို ျပင္းျပင္းထန္ထန္အေရးယူႏိုင္မယ္႔ “Sulli ဥပေဒ” ကို ထုတ္ဖုိ႔အတြက္ ျပင္ဆင္ေနၾကတဲ႔အခ်ိန္ေၾကာင့္ အေရးယူမွုကို အရင္ကထက္ပိုျပီးထိထိေရာက္ေရာက္ျပဳလုပ္သြားလိမ္႔မယ္လို႔ သတင္းဌာနေတြက ခန္႔မွန္းထားၾကပါတယ္။

(Unicodeျဖင့္ ဖတ္ရန္)

စိတ်ကျရောဂါကြောင့် အောက်တိုဘာလ ၁၄ ရက်နေ့တုန်းက သူမကိုယ်သူမ အဆုံးစီရင်သွားခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးသရုပ်ဆောင်တစ်ယောက်ဖြစ်သူ Sulli ကွယ်လွန်တာနဲ့ပတ်သတ်ပြီး မကောင်းပြောထားတဲ့သူတွေ အကုန်လုံးကိုအရေးယူမှာဖြစ်ကြောင်း အောက်တိုဘာလ ၁၉ ရက်တုန်းက Channel A သတင်းဌာနကနေ ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။

Sulliဟာဆိုရင် စိတ်ကျဝေဒနာမခံစားရခင်အချိန်ကတည်းက တခြားသောစိတ်ပိုင်းဆိုင်ရာရောဂါ ၂ မျိုးဖြစ်တဲ့ Social Anxiety Disorder နဲ့ Panic Disorder တွေကို ရင်ဆိုင်ခံစားခဲ့ရသူဖြစ်ကြောင်းကို သူမကိုယ်တိုင်ဝန်ခံပြောပြခဲ့ဖူးပါတယ်။

Social Anxiety Disorder ဆိုတာကတော့ လူအများနဲ့တွေ့ဆုံရမှာကို ကြောက်ရွံ့တဲ့ရောဂါဖြစ်ပြီး Panic Disorder ကတော့ ရုတ်တရက်အသက်ရှုမရလောက်အောင် ထိတ်လန့်တတ်တဲ့ရောဂါမျိုး ဖြစ်ပါတယ်။

ဒီလိုမျိုးစိတ်ပိုင်းဆိုင်ရာရောဂါတွေကို ရရှိထားခဲ့တဲ့ သူမဟာ သူမရဲ့ လွတ်လပ်စွာပြောဆိုနေထိုင်တတ်တဲ့ပုံစံတွေကြောင့် အသက် ၂၀ ကျော်အရွယ်လောက်ကတည်းက မကောင်းပြောထားတဲ့ဝေဖန်ချက်တွေများစွာကိုရရှိခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ တဖြည်းဖြည်းဆိုသလို စိတ်ကျရောဂါဝင်ရောက်လာခဲ့ပေမယ့်လည်း ဒီလိုဝေဖန်ချက်တွေကို သိပ်ပြီးဂရုမစိုက်တတ်တဲ့ သူမရဲ့ပုံစံကြောင့် ပရိသတ်တွေအနေနဲ့ သူမကို ရောဂါဝေဒနာခံစားနေရတယ်လို့ မထင်မှတ်ခဲ့ကြပါဘူး။

သူမ သက်ရှိထင်ရှားရှိစဉ်အချိန်တုန်းက သူမနဲ့ပတ်သက်ပြီး တက်လာတဲ့သတင်းတွေမှာဆိုရင် မကောင်းပြောတိုက်ခိုက်ထားတ့ ဝေဖန်ချက်အရေအတွက်ဟာ သန်းနဲ့ချီအောင် ရှိခဲ့တာဖြစ်ပါတယ်။

ဒီလိုမျိုး ပြင်းထန်လှတဲ့ထိုးနှက်ချက်တွေကို မခံစားနိုင်တော့တဲ့အဆုံးမှာတော့ သူမကိုယ်သူမ အဆုံးစီရင်သွားခဲ့တဲ့အတွက် သူမရဲ့ကွယ်လွန်မှုသတင်းဟာ တောင်ကိုရီးယားနိုင်ငံအတွင်းမှာရော၊ နိုင်ငံတကာက မီဒီယာသတင်းဌာနတွေမှာရော အတော်လေးကို ပျံ့နှံ့ခဲ့ပါတယ်။

သူမရဲ့ ကွယ်လွန်မှုသတင်းကြောင့် ပူဆွေးဝမ်းနည်းနေကြတဲ့ ပရိသတ်တွေရှိကြသလို တချို့သောသူတွေကတော့ သူမ ကွယ်လွန်တာနဲ့ ပတ်သတ်ပြီး လှောင်ပြောင်သရော်မှုတွေရှိနေဆဲပါ။

ဒါကြောင့် သူမ ကွယ်လွန်တာနဲ့ပတ်သတ်ပြီး လူမှုကွန်ရက်တွေမှာ မကောင်းတဲ့ရည်ရွယ်ချက်နဲ့ ပြောထားကြတာတွေ၊ လှောင်ပြောင်သရော်ထားတာတွေကို အရေးယူမယ်ဆိုတဲ့ကြေညာချက်ကို ထုတ်ပြန်လိုက်ရခြင်းဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ ဆိုက်ဘာပြစ်မှုဥပဒေနဲ့ပတ်သတ်ပြီး တိုင်ကြားတဲ့အခါမှာ ပြင်းထန်စွာအရေးယူတတ်တဲ့နိုင်ငံမျိုးဖြစ်ပါတယ်။ တကယ်လို့များ သင်ဟာ ကွန်မန့်တစ်ခုကိုပေးပြီး သင့်ရဲ့အကောင့်ကို ဖျက်လိုက်ပြီဆိုပါစို့။

နည်းပညာပိုင်းမှာ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဖြစ်သည့်အလျောက် ဆိုက်ဘာရဲတွေဟာ သင့်ရဲ့အကောင့်ကို ပြန်လည်ရှာဖွေနိုင်တယ်လို့ (ထုတ်ပြန်ကြေငြာချက်မှာ) ဆိုပါတယ်။

ပြန်လည်ရှာဖွေပြီးနောက်တွေ့ရှိခဲ့ချိန်မှာ သင်ဟာ တောင်ကိုရီးယားနိုင်ငံသား မဟုတ်ဘူးဆိုရင်တောင် နိုင်ငံတကာ ဆိုက်ဘာအက်ဥပဒေအရ အရေးယူလို့ရနိုင်တယ်လို့ သိရပါတယ်။

အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ဖမ်းမိခဲ့ပြီဆိုရင်လည်း ပြစ်မှုကျူးလွန်သူက အသက်မပြည့်ဘူးဆိုရင် အသေးဆုံးအပြစ်ဒဏ်အနေနဲ့ ဒဏ်ငွေ သိန်း ၅၀ ပေးဆောင်ရမှာဖြစ်တဲ့အပြင်. .

မိသားစုအရှေ့(သို့မဟုတ်) အများပြည်သူအရှေ့မှာ မိမိရေးခဲ့တဲ့ ကွန်မန့်ကို အသံကျယ်ကျယ်နဲ့ အကြိမ်ကြိမ်ဖတ်ပြရတယ်လို့ ဖော်ပြထားပါတယ်။

အသက်ပြည့်ပြီးသူဆိုရင်တော့ ကျူးလွန်ခဲ့တဲ့ပြစ်မှုအလိုက် ထောင်ဒဏ် ၂ နှစ်ကနေ ၇ နှစ်အထိနဲ့ ငွေဒဏ် သိန်း ၅၀ ကနေ သိန်း ၇၀၀ အထိ ကျခံရနိုင်တယ်လိုု့ ဖော်ပြထားချက်တွေအရ သိရပါတယ်။

Sulli ဟာ မကောင်းပြောဝေဖန်တိုက်ခိုက်မှုတွေကို ရရှိပြီးနောက် ကွယ်လွန်သွားခဲ့တာဖြစ်တဲ့အတွက် လတ်တလော တောင်ကိုရီးယားနိုင်ငံမှာ. .

အွန်လိုင်းကနေတဆင့် မကောင်းပြောတိုက်ခိုက်ကြသူတွေကို ပြင်းပြင်းထန်ထန်အရေးယူနိုင်မယ့် “Sulli ဥပဒေ” ကို ထုတ်ဖို့အတွက် ပြင်ဆင်နေကြတဲ့အချိန်ကြောင့် အရေးယူမှုကို အရင်ကထက်ပိုပြီးထိထိရောက်ရောက်ပြုလုပ်သွားလိမ့်မယ်လို့ သတင်းဌာနတွေက ခန့်မှန်းထားကြပါတယ်။crd