“ကိုယ့္မိဘကို မသတ္မိပါေစနဲ့” . .မိဘကို အသက္ေသေအာင္ သတ္မွ သတ္တာမဟုတ္ပါဘူး. .

(Zawgyiျဖင့္ ဖတ္ရန္)

“ကိုယ့္မိဘကို မသတ္မိပါေစနဲ့! မိဘကို အသက္ အသက္ေသေအာင္ သတ္မွ သတ္တာမဟုတ္ပါဘူး”. .သဒၶါတရားမရွိတဲ့ မိဘကို. သဒၶါတရားရွိေအာင္ ဖန္တီးမေပးနိုင္ရင္….

အိုမင္းမစြမ္းတဲ့ မိဘကို ကိုယ္ထိလက္ေရာက္ ျပုစုမေပးပဲ မ်က္ႏွာလြဲခဲပစ္ လုပ္ေနရင္..၊ကိုယ္ကေတာ့ ေကာင္းေကာင္းစားေနျပီး မိဘေတြကေတာ့ ကိုယ့္ေလာက္ ေကာင္းေအာင္ မစားရဘဲ ခ်ိဳ႕တဲ့ေနျပီဆိုရင္…

ပင္ပန္းႀကီးစြာ ရွာေဖြစားေသာက္ေနရတဲ့ မိဘေတြကိုကူညီနိုင္ပါလွ်က္ မကူညီခဲ့ဘူးဆိုရင္. .အဲ့ဒါေတြထဲဲက တခ်က္ခ်က္နဲ ့ ျငိေနမယ္ဆိုရင္လည္း မိဘကို သတ္ေနတာပါပဲ. . . .

ဒီဘဝ တစ္သက္တာမွာ မိဘေတြ “တစ္ဘဝပဲ ေသမွာပါ” သဒၶါတရားမရွိဘဲ. .ေသသြားရင္ ဝိပႆနာတရားေတြထြန္းကားေနပါလွ်က္…ကိုယ့္မိဘ ဝိပႆနာတရားေတာ္ကို မထိေတြ႕ရပဲ. .ေသသြားခဲ့မယ္ဆိုရင္ ကိုယ့္မိဘကို တစ္သံသရာလံုး သတ္ေနသလိုပါပဲ. .

ကိုယ္ တရားမေဟာနိုင္ေတာင္ ရိပ္သာေတာ့ ေရာက္ေအာင္ပို ့ေပးၾကရမယ္။ ရိပ္သာမသြားနိုင္ေတာ့ဘူးဆိုရင္ေတာင္ အိမ္မွာ ဝိပႆနာအလုပ္ေပးတရားေတာ္ေတြကို နာနိင္ေအာင္ ရႈ႕မွတ္တတ္ေအာင္ စီစဥ္ေပးနိုင္ရမယ္. . . .

ကိုယ့္ကို ပညာတတ္ေအာင္ ျပဳစုပ်ိဳးေထာင္ေနရလို့ သူတိုမွာ တရားဘာဝနာကို ငယ္ငယ္က အားထုတ္ဖို့ အခ်ိန္မေပးနိုင္ခဲ့ဘူး..။ကိုယ္က ပညာတတ္လို ့ ျပန္ျပီး ျပဳစု ရမယ့္ အလွည့္ေရာက္တဲ့အခါမွာ မိဘကို တရားနဲ့ ေက်းဇူးမဆပ္နိင္ဘူးဆိုရင္ေတာ့ အဲဒီသားသမီးဟာ မိဘကိုသတ္ေနတာပါပဲ. . ။သားေကာင္းသမီးေကာင္းမ်ား ျဖစ္နိုင္ျကပါေစ. . ။(ဦးျမင္​့ခိုင္​)

မိဘကို ေငြေျကး/စားစရာမ်ားနဲ့ ေက်းဇူးဆပ္သလို တရားဘာဝနာမ်ား အားထုတ္နိုင္ေအာင္လည္း ကူညီပံ့ပိုး စီစဥ္ေပးျကျပီး ေက်းဇူးဆပ္ျကရပါမယ္။

မိဘေတြက ကိုယ့္ကို သူတို့ရဲ႕ ေခြ်းစက္ေတြနဲ့ ရုန္းကန္ရွာေဖြကာ ပုခုံးထမ္းျပီး အျမင့္ေရာက္ေအာင္ ပညာေတြ တတ္ေအာင္ ဗဟုသုတ အသိအျမင္ေတြရွိေအာင္ ျကိုးပမ္းအားထုတ္ေပးခဲ့ျက..ေကြ်းေမြးျပုစု ေစာင့္ေရွာက္ခဲ့ျကရပါတယ္။

ဒါ႔ေျကာင့္ ကိုယ္ အေတာင္စုံ အရြယ္ေရာက္လို့ ရွာေဖြလုပ္ကိုင္နိုင္ခ်ိန္မွာ မိဘေတြကိုလည္း တလွည့္ျပန္ျကည့္ျပီး လုပ္ေကြ်းျပုစုေပးျကျခင္းျဖင့္ ေမြးေက်းဇူး/ေကြ်းေက်းဇူးမ်ားကို အတတ္နိုင္ဆုံး ေက်ေအာင္ ဆပ္ျကဖို့ လိုအပ္ပါတယ္။

(Unicodeျဖင့္ ဖတ္ရန္)

“ကိုယ့်မိဘကို မသတ်မိပါစေနဲ့! မိဘကို အသက် အသက်သေအောင် သတ်မှ သတ်တာမဟုတ်ပါဘူး”. .သဒ္ဓါတရားမရှိတဲ့ မိဘကို. သဒ္ဓါတရားရှိအောင် ဖန်တီးမပေးနိုင်ရင်….

အိုမင်းမစွမ်းတဲ့ မိဘကို ကိုယ်ထိလက်ရောက် ပြုစုမပေးပဲ မျက်နှာလွဲခဲပစ် လုပ်နေရင်..၊ကိုယ်ကတော့ ကောင်းကောင်းစားနေပြီး မိဘတွေကတော့ ကိုယ့်လောက် ကောင်းအောင် မစားရဘဲ ချို့တဲ့နေပြီဆိုရင်…

ပင်ပန်းကြီးစွာ ရှာဖွေစားသောက်နေရတဲ့ မိဘတွေကိုကူညီနိုင်ပါလျှက် မကူညီခဲ့ဘူးဆိုရင်. .အဲ့ဒါတွေထဲက တချက်ချက်နဲ့ ငြိနေမယ်ဆိုရင်လည်း မိဘကို သတ်နေတာပါပဲ. . . .

ဒီဘဝ တစ်သက်တာမှာ မိဘတွေ “တစ်ဘဝပဲ သေမှာပါ” သဒ္ဓါတရားမရှိဘဲ. .သေသွားရင် ဝိပဿနာတရားတွေထွန်းကားနေပါလျှက်…ကိုယ့်မိဘ ဝိပဿနာတရားတော်ကို မထိတွေ့ရပဲ. .သေသွားခဲ့မယ်ဆိုရင် ကိုယ့်မိဘကို တစ်သံသရာလုံး သတ်နေသလိုပါပဲ. .

ကိုယ် တရားမဟောနိုင်တောင် ရိပ်သာတော့ ရောက်အောင်ပို့ပေးကြရမယ်။ ရိပ်သာမသွားနိုင်တော့ဘူးဆိုရင်တောင် အိမ်မှာ ဝိပဿနာအလုပ်ပေးတရားတော်တွေကို နာနိင်အောင် ရှု့မှတ်တတ်အောင် စီစဉ်ပေးနိုင်ရမယ်. . . .

ကိုယ့်ကို ပညာတတ်အောင် ပြုစုပျိုးထောင်နေရလို့ သူတိုမှာ တရားဘာဝနာကို ငယ်ငယ်က အားထုတ်ဖို့ အချိန်မပေးနိုင်ခဲ့ဘူး..။ကိုယ်က ပညာတတ်လို့ ပြန်ပြီး ပြုစု ရမယ့် အလှည့်ရောက်တဲ့အခါမှာ မိဘကို တရားနဲ့ ကျေးဇူးမဆပ်နိင်ဘူးဆိုရင်တော့ အဲဒီသားသမီးဟာ မိဘကိုသတ်နေတာပါပဲ. . ။သားကောင်းသမီးကောင်းများ ဖြစ်နိုင်ကြပါစေ. . ။(ဦးမြင့်ခိုင်)

မိဘကို ငွေကြေး/စားစရာများနဲ့ ကျေးဇူးဆပ်သလို တရားဘာဝနာများ အားထုတ်နိုင်အောင်လည်း ကူညီပံ့ပိုး စီစဉ်ပေးကြပြီး ကျေးဇူးဆပ်ကြရပါမယ်။

မိဘတွေက ကိုယ့်ကို သူတို့ရဲ့ ချွေးစက်တွေနဲ့ ရုန်းကန်ရှာဖွေကာ ပုခုံးထမ်းပြီး အမြင့်ရောက်အောင် ပညာတွေ တတ်အောင် ဗဟုသုတ အသိအမြင်တွေရှိအောင် ကြိုးပမ်းအားထုတ်ပေးခဲ့ကြ..ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့ကြရပါတယ်။

ဒါ့ကြောင့် ကိုယ် အတောင်စုံ အရွယ်ရောက်လို့ ရှာဖွေလုပ်ကိုင်နိုင်ချိန်မှာ မိဘတွေကိုလည်း တလှည့်ပြန်ကြည့်ပြီး လုပ်ကျွေးပြုစုပေးကြခြင်းဖြင့် မွေးကျေးဇူး/ကျွေးကျေးဇူးများကို အတတ်နိုင်ဆုံး ကျေအောင် ဆပ်ကြဖို့ လိုအပ်ပါတယ်။