ချစ်ရည်လူးဖို့လာခဲ့ပေမဲ့ အားလျော့နေလို့ဆိုပြီး ချစ်သူကိုဓားနဲ့ထိုးသတ်ခဲ့တဲ့ အမျိုးသမီးရဲ့ အဖြစ် ..

(Zawgyi ဖြင့်ဖတ်ရန်)






ဒါပေမယ့် သူမကိုယ့်ကိုယ်ကိုအဆုံးစီရင်ပစ်မှာကိုရိပ်မိခဲ့တဲ့ အစ်မဖြစ်သူက သူမကိုတားပြီး မလုပ်ဖို့စိတ်ဖြောင်းဖျပေးခဲ့ပါတယ်.သို့သော် အဆုံးမှာတော့ အစ်မဖြစ်သူက ဖြစ်ကြောင်းကုန်စင်ကို သိရှိသွားခဲ့လို့ သူမကိုလူသတ်မှုဖြင့် ရဲစခန်းသို့ တိုင်ကြားပစ်ခဲ့ပါတော့တယ်။




(Unicode ဖြင့်ဖတ်ရန်)

ချစ်သူနဲ့ချစ်တင်းနှောဖို့ အားအင်ချိနဲ့နေခဲ့တဲ့ င်္ဂါကြောင့် အမျိုးသားတစ်ဦးဟာ အသက်သေဆုံးသည်အထိ ဓားနှင့်ထိုးသတ်ခြင်းခံခဲ့ရပါတယ် ။ ဖြစ်စဉ်ကတော့ အသက် 47 နှစ်အရွယ် Guo အမည်ရှိတဲ့အမျိုးသားဟာ

မကြာခဏပျက်လိုက်ဆက်လိုက် တွဲနေခဲ့တဲ့ သူ၏ အသက် 39 နှစ်အရွယ် Ms.You ကို တစ်မနက်မှာတော့ ချစ်ရည်လူးဖို့ဆိုပြီး သူ၏နေအိမ်ကိုအလည်လာဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

သို့ပေမဲ့လည်း Ms.Youရောက်လာခဲ့ပြီး ချစ်ရည်လူးဖို့ကြံခဲ့ပေမဲ့လည်း Guoရဲ့အင်္ဂါဟာ အတော်လေးကိုအားနဲနေခဲ့ပါတယ်..ထို့ကြောင့် Ms.Youဟာ ရိပ်မိခဲ့ပြီးစစ်ဆေးခဲ့ချိန်မှာတော့ Guo ဟာ အခြားအမျိုးသမီးနှင့်အတူတူ အိပ်စက်ခဲ့ပြီးခဲ့၍ အားနဲနေခဲ့တာဖြစ်ကြောင်း သိရှိ သွားခဲ့ပါတယ်.။

ထို့ကြောင့်Ms.Youဟာ သူမနှင့်ချစ်သူဖြစ်ခဲ့တဲ့တစ်လျှောက်လုံး အမြဲလိမ်လည်လှည့်စားခဲ့တဲ့ Guo ကိုသည်းမခံနိုင်တော့ဘဲ ” ငါတို့နောက်ဘဝကျရင် ထပ်မတွေ့ဘဲ နေကြရအောင် ၊ ငါနင့်ဆီကိုလိုက်လာခဲ့မယ် ”

ဟုပြောဆိုခဲ့ပြီး Guoရဲ့လည်ပင်း နှင့် ဝမ်းဗိုက်တို့ကို သေစေလောက်တဲ့အထိ ဓားနှင့်ထိုးသတ်ပြီး သူမကိုယ့်ကိုလည်း အဆုံးစီရင်ပစ်ဖို့ အိမ်သို့ပြန်လာခဲ့ပါတော့တယ်…။

ဒါပေမယ့် သူမကိုယ့်ကိုယ်ကိုအဆုံးစီရင်ပစ်မှာကိုရိပ်မိခဲ့တဲ့ အစ်မဖြစ်သူက သူမကိုတားပြီး မလုပ်ဖို့စိတ်ဖြောင်းဖျပေးခဲ့ပါတယ် ။ သို့သော် အဆုံးမှာတော့ အစ်မဖြစ်သူက ဖြစ်ကြောင်းကုန်စင်ကို သိရှိသွားခဲ့လို့ သူမကိုလူသတ်မှုဖြင့် ရဲစခန်းသို့ တိုင်ကြားပစ်ခဲ့ပါတော့တယ်။

Ms.You ကိုရဲအရာရှိများ ဖမ်းဆီးခဲ့ချိန်မှာတော့ သူမက “သူ့ဟာအားပျော့နေကတည်းကကျွန်မသိတယ် သူတခြားသူတစ်ယောက်နဲ့လိင်ဆက်ဆံခဲ့တယ်ဆိုတာ “ဆိုပြီးပြောဆိုခဲ့ပါသေးတယ်။

ထို့အပြင် အရင်ချိန်က Guo ဟာရည်းစား 3ယောက်လောက်တစ်ကြိမ်တည်းထားပြီးပွေရှုတ်ခဲ့ပေမဲ့ သူမက ခွင့်လွတ်ပေးခဲ့ကြောင်းနှင့် သူမကို အသုံးချခံသတ်သတ်တာတွဲခဲ့ပြီး ၊ သူမကိုလိုအပ်တဲ့အချိန်မှ ခေါ်ခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

အဆိုပါအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့နှစ် July လမှာဖြစ်ပျက်ခဲ့တာဖြစ်ပေမဲ့လည်း ယခုချိန်မှာမှ သူမကို ထောင်ဒဏ်15 နှစ်ချမှတ်ခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်…။ခရက်ဒစ်