႐ုပ္ရွင္ဥကၠ႒ရာထူးမွ ႏွုတ္ထြက္စာတင္လိုက္တဲ့ အကယ္ဒမီ ဇင္ဝိုင္း. .

(Zawgyiျဖင့္ ဖတ္ရန္)

ျမန္မာနိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး ဥကၠဌတာဝန္ကို ၂၀၁၇ ခုႏွစ္က စၿပီး ဒုတိယအႀကိမ္ေျမာက္ တာဝန္ထမ္းေဆာင္ခဲ့တဲ့ အကယ္ဒမီဇင္ဝိုင္းကေတာ့ ဒီေန႔မွာ ဥကၠ႒ရာထူးက ႏွုတ္ထြက္ဖို့ ႏွုတ္ထြက္စာတင္ခဲ့ေၾကာင္း သိရွိရသည္။

အကယ္ဒမီဇင္ဝိုင္းတြင္ က်န္းမာေရးအေျခအေနမ်ား ႏွင့္ ဥကၠ႒ တာဝန္ထမ္းေဆာင္ခဲ့တဲ့ ၂ ႏွစ္ေက်ာ္အတြင္း ႐ုပ္ရွင္၊ ဇာတ္ကားရွင္၊ ထုတ္လုပ္သူေတြနဲ႔ အလုပ္လုပ္သည့္အခံ စိတ္ညစ္စရာအေျခအေနနဲ႔ ကိစၥရပ္ေတာ္ေတာ္မ်ားမ်ားမွာလည္း ကိုယ္ဖိရင္ဖိလုပ္တယ္။

မအိပ္မစား အလုပ္ေတြလည္းလုပ္တယ္။ ညဘက္ေတြေရာက္ေတာ့လည္း အိပ္မေပ်ာ္၊ စိတ္ဖိစီးမွုေတြရွိတဲ့ အေျခအေနေတြရွိသည္ဟု ႐ုပ္ရွင္အစည္းအ႐ုံးရဲ့ အတြင္းေရးမွူးျဖစ္သူ ဒါရိုက္တာ ညီညီထြန္းလြင္က ေျပာၾကားခဲ့ေၾကာင္း သိရွိရသည္။

‘’ ဦးဇင္ဝိုင္းျဖစ္ေစခ်င္တာကေတာ့ အခု အကယ္ဒမီေပးပြဲအၿပီး ဥကၠ႒ေရြးပြဲကို ေနာက္ႏွစ္ မတ္လ၊ ဧၿပီလ ေလာက္ကို ႀကိဳလုပ္ေစခ်င္တာပါ။ စည္းမ်ဥ္း၊စည္းကမ္းနဲ႔ မူဝါဒေတြမွာ နာယကေတြအေနနဲ႔က်ေတာ့ လုပ္လို့က အဆင္မေျပျဖစ္ေနတယ္။

မူဝါဒအရ ေစာေစာလုပ္လို့လည္း မရဘူး။ ၃ ႏွစ္ျပည့္မွ ေရြးရမယ္လို့လည္း သိထားပါတယ္။ သူက အခုထြက္ေတာ့မယ္ဆိုေတာ့ ဥကၠ႒ ထပ္ေရြးဖို့အတြက္ ဘာမွမလုပ္ရေသးဘူး။ စည္းမ်ဥ္းအတိုင္းဆိုရင္ေတာ့ ေရွ႕ႏွစ္ စက္တင္ဘာလမွ လုပ္လို့ရမွာ။

သူက က်န္းမာေရးဖိစီးမွုေတြေၾကာင့္ အကယ္ဒမီေပးပြဲအထိေတာင္ ဆက္ၿပီးေတာ့ မထမ္းေဆာင္နိုင္တာ ျဖစ္သြားတယ္’’ လို့ ဆက္လက္ေျပာၾကားခဲ့ေၾကာင္း သိရွိရသည္။

ဥကၠ႒ရာထူးက ႏွုတ္ထြက္စာနဲ႔ ပတ္သက္ၿပီး ႐ုပ္ရွင္အစည္းအ႐ုံးမွ တာဝန္ရွိသူေတြ အစည္းအေဝးလုပ္ၿပီး ဆုံးျဖတ္ခ်က္ခ်ရဦးမယ္လို့ ၎က ဆက္လက္ေျပာၾကားခဲ့ေၾကာင္း သိရွိရသည္။ ဦးဇင္ဝိုင္းအေနနဲ႔ကေတာ့ လစ္လပ္သြားမယ့္ ႐ုပ္ရွင္အစည္းအ႐ုံး ဥကၠ႒ ရာထူးအတြက္ ဥကၠ႒အသစ္ကို အျမန္ဆုံးေရြးခ်ယ္ေစခ်င္တယ္လို့ သိရွိရသည္။

ဦးဇင္ဝိုင္းကေတာ့ ၂၀၂၀ ခုႏွစ္ ေအာက္တိုဘာလ အတြင္းမွာက်ေရာက္မယ့္ ႐ုပ္ရွင္ ႏွစ္ ၁၀၀ ျပည့္ပြဲမွာလည္း ဥကၠ႒တစ္ေယာက္အေနနဲ႔ မဟုတ္ဘဲ ႐ုပ္ရွင္ေလာကသားတစ္ေယာက္အျဖစ္ ပါဝင္ကူညီေဆာင္ရြက္သြားမယ္လို့ သိရွိရသည္။

(Unicodeျဖင့္ ဖတ္ရန္)

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌတာဝန်ကို ၂၀၁၇ ခုနှစ်က စပြီး ဒုတိယအကြိမ်မြောက် တာဝန်ထမ်းဆောင်ခဲ့တဲ့ အကယ်ဒမီဇင်ဝိုင်းကတော့ ဒီနေ့မှာ ဥက္ကဋ္ဌရာထူးက နှုတ်ထွက်ဖို့ နှုတ်ထွက်စာတင်ခဲ့ကြောင်း သိရှိရသည်။

အကယ်ဒမီဇင်ဝိုင်းတွင် ကျန်းမာရေးအခြေအနေများ နှင့် ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့တဲ့ ၂ နှစ်ကျော်အတွင်း ရုပ်ရှင်၊ ဇာတ်ကားရှင်၊ ထုတ်လုပ်သူတွေနဲ့ အလုပ်လုပ်သည့်အခံ စိတ်ညစ်စရာအခြေအနေနဲ့ ကိစ္စရပ်တော်တော်များများမှာလည်း ကိုယ်ဖိရင်ဖိလုပ်တယ်။

မအိပ်မစား အလုပ်တွေလည်းလုပ်တယ်။ ညဘက်တွေရောက်တော့လည်း အိပ်မပျော်၊ စိတ်ဖိစီးမှုတွေရှိတဲ့ အခြေအနေတွေရှိသည်ဟု ရုပ်ရှင်အစည်းအရုံးရဲ့ အတွင်းရေးမှူးဖြစ်သူ ဒါရိုက်တာ ညီညီထွန်းလွင်က ပြောကြားခဲ့ကြောင်း သိရှိရသည်။

‘’ ဦးဇင်ဝိုင်းဖြစ်စေချင်တာကတော့ အခု အကယ်ဒမီပေးပွဲအပြီး ဥက္ကဋ္ဌရွေးပွဲကို နောက်နှစ် မတ်လ၊ ဧပြီလ လောက်ကို ကြိုလုပ်စေချင်တာပါ။ စည်းမျဉ်း၊စည်းကမ်းနဲ့ မူဝါဒတွေမှာ နာယကတွေအနေနဲ့ကျတော့ လုပ်လို့က အဆင်မပြေဖြစ်နေတယ်။

မူဝါဒအရ စောစောလုပ်လို့လည်း မရဘူး။ ၃ နှစ်ပြည့်မှ ရွေးရမယ်လို့လည်း သိထားပါတယ်။ သူက အခုထွက်တော့မယ်ဆိုတော့ ဥက္ကဋ္ဌ ထပ်ရွေးဖို့အတွက် ဘာမှမလုပ်ရသေးဘူး။ စည်းမျဉ်းအတိုင်းဆိုရင်တော့ ရှေ့နှစ် စက်တင်ဘာလမှ လုပ်လို့ရမှာ။

သူက ကျန်းမာရေးဖိစီးမှုတွေကြောင့် အကယ်ဒမီပေးပွဲအထိတောင် ဆက်ပြီးတော့ မထမ်းဆောင်နိုင်တာ ဖြစ်သွားတယ်’’ လို့ ဆက်လက်ပြောကြားခဲ့ကြောင်း သိရှိရသည်။

ဥက္ကဋ္ဌရာထူးက နှုတ်ထွက်စာနဲ့ ပတ်သက်ပြီး ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူတွေ အစည်းအဝေးလုပ်ပြီး ဆုံးဖြတ်ချက်ချရဦးမယ်လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ကြောင်း သိရှိရသည်။ ဦးဇင်ဝိုင်းအနေနဲ့ကတော့ လစ်လပ်သွားမယ့် ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ရာထူးအတွက် ဥက္ကဋ္ဌအသစ်ကို အမြန်ဆုံးရွေးချယ်စေချင်တယ်လို့ သိရှိရသည်။

ဦးဇင်ဝိုင်းကတော့ ၂၀၂၀ ခုနှစ် အောက်တိုဘာလ အတွင်းမှာကျရောက်မယ့် ရုပ်ရှင် နှစ် ၁၀၀ ပြည့်ပွဲမှာလည်း ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ မဟုတ်ဘဲ ရုပ်ရှင်လောကသားတစ်ယောက်အဖြစ် ပါဝင်ကူညီဆောင်ရွက်သွားမယ်လို့ သိရှိရသည်။