“နာမည်ကြီး မင်းသမီး လည်း မဟုတ် အရံမင်းသမီးကများ ” ဆိုပြီး လာတိုက်ခိုက် ပြောဆိုတဲ့ သူတွေကို ခပ်ပြတ်ပြတ် ဒဲ့ပြောချလိုက်တဲ့ မေပန်းချီ ….

(Zawgyi ဖြင့်ဖတ်ရန်)











ခရက်ဒစ်

(Unicode ဖြင့်ဖတ်ရန်)

ချောမောလှပတဲ့ မျက်နှာလေး နဲ့ ဆွဲဆောင်မှုရှိတဲ့ ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတဲ့သ ရုပ်ဆောင် မေပန်းချီဟာ ဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ နိုင်ငံကျော် အနုပညာရှင်တစ်ဦးပါ။

သူမက လက်ရှိလူမှုကွန်ယက်မှာ နာမည်ကြီး ဝေဖန်ခံနေရတဲ့ အဆိုတော် ရူ့မငြီး ရဲ့ ကိုကို ဘာတွေလဲ MV နဲ့ ပတ်သက်ပြီး မဖြစ်သင့်ကြောင်း ပြောထားတာကြောင့် ပရိသတ်တချို့ က သူမကို တိုက်ခိုက်ပြောဆိုလာတာကြောင့် မေပန်းချီက ပြန်ပြောထားတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

မေပန်းချီ က အဆိုတော် ရူ့မငြီး ရဲ့ ကိုကို ဘာတွေလဲ MV နဲ့ ပတ်သက်ပြီး ပြောထားတာကြောင့် တစ်ချို့ ပရိသတ်တွေ ရဲ့ ပြောဆို တိုက်ခိုက်ခြင်း ခံနေရတာကြောင့် သူမ က ခုလို ပြန်ပြောထားပါတယ်။

“Cb မှာ လာပြောကျ ဆဲကျသူများ တစ်ခုပြောချင်ပါတယ် ဘာတဲ့ လူတိုင်းက ကိုယ့်သမိုင်း ကိုယ်ရေး ကျရမှာမွန်တယ် သို့သော် ကိုယ့်သမိုင်း ကိုယ်ရေးတဲ့ နေရာ မှာ အများပြည်သူတွေ မထိ ခိုက် ဖို့တော့လိုတယ် Ok ။

ကိုယ့်ထမင်းကိုယ်စား ပြီး ဟုတ်လား😂ဘယ်သူမှတော့ အမုန်းမခံကျဘူး ကြောက်လို့ငါကတော့ ငါချစ်တဲ့အလုပ်ုဖစ်တဲ့အတွက် တစ်ထောင့်တစ်နေရာက ကောင်းလာဖို့အမုန်းခံနေမှာပဲ။

ဘာတဲ့ ? နာမည်ကြီးမင်းသမီးလဲ မဟုတ်ဘူး အရံ မင်းသမီး ထားပါ 😌ဒီအနေအထားနဲ့ပြောရဲတယ်ဆိုလား ။ဘယ်သူမှ မပြောတော့ ငါပြောတယ်လေ 😁နာမည်ကြီးမှ ပြောလို့ရမှာလား 😁။ဘာတဲ့ attention ဝင်ယူတာ ဆိုလား အားလားလား attention ယူဖို့နည်းအဲ့လောက်မရှားဘူး အော့အော့” ဆိုပြီး ပြန်တုန့်ပြန်ထားပါတယ်။

လက်ရှိမှာ လည်း အဆိုတော် ရူ့မငြီး ရဲ့ ကိုကို ဘာတွေလဲ MV ကို ရူ့မငြီး နဲ့ အတူ ဝါရင့်သရုပ်ဆောင် မင်းဟိဏ်း တို့က သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။

သီချင်း MV က အရမ်းကို ကြမ်းလွန်းပြီး တကယ့်ပီပြင်တဲ့ နှုတ်ခမ်းအနမ်းများအပြင် အသက်မပြည့်သေးတဲ့ လူငယ်တွေ မကြည့်သင့်လောက်အောင် ရိုက်ကူးထားတာကြောင့် လက်ရှိမှာ ဝေဖန်မှုများစွာ ရှိနေပါတယ်။

သရုပ်ဆောင် မေပန်းချီ က သူမကို တိုက်ခိုက်ပြောဆို လာတဲ့ သူတွေကို ပြန်တုန့်ပြန်လိုက်တဲ့ အကြောင်း ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
ခရက်ဒစ်