“ကုမ္ပဏီထောင် စီးပွားရေးလုပ်နေတယ်ဆိုပေမယ့် ပိုက်ဆံရဖို့ထက်. .ဝန်ထမ်းတွေ အဆင်ပြေစေဖို့ အမြဲဦးစားပေး စဉ်းစားတယ်”ဆိုတဲ့ နီနီခင်ဇော်. .

(Zawgyiဖြင့် ဖတ်ရန်)











(Unicodeဖြင့် ဖတ်ရန်)

အဆိုပြိုင်ပွဲတွေမှာ ပြိုင်ပြီး နေရာတစ်နေရာ ရကာ ပရိသတ်အားပေးမှု အခိုင်အမာနဲ့ ရေရှည်အောင်မြင်မှုကို ထိန်းထားနိုင်တဲ့ အောင်မြင်ကျော်ကြားတဲ့ အဆိုတော်ဆိုတာ ခပ်ရှားရှားပါပဲနော်. . .။

အဆိုပြိုင်ပွဲတွေမှာ ဆုရ /လူသိများခဲ့သော်လည်း နာမည်ကျော်ကြားမှု ရေရှည်ရပ်တည်နိုင်မှုတွေ မရှိဖြစ်ခဲ့ကြတာ ဖြစ်နေတာတွေကို အားလုံးလည်း အသိပါပဲ။

ဒါပေမယ့် နီနီခင်ဇော်ကတော့ အဆိုပြိုင်ပွဲမှသည် ယနေ့အချိန်အထိ အောင်မြင်မှုတွေကို ဆက်လက်သယ်ဆောင်ယူလာနိုင်ခဲ့သော ပရိသတ်အချစ်တော် နာမည်ကျော်အဆိုတော်တစ်ယောက် ဖြစ်လာခဲ့သူဆို ငြင်းကြမယ် မထင်ပါဘူးနော်။

သူမဟာ Melody World ပြိုင်ပွဲက စလို့ အားပေးဝန်းရံသူ ဖန်များစွာ. .ကြိုးစားအားထုတ်မှု များစွာနဲ့ နာမည်ကြီးအဆိုတော်အဖြစ်နဲ့ရပ်တည်နိုင်ခဲ့သလို. .ယခုအချိန်မှာတော့ Super Red အလှကုန်ကုမ္ပဏီကို တည်ထောင်ထားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

အောင်မြင်တဲ့ အဆိုတော်တစ်ဦးအဖြစ် ရပ်တည်လာနိုင်ခဲ့ကာ ချစ်ခင်အားပေးသူတွေ အမြောက်အများ ပိုင်ဆိုင်ထားတံ့ နီနီဟာ သူမရဲ့ အလှကုန်ကုမ္ပဏီနဲ့ ပတ်သက်ပြီး အင်တာဗျူးတစ်ခုမှာ ယခုလို ပြောလာခဲ့ပါတယ်နော်။

ဒ “အဓိကကတော့ ကိုယ့်ရဲ့ဝန်ထမ်းတွေ စိတ်အားတက်ကြွဖို့အတွက် အမြဲတမ်းအလုပ်ပေးနိုင်ဖို့ အတွက်ပါပဲ. .။ပိုက်ဆံရဖို့အတွက်ကို ဦးမတည်ဘဲနဲ့ သူတို့ အမြဲတမ်းအလုပ်ရရှိရေးအတွက်ပေါ့နော်”ဆိုပြီး ပြောလာခဲ့ပါတယ်။

ဝန်ထမ်းတွေ အဆင်ပြေစေဖို့ ပြီးတော့ Motivation ရဖို့ကို စဉ်းစားတာပေါ့နော် သိပ်တော့မကျွမ်းသေးဘူး၊ဒါပေမဲ့ လေ့လာသင်ယူနေဆဲပါ” လို့ ကုမ္ပဏီကနေ အမြတ်များစွာရဖို့ထက် ကုမ္ပဏီရေရှည် တည်တံ့ရေးနဲ့ ဝန်ထမ်းတွေ အလုပ်မှာ အဆင်ပြေစေရေးကို အဓိကထား ကြိုးစားဆောင်ရွက်နေကြောင်း ပြောဆိုလာခဲ့ပါတယ်။

ဒါ့အပြင် ဝန်ထမ်းတွေရဲ့အကြောင်းကို သိလာချိန်မှာလည်း အရှူံးမပေးဘဲ လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ချင်ကြောင်းနဲ့ ဝန်ထမ်းတွေနဲ့အတူတူ ပိုမိုတိုးတက်တဲ့ အခြေအနေတွေရရှိအောင် လုပ်ကိုင်သွားချင်ကြောင်းလည်းပြောခဲ့ပါသေးတယ်။

စိတ်ထားကောင်းတဲ့ နီနီဟာ စီးပွားရေး လုပ်ရာမှာတောင်မှ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ရေးနဲ့ ဝန်းထမ်းတွေ ရေရှည် အလုပ်အဆင်ပြေစေရေးကို ပိုမိုဦးစားပေး ဆောင်ရွက်လျှက်ရှိကြောင်းကို သူမရဲ့ ပြောစကားများက သက်သေတည်နေတာကို လေးစားဖွယ် တွေ့မြင်နေရပါတယ် ချစ်ပရိသတ်ကြီးရေနော်။

ဝန်ထမ်းတွေအပေါ်မှာ အမှန်တကယ် စေတနာထားပြီးအများအဆင်ပြေစေဖို့ မေတ္တာရှေ့ထား လုပ်ကိုင်နေဆဲ့ နီနီကတော့ အဆိုတော်အဖြစ်သာမက စေတနာအကျိုးပေးပြီး အောင်မြင်တဲ့ ဒိတ်ဒိတ်ကြဲစီးပွားရေးလုပ်ငန်းပိုင်ရှင်တစ်ယောက်ဖြစ်လာနိုင်စေဖို့ မျှော်လင့်ရပါတယ်နော်။