ေစတီေပါင္း (၁၂၆)ဆူကို ေရႊထီးေတာ္တင္ဆက္ကပ္ျပီး ကေလးသူငယ္ (၅၂၀၀)ကို ရွင္ျပဳပြဲျပုလုပ္ က်င္းပေပးခဲ့တဲ့ နႏၵာလွိုင္တို႔ မိသားစု..

(Zawgyiျဖင့္ ဖတ္ရန္)

ျမန္မာ့အႏုပညာေလာကမွာ တခ်ိန္က လ်ွမ္းလ်ွမ္းေတာက္ နာမည္ႀကီးခဲ့တဲ့ မင္းသမီးေခ်ာ နႏၵာလိႈင္ဟာ ပရိသတ္ေတြရဲ႕ အသည္းေက်ာ္ ေပါ္ျပူလာအျဖစ္ဆုံးထဲမွာ ပါဝင္ခဲ့သူ မင္းသမီးတစ္ဦး ျဖစ္ပါတယ္။

စြဲေဆာင္မႈရိွၿပီး ေျပျပစ္လွပလြန္းတဲ့ နႏၵာလိႈင္က အခုခ်ိန္ထိလည္း လွေသြးႂကြယ္ေနဆဲ အမ်ိဳးသမီးတစ္ဦး ျဖစ္ပါတယ္။ နႏၵာလိႈင္က လက္ရိွမွာေတာ့ အႏုပညာလုပ္ငန္းေတြထက္ မိသားစုအေရးကိစၥေတြကို တာဝန္ယူေဆာင္ရြက္ေပးေနတဲ့ အိမ္ေထာင္႐ွင္မတစ္ေယာက္ အျဖစ္ ရပ္တည္ေနတာပဲ ျဖစ္ပါတယ္။

ဒီကေန႔ ဒီဇင္ဘာလ(၂၂)ရက္ေန႔မွာေတာ့ နႏၵာလိႈင့္ခင္ပြန္းရဲ႕ ေဇကမၻာမိသားစုက မေကြးတိုင္းေဒသႀကီး၊ ပြင့္ျဖဴၿမိဳ႕နယ္မွာ ေစတီေပါင္း (၁၂၆)ဆူတို႔အား ေ႐ႊထီးေတာ္ဆက္ကပ္ျခင္းႏွင့္ ရွင္အပါး (၅၂၀၀)ရွင္ျပဳအလွဴေတာ္မဂၤလာအခမ္းအနားကို ၿခိမ့္ၿခိမ့္သဲက်င္းပခဲ့ပါတယ္။

ဗုဒၶဂါယာ စႏၵကူးနံ႕သာေက်ာင္းေတာ္ရာေစတီေတာ္ျမတ္ႀကီး ပုရဝုဏ္အတြင္းရွိ ေစတီေပါင္း (၁၂၆)ဆူတို႔အား ရတနာစိန္ဖူးေတာ္ ၊ ရတနာငွက္ျမတ္နားေတာ္ ေ႐ႊထီးေတာ္ဆက္ကပ္ျခင္း..

လံုးေတာ္ျပည့္ေရႊေရာင္စတီး သကၤန္းကပ္လွဴျခင္း ဘက္စုံေအာင္ပြဲအထိမ္းအမွတ္အျဖစ္ ရဟန္း၊ရွင္သာမေဏအပါး(၅၂၀၀)တို႔အား သာသနာ့ေဘာင္သို႔သြတ္သြင္းျခင္း ရဟန္းခံရွင္ျပဳအလွဴေတာ္မဂၤလာအခမ္းအနားက်င္းပျခင္း၊

ဆြမ္းေအာင္ပြဲအလွဴေတာ္မဂၤလာအခမ္းအနားႏွင့္ ပင့္သံဃာအပါး(၂၀၀)ရဟန္း၊ရွင္သာမေဏအပါး(၅၂၀၀) တို႔အား ဆြမ္းဆန္စိမ္းေလာင္းလွဴျခင္း အလွဴေတာ္မဂၤလာအခမ္းအနားအား နႏၵာလိႈင္ကလည္း မိသားစုဝင္တစ္ေယာက္အေနနဲ့ တက္ျကြစြာ ပါဝင္ကုသိုလ္ယူေနတာကို ေတြ႕ျမင္ရပါတယ္ေနာ္..။

နႏၵာလိႈင္တို႔ မိသားစုက မၾကာခဏဆိုသလို ျမန္မာႏိုင္ငံအႏွံ႔အျပားမွာ အလွဴအတန္းေတြကို ၿခိမ့္ၿခိမ့္သဲ က်င္းပေလ့ရိွေျကာင္းလည္း သိရပါတယ္ေနာ္..ပရိသတ္ႀကီးလည္း နႏၵာလိႈင္တို႔ရဲ႕အလွဴေလးကို သာဓုေခၚေပးၾကဦးေနာ္။

(Unicodeျဖင့္ ဖတ္ရန္)

မြန်မာ့အနုပညာလောကမှာ တချိန်က လျှမ်းလျှမ်းတောက် နာမည်ကြီးခဲ့တဲ့ မင်းသမီးချော နန္ဒာလှိုင်ဟာ ပရိသတ်တွေရဲ့ အသည်းကျော် ပေါ်ပြူလာအဖြစ်ဆုံးထဲမှာ ပါဝင်ခဲ့သူ မင်းသမီးတစ်ဦး ဖြစ်ပါတယ်။

စွဲဆောင်မှုရှိပြီး ပြေပြစ်လှပလွန်းတဲ့ နန္ဒာလှိုင်က အခုချိန်ထိလည်း လှသွေးကြွယ်နေဆဲ အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ နန္ဒာလှိုင်က လက်ရှိမှာတော့ အနုပညာလုပ်ငန်းတွေထက် မိသားစုအရေးကိစ္စတွေကို တာဝန်ယူဆောင်ရွက်ပေးနေတဲ့ အိမ်ထောင်ရှင်မတစ်ယောက် အဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ(၂၂)ရက်နေ့မှာတော့ နန္ဒာလှိုင့်ခင်ပွန်းရဲ့ ဇေကမ္ဘာမိသားစုက မကွေးတိုင်းဒေသကြီး၊ပွင့်ဖြူမြို့နယ်မှာ စေတီပေါင်း (၁၂၆)ဆူတို့အား ရွှေထီးတော်ဆက်ကပ်ခြင်းနှင့် ရှင်အပါး (၅၂၀၀)ရှင်ပြုအလှူတော်မင်္ဂလာအခမ်းအနားကို ခြိမ့်ခြိမ့်သဲကျင်းပခဲ့ပါတယ်။

ဗုဒ္ဓဂါယာ စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော်မြတ်ကြီး ပုရဝုဏ်အတွင်းရှိ စေတီပေါင်း (၁၂၆)ဆူတို့အား ရတနာစိန်ဖူးတော်၊ရတနာငှက်မြတ်နားတော်..ရွှေထီးတော်ဆက်ကပ်ခြင်း။

လုံးတော်ပြည့်ရွှေရောင်စတီးသင်္ကန်းကပ်လှူခြင်း ဘက်စုံအောင်ပွဲအထိမ်းအမှတ်အဖြစ် ရဟန်း၊ရှင်သာမဏေအပါး (၅၂၀၀)တို့အား သာသနာ့ဘောင်သို့သွတ်သွင်းခြင်း ရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာအခမ်းအနားကျင်းပခြင်း..

ဆွမ်းအောင်ပွဲအလှူတော်မင်္ဂလာအခမ်းအနားနှင့် ပင့်သံဃာအပါး(၂၀၀)၊ ရဟန်း၊ရှင်သာမဏေအပါး(၅၂၀၀)တို့အား ဆွမ်းဆန်စိမ်းလောင်းလှူခြင်း အလှူတော်မင်္ဂလာအခမ်းအနားအား နန္ဒာလှိုင်ကလည်း မိသားစုဝင်တစ်ယောက်အနေနဲ့ တက်ကြွစွာ ပါဝင်ကုသိုလ်ယူနေတာကို တွေ့မြင်ရပါတယ်နော်..။

နန္ဒာလှိုင်တို့မိသားစုက မကြာခဏဆိုသလို မြန်မာနိုင်ငံအနှံ့အပြားမှာ အလှူအတန်းတွေကို ခြိမ့်ခြိမ့်သဲ ကျင်းပလေ့ရှိကြောင်းလည်း သိရပါတယ်နော်..ပရိသတ်ကြီးလည်း နန္ဒာလှိုင်တို့ရဲ့အလှူလေးကို သာဓုခေါ်ပေးကြဦးနော်။