ေတာင္ငူ ေကတုမတီျမို့သစ္ ေျကြသီးျဖင့္ ၂ ေလာင္းၿပိဳင္႐ိုက္သတ္ခဲ့ေသာအမႈမွ က်ဴးလြန္သူသားအဖႏွစ္ဦးအား စတင္စစ္ေဆးေတာ့မည္. .

(Zawgyiျဖင့္ ဖတ္ရန္)

ပဲခူးတိုင္းေဒသႀကီး ေတာင္ငူၿမိဳ႕နယ္ ေကတုမတီ(ၿမိဳ႕သစ္)တြင္ ၿပီးခဲ့ေသာ ေဖေဖာ္ဝါရီ ၂၁ ရက္နံနက္ပိုင္းက ျဖစ္ပြားခဲ့သည့္ လင္မယားႏွစ္ဦးအား သားအဖႏွစ္ဦးက လူျမင္ကြင္း၌ ဓာတ္တိုင္ေႂကြသီးျဖင့္ ႐ိုက္သတ္ခဲ့ေသာအမႈမွ. .

ျပစ္မႈပုဒ္မမ်ားအား ပဲခူးတိုင္းေဒသႀကီး တရားလႊတ္ေတာ္သို႔ တရားလို၊ တရားခံႏွစ္ဖက္လုံးမွ ျပင္ဆင္ခ်က္ ေလွ်ာက္ထားခဲ့ရာ ေတာင္ငူခ႐ိုင္ တရား႐ုံးက မူလစြဲခ်က္တင္ထားသည့္ ပုဒ္မမ်ားအတိုင္းသာ ဆက္လက္စစ္ေဆးရန္ တိုင္းေဒသႀကီး တရားလႊတ္ေတာ္က အမိန႔္ခ်မွတ္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔အမိန႔္ခ်မွတ္ၿပီးေနာက္ မူလစြဲခ်က္တင္ထားသည့္ ပုဒ္မမ်ားအတိုင္း ေတာင္ငူခ႐ိုင္တရား႐ုံးမွ ဆက္လက္စစ္ေဆးသြားမည္ျဖစ္ၿပီး လာမည့္႐ုံးခ်ိန္းတြင္ အမႈမွျပစ္မႈက်ဴးလြန္သူသားအဖအား ပထမဆုံး စတင္စစ္ေဆးေတာ့မည္ျဖစ္ေၾကာင္း ေတာင္ငူခ႐ိုင္ရဲတပ္ဖြဲ႕ထံမွ သိရသည္။

ယင္းအေျခအေနႏွင့္ ပတ္သက္ၿပီး ေတာင္ငူခ႐ိုင္ ရဲတပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက “ေအာက္႐ုံးက စြဲခ်က္တင္ထားတဲ့ အမိန႔္ဟာ အတည္ပဲဆိုၿပီးေတာ့ ျပန္ခ်ေပးတာေလ၊ ဒီေအာက္ကေနၿပီးေတာ့ ၃၀၂၊ ၃၀၂(၂) နဲ႔ စြဲခ်က္ေတြ အသီးသီးတင္ထားတာရွိတယ္ေလ..

အဲဒီအမိန႔္အတိုင္ပဲဆိုၿပီးေတာ့ ျပန္ၿပီးေတာ့ အမိန႔္ျပန္ခ်ေပးတာ။ ႐ုံးခ်ိန္းက တရားခံစစ္ေတြေရာက္ေနၿပီေလ၊ သူကတရားခံ စစ္ရမယ့္အခ်ိန္မွာ ျပင္ဆင္မႈတက္သြားေတာ့ အမႈတြဲက တိုင္းကို လႊဲလိုက္ရတဲ့အတြက္မို႔လို႔ အခုအမႈတြဲျပန္ေရာက္တယ္။

ျပန္ေရာက္တဲ့အခါက်ေတာ့ အဲ့ဒီေရာက္ေနတဲ့ေနရာကေန ဆက္စစ္မွာေပါ့၊ လာမယ့္ ၂၇ ရက္ေန႔မွာ ျပန္စစ္မယ္” ဟု ေျပာၾကားသည္။

ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ ၂၁ ရက္ေန႔ နံနက္ ၈ နာရီခန႔္က၊ ၿမိဳ႕သစ္နယ္ေျမရဲစခန္းအပိုင္ ေတာင္ငူၿမိဳ႕နယ္ ေကတုမတီၿမိဳ႕သစ္ မင္းႀကီးေဆြရပ္ကြက္ ရန္ကုန္-မႏၲေလး ကားလမ္းမေဟာင္းနံေဘး လူျမင္ကြင္း၌

ရန္ကုန္ၿမိဳ႕ေန လင္မယားႏွစ္ဦးျဖစ္သည့္ ဦးစိုးလင္းသန္း (ဗိုလ္မႉး-ၿငိမ္း) ၄၉ ႏွစ္(ဘ)ဦးသန္း၊ အဂၤလန္အေျခစိုက္ သေဘၤာကပၸတိန္ႏွင့္ ၎၏ဇနီးျဖစ္သူ ေဒၚေခ်ာစုစုလင္း ၄၅ ႏွစ္တို႔အား…

ေကတုမတီၿမိဳ႕သစ္ မင္းႀကီးေဆြရပ္ကြက္ေန ဦးရဲဝင္း ၅၁ ႏွစ္ႏွင့္ဖခင္ျဖစ္သူ ဦးတိုးၾကည္ ၇၆ ႏွစ္တို႔က ဓာတ္တိုင္ေႂကြသီးျဖင့္ မေသမခ်င္း႐ိုက္ခဲ့ရာမွ လင္မယားႏွစ္ဦးလုံးမွာ အခင္းျဖစ္ေနရာ၌ေသဆုံးမႈ ျဖစ္ပြားခဲ့သည္။

ယင္းျဖစ္စဥ္ကို ေတာင္ငူခ႐ိုင္တရား႐ုံး တြင္စစ္ေဆးလ်က္ရွိရာ သားျဖစ္သူဦးရဲဝင္းအား ရာဇသတ္ႀကီးပုဒ္မ ၃၀၂(၂)/ ၃၀၂ (၂)/ ၃၂၃ ျဖင့္လည္းေကာင္း၊ ဖခင္ျဖစ္သူ ဦးတိုးၾကည္အား ၃၀၂(၂)/ ၁၁၄/ ၃၀၂ (၂)/ ၁၁၄/ ၃၂၃/ ၁၁၄ တို႔ျဖင့္လည္းေကာင္း စစ္ေဆးလ်က္ရွိသည့္အျပင္

ေတာင္ငူၿမိဳ႕နယ္တရား႐ုံးကလည္း ၎တို႔သားအဖႏွစ္ဦးအား ျပည္သူပိုင္ပစၥည္း ကာကြယ္ေစာင့္ေရွာက္ေရးဥပေဒပုဒ္မ ၆ (၁) ျဖင့္လည္းေကာင္း သီးျခားစီ စြဲခ်က္တင္စစ္ေဆးခဲ့ျခင္း ျဖစ္သည္။

အဆိုပါစြဲခ်က္တင္စစ္ေဆးလ်က္ရွိသည့္ ရာဇသတ္ႀကီးပုဒ္မမ်ားအေပၚတြင္ တရားလိုဘက္မွ ျပစ္ဒဏ္နည္းသည္ဟူ၍လည္းေကာင္း၊ တရားခံျဖစ္သူဘက္မွလည္း ျပစ္ဒဏ္မွာမ်ားသည္ဟူ၍လည္းေကာင္း ယူဆျကကာ

ပဲခူးတိုင္းေဒသႀကီး တရားလႊတ္ေတာ္႐ုံးသို႔ ၿပီးခဲ့ေသာဇူလိုင္လအတြင္းက ျပင္ဆင္မႈတက္ခဲ့ျကျခင္းျဖစ္ေၾကာင္း သိရသည္။crd

(Unicodeျဖင့္ ဖတ္ရန္)

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ကေတုမတီ(မြို့သစ်)တွင် ပြီးခဲ့သော ဖေဖော်ဝါရီ ၂၁ ရက်နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် လင်မယားနှစ်ဦးအား သားအဖနှစ်ဦးက လူမြင်ကွင်း၌ ဓာတ်တိုင်ကြွေသီးဖြင့် ရိုက်သတ်ခဲ့သောအမှုမှ. .

ပြစ်မှုပုဒ်မများအား ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်သို့ တရားလို၊ တရားခံနှစ်ဖက်လုံးမှ ပြင်ဆင်ချက် လျှောက်ထားခဲ့ရာ တောင်ငူခရိုင် တရားရုံးက မူလစွဲချက်တင်ထားသည့် ပုဒ်မများအတိုင်းသာ ဆက်လက်စစ်ဆေးရန် တိုင်းဒေသကြီး တရားလွှတ်တော်က အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ထိုသို့အမိန့်ချမှတ်ပြီးနောက် မူလစွဲချက်တင်ထားသည့် ပုဒ်မများအတိုင်း တောင်ငူခရိုင်တရားရုံးမှ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ပြီး လာမည့်ရုံးချိန်းတွင် အမှုမှပြစ်မှုကျူးလွန်သူသားအဖအား ပထမဆုံး စတင်စစ်ဆေးတော့မည်ဖြစ်ကြောင်း တောင်ငူခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းအခြေအနေနှင့် ပတ်သက်ပြီး တောင်ငူခရိုင် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “အောက်ရုံးက စွဲချက်တင်ထားတဲ့ အမိန့်ဟာ အတည်ပဲဆိုပြီးတော့ ပြန်ချပေးတာလေ၊ ဒီအောက်ကနေပြီးတော့ ၃၀၂၊ ၃၀၂(၂) နဲ့ စွဲချက်တွေ အသီးသီးတင်ထားတာရှိတယ်လေ..

အဲဒီအမိန့်အတိုင်ပဲဆိုပြီးတော့ ပြန်ပြီးတော့ အမိန့်ပြန်ချပေးတာ။ ရုံးချိန်းက တရားခံစစ်တွေရောက်နေပြီလေ၊ သူကတရားခံ စစ်ရမယ့်အချိန်မှာ ပြင်ဆင်မှုတက်သွားတော့ အမှုတွဲက တိုင်းကို လွှဲလိုက်ရတဲ့အတွက်မို့လို့ အခုအမှုတွဲပြန်ရောက်တယ်။

ပြန်ရောက်တဲ့အခါကျတော့ အဲ့ဒီရောက်နေတဲ့နေရာကနေ ဆက်စစ်မှာပေါ့၊ လာမယ့် ၂၇ ရက်နေ့မှာ ပြန်စစ်မယ်” ဟု ပြောကြားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်နေ့ နံနက် ၈ နာရီခန့်က၊ မြို့သစ်နယ်မြေရဲစခန်းအပိုင် တောင်ငူမြို့နယ် ကေတုမတီမြို့သစ် မင်းကြီးဆွေရပ်ကွက် ရန်ကုန်-မန္တလေး ကားလမ်းမဟောင်းနံဘေး လူမြင်ကွင်း၌

ရန်ကုန်မြို့နေ လင်မယားနှစ်ဦးဖြစ်သည့် ဦးစိုးလင်းသန်း (ဗိုလ်မှူး-ငြိမ်း) ၄၉ နှစ်(ဘ)ဦးသန်း၊ အင်္ဂလန်အခြေစိုက် သင်္ဘောကပ္ပတိန်နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ချောစုစုလင်း ၄၅ နှစ်တို့အား…

ကေတုမတီမြို့သစ် မင်းကြီးဆွေရပ်ကွက်နေ ဦးရဲဝင်း ၅၁ နှစ်နှင့်ဖခင်ဖြစ်သူ ဦးတိုးကြည် ၇၆ နှစ်တို့က ဓာတ်တိုင်ကြွေသီးဖြင့် မသေမချင်းရိုက်ခဲ့ရာမှ လင်မယားနှစ်ဦးလုံးမှာ အခင်းဖြစ်နေရာ၌သေဆုံးမှု ဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဉ်ကို တောင်ငူခရိုင်တရားရုံး တွင်စစ်ဆေးလျက်ရှိရာ သားဖြစ်သူဦးရဲဝင်းအား ရာဇသတ်ကြီးပုဒ်မ ၃၀၂(၂)/ ၃၀၂ (၂)/ ၃၂၃ ဖြင့်လည်းကောင်း၊ ဖခင်ဖြစ်သူ ဦးတိုးကြည်အား ၃၀၂(၂)/ ၁၁၄/ ၃၀၂ (၂)/ ၁၁၄/ ၃၂၃/ ၁၁၄ တို့ဖြင့်လည်းကောင်း စစ်ဆေးလျက်ရှိသည့်အပြင်

တောင်ငူမြို့နယ်တရားရုံးကလည်း ၎င်းတို့သားအဖနှစ်ဦးအား ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၆ (၁) ဖြင့်လည်းကောင်း သီးခြားစီ စွဲချက်တင်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါစွဲချက်တင်စစ်ဆေးလျက်ရှိသည့် ရာဇသတ်ကြီးပုဒ်မများအပေါ်တွင် တရားလိုဘက်မှ ပြစ်ဒဏ်နည်းသည်ဟူ၍လည်းကောင်း၊ တရားခံဖြစ်သူဘက်မှလည်း ပြစ်ဒဏ်မှာများသည်ဟူ၍လည်းကောင်း ယူဆကြကာ

ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်ရုံးသို့ ပြီးခဲ့သောဇူလိုင်လအတွင်းက ပြင်ဆင်မှုတက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။crd