ကေလးေတြကို ေ႐ႊဝတ္ေပးတဲ့ မိဘမ်ား သင္ခန္းစာ ယူဖို႔ လႈိင္သာယာမွာ ျဖစ္သြားတဲ့ အျဖစ္အပ်က္. . .

(Zawgyiျဖင့္ ဖတ္ရန္)

မိဘေတြဟာ ကေလးေတြကို ခ်စ္ၾကတာေၾကာင့္ လွဖို႔ ၾကည့္ေကာင္းဖို႔ ရည္႐ြယ္ၿပီး ေ႐ႊေငြလက္ဝတ္ရတနာေတြ ဆင္ေပးၾကပါတယ္…။

တကယ္ေတာ့ အသက္ငယ္ေသးတဲ့ ကေလးေတြကို ခုလိုတန္ဖိုးႀကီးတာေတြ ဆင္ေပးတာဟာ အႏၲရာယ္မ်ားတယ္ဆိုတာ ေအာက္က ေဖာ္ျပေပးလိုက္ရတဲ့ အျဖစ္အပ်က္ေလးက သက္ေသပါပဲ….

ျဖစ္စဥ္က(( မေန့က လႈိင္သာယာၿမိဳ႕နယ္ 20 ရပ္ကြက္အပိုင္အတြင္းလမ္းထဲသို႔ ကေလး သုံးေယာက္ (မိန္းကေလးမ်ားသာ)ကို မိန္းမတဦးမွ အတင္းေခၚေဆာင္ နားကြင္းခြၽတ္ယူမႈ႕ ျဖစ္ပြားခဲ့ပါတယ္ နားကြင္းက အပ္ခ်ည္နဲ႔တုတ္ထားတာကို ဓါးနဲ႔ ျဖဳတ္ယူသြားတာပါ အေတာ္အတင့္ရဲလာၾကပါၿပီ။

ေခၚေဆာင္ခံရသူေတြျဖစ္တဲ့ အႀကီးမေလးက ကိုးႏွစ္အ႐ြယ္ဝန္းက်င္မွ်သာ အလတ္ နဲ႔ အငယ္ဆုံးေလးမွာ အင္မတန္ငယ္ေသးပါတယ္ အလတ္မေလးရဲ႕ နားကြင္းကို ျဖဳတ္ယူခံရတာပါ။

ျဖစ္စဥ္က မိဘေတြ အိမ္ထဲျပန္ဝင္ခ်ိန္ အိမ္ေရွ႕မွာ ေဆာ့ေနတဲ့ ကေလး သုံးေယာက္ကို မုန႔္ဝယ္ေကြၽးမယ္ လာ ဆိုၿပီး အတင္းေခၚ ေဆာင္ သြားတာပါ…ျမင္သူတိုင္းကလည္း သူ႔မိသားစုနဲ႔သူ သြားေနၾကတယ္ ထင္ၿပီး အမႈ႕မဲ့ အမွတ္မဲ့ ျဖစ္သြားၾကတာပါ။

ျဖစ္စဥ္ သိၾကခ်ိန္ကလည္း ကေလးေတြက ျဖဳတ္ယူခံရၿပီး အိမ္ကိုျပန္ေျပးခ်ိန္၊မိဘေတြ ျပန္ေျပာခ်ိန္ေတြ အခ်ိန္မ်ား လစ္ဟာသြားမႈ႕ရွိသြားတဲ့အတြက္ ထိုမိန္းမအား ဖမ္းမိလိုက္ျခင္း မရွိပါ ကိုယ္လည္း သိသိျခင္း အပိုင္ တာဝန္ရွိသူမ်ားကို အေၾကာင္းၾကားေပးပါတယ္..။

တာဝန္ရွိသူမ်ားက ကေလးမ်ားကို ေခ်ာ့ေမာ့ေမးေသာ္လည္း ေၾကာက္႐ြံ႕ေနၾကေသာေၾကာင့္ လူပုံစံ အေနအထား အတိအက် မသိရွိရပါ မိန္းမတဦး ဟုသာ သိရပါတယ္…

အိမ္နီးနားအခ်င္းခ်င္း ကူညီေစာင့္ေရွာက္ စည္းလုံးဖို႔လည္း လိုပါတယ္။ မိဘမ်ားမွ လည္း ေ႐ႊမဝတ္ေပးျခင္းက အေကာင္းဆုံးပါပဲ ကိုယ့္ရင္ေသြးမ်ားကို အထူးဂ႐ုျပဳ ေစာင့္ေရွာက္ၾကပါ။ ကေလးမ်ားျပန္ရျခင္းက အင္မတန္ ကံေကာင္းတယ္ ဆိုရပါမယ္.။

ေနရာ -လႈိင္သာယာၿမိဳ႕ 20 ရပ္ကြက္ အပိုင္ 7 ျမသီရိလမ္း မွ ေခၚ ေဆာင္လာ အပိုင္ 7 ကြက္သစ္ထဲရွိ လမ္း အတြင္းမွာ ျဖဳတ္ယူ ကာ(ကေလးစကားအရ) အေနာ္ရထာ လမ္းမႀကီးဘက္ ျပန္ထြက္သြား ပါတယ္ တဲ့ …))။

အထက္ပါအျဖစ္အပ်က္ေလးကေတာ့ ကိုယ့္ရင္ေသြးကို ခ်စ္ေပမဲ့ တန္ဖိုးႀကီးတာေတြ မဆင္ေပးဖို႔ လိုတယ္ဆိုတာ သက္ေသပါပဲ…တကယ္လို႔ ဆင္ေပးခ်င္တယ္ဆိုရင္လည္း မိမိရင္ေသြးေလးကို မ်က္စိေအာက္ကအေပ်ာက္မခံဘဲ ထိန္းသိမ္းေစာင့္ေရွာက္ၾကည့္ရႈေနႏိုင္မွသာ ဆင္ေပးၾကဖို႔ လိုပါတယ္ေနာ္။ Source-SYL

(Unicodeျဖင့္ ဖတ္ရန္)

မိဘတွေဟာ ကလေးတွေကို ချစ်ကြတာကြောင့် လှဖို့ ကြည့်ကောင်းဖို့ ရည်ရွယ်ပြီး ရွှေငွေလက်ဝတ်ရတနာတွေ ဆင်ပေးကြပါတယ်…။

တကယ်တော့ အသက်ငယ်သေးတဲ့ ကလေးတွေကို ခုလိုတန်ဖိုးကြီးတာတွေ ဆင်ပေးတာဟာ အန္တရာယ်များတယ်ဆိုတာ အောက်က ဖော်ပြပေးလိုက်ရတဲ့ အဖြစ်အပျက်လေးက သက်သေပါပဲ….

ဖြစ်စဉ်က(( မနေ့က လှိုင်သာယာမြို့နယ် 20 ရပ်ကွက်အပိုင်အတွင်းလမ်းထဲသို့ ကလေး သုံးယောက် (မိန်းကလေးများသာ)ကို မိန်းမတဦးမှ အတင်းခေါ်ဆောင် နားကွင်းချွတ်ယူမှု့ ဖြစ်ပွားခဲ့ပါတယ် နားကွင်းက အပ်ချည်နဲ့တုတ်ထားတာကို ဓါးနဲ့ ဖြုတ်ယူသွားတာပါ အတော်အတင့်ရဲလာကြပါပြီ။

ခေါ်ဆောင်ခံရသူတွေဖြစ်တဲ့ အကြီးမလေးက ကိုးနှစ်အရွယ်ဝန်းကျင်မျှသာ အလတ် နဲ့ အငယ်ဆုံးလေးမှာ အင်မတန်ငယ်သေးပါတယ် အလတ်မလေးရဲ့ နားကွင်းကို ဖြုတ်ယူခံရတာပါ။

ဖြစ်စဉ်က မိဘတွေ အိမ်ထဲပြန်ဝင်ချိန် အိမ်ရှေ့မှာ ဆော့နေတဲ့ ကလေး သုံးယောက်ကို မုန့်ဝယ်ကျွေးမယ် လာ ဆိုပြီး အတင်းခေါ် ဆောင် သွားတာပါ…မြင်သူတိုင်းကလည်း သူ့မိသားစုနဲ့သူ သွားနေကြတယ် ထင်ပြီး အမှု့မဲ့ အမှတ်မဲ့ ဖြစ်သွားကြတာပါ။

ဖြစ်စဉ် သိကြချိန်ကလည်း ကလေးတွေက ဖြုတ်ယူခံရပြီး အိမ်ကိုပြန်ပြေးချိန်၊မိဘတွေ ပြန်ပြောချိန်တွေ အချိန်များ လစ်ဟာသွားမှု့ရှိသွားတဲ့အတွက် ထိုမိန်းမအား ဖမ်းမိလိုက်ခြင်း မရှိပါ ကိုယ်လည်း သိသိခြင်း အပိုင် တာဝန်ရှိသူများကို အကြောင်းကြားပေးပါတယ်..။

တာဝန်ရှိသူများက ကလေးများကို ချော့မော့မေးသော်လည်း ကြောက်ရွံ့နေကြသောကြောင့် လူပုံစံ အနေအထား အတိအကျ မသိရှိရပါ မိန်းမတဦး ဟုသာ သိရပါတယ်…

အိမ်နီးနားအချင်းချင်း ကူညီစောင့်ရှောက် စည်းလုံးဖို့လည်း လိုပါတယ်။ မိဘများမှ လည်း ရွှေမဝတ်ပေးခြင်းက အကောင်းဆုံးပါပဲ ကိုယ့်ရင်သွေးများကို အထူးဂရုပြု စောင့်ရှောက်ကြပါ။ ကလေးများပြန်ရခြင်းက အင်မတန် ကံကောင်းတယ် ဆိုရပါမယ်.။

နေရာ -လှိုင်သာယာမြို့ 20 ရပ်ကွက် အပိုင် 7 မြသီရိလမ်း မှ ခေါ် ဆောင်လာ အပိုင် 7 ကွက်သစ်ထဲရှိ လမ်း အတွင်းမှာ ဖြုတ်ယူ ကာ(ကလေးစကားအရ) အနော်ရထာ လမ်းမကြီးဘက် ပြန်ထွက်သွား ပါတယ် တဲ့ …))။

အထက်ပါအဖြစ်အပျက်လေးကတော့ ကိုယ့်ရင်သွေးကို ချစ်ပေမဲ့ တန်ဖိုးကြီးတာတွေ မဆင်ပေးဖို့ လိုတယ်ဆိုတာ သက်သေပါပဲ…တကယ်လို့ ဆင်ပေးချင်တယ်ဆိုရင်လည်း မိမိရင်သွေးလေးကို မျက်စိအောက်ကအပျောက်မခံဘဲ ထိန်းသိမ်းစောင့်ရှောက်ကြည့်ရှုနေနိုင်မှသာ ဆင်ပေးကြဖို့ လိုပါတယ်နော်။ Source-SYL