အလွဴအတန္းရက္ေရာလြန္း၍ နွစ္ထပ္ကြမ္း သီရိသုဓမၼသိဂႌဘြဲ႕ကို ခ်ီးျမွင့္ခံလိုက္ရတဲ့ သ႐ုပ္ေဆာင္ယမင္းကိုကို..

(Zawgyiျဖင့္ ဖတ္ရန္)

သ႐ုပ္ေဆာင္ယမင္းကိုကိုဟာဆိုရင္ အႏုပညာလွုပ္ရွားမွုေတြ မရွိေတာ့သူတစ္ဦးျဖစ္ၿပီး ယခုအခါမွာေတာ့ သူမဟာ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးအျဖစ္ ရပ္တည္ေနသူတစ္ဦးျဖစ္ပါတယ္။

သူမဟာ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္မွာ သီရိသုဓမၼသိဂႌဘြဲ႕ကို ပထမဆုံးအႀကိမ္ရရွိခဲ့ဖူးၿပီး အခု ၂၀၂၀ ခုႏွစ္မွာလည္း ဒုတိယအႀကိမ္အျဖစ္ သီရိသုဓမၼသိဂႌဘြဲ႕ရွင္စာရင္းမွာ ပါဝင္လာျပန္တာပါ။

သူမနဲ႔အတူ  သီရိသုဓမၼသိဂႌဘြဲ႕ရရွိသူသ႐ုပ္ေဆာင္တစ္ဦးကေတာ့ နႏၵာလွိုင္ျဖစ္ၿပီး ဒီဘြဲ႕ဟာ သာသနာေတာ္အတြက္ အေထာက္အပံ့လွူဒါန္းမွုမ်ားသူေတြကို ေပးတဲ့ဆုတစ္ခုျဖစ္ၿပီး ယမင္းကိုကိုနဲ႔ နႏၵာလွိုင္တို့က လူပုဂၢိဳလ္ေတြအတြက္ေပးတဲ့ဆုစာရင္းမွာ ပါဝင္ခဲ့တာျဖစ္ပါတယ္။

သ႐ုပ္ေဆာင္မင္းသား၊ မင္းသမီးေတြထဲမွာ ဒီဆုရရွိထားသူေတြ အမ်ားအျပားရွိၾကၿပီး နႏၵာလွိုင္ဟာ အစိုးရက သီရိသုဓမၼသိဂႌဘြဲ႕ခ်ီးျမႇင့္ခံရသူစာရင္းရဲ့ နံပါတ္ ၂၉ ၊ ယမင္းကိုကိုက နံပါတ္ ၃၁ အေနနဲ႔ ရရွိခဲ့တာ ေတြ႕ရပါတယ္။

ယမင္းကိုကိုရဲ႕ သရုပ္ေဆာင္မႈ အနုပညာေတြကို မျမင္ေတြ႕ရတာ ျကာျပီျဖစ္ေပမယ့္ ယခုလို သာသနာအတြက္ ရက္ေရာစြာ လွဴဒါန္းမႈေတြျပုလုပ္မႈေျကာင့္ နွစ္ထပ္ကြမ္း သီရိသုဓမၼသိဂၤ ီဘြဲ႕ကို ရရွိခဲ့တာကို ေတြ႕ျမင္သိရွိရ၍ ပရိသတ္ျကီးလည္း ဝမ္းေျမာက္ေက်နပ္ျကလိမ့္မယ္ထင္ပါတယ္ေနာ္။

သရုပ္ေဆာင္ေဟာင္းတစ္ဦးျဖစ္သူ ယမင္းကိုကိုတစ္ေယာက္ ေနာင္နွစ္ေတြမွာလည္း ယခုထက္ပိုမို၍ သာသနာအတြက္ လွဴဒါန္းမႈေတြ ျပုလုပ္နိုင္ေစရန္အတြက္ ပစၥည္းဥစၥာ ဒီေရအလားတိုးပြားေစေျကာင္း ဆုေတာင္းေမတၱာပို့သျပီး သာဓုေခါ္ေပးျကပါစို့လားေနာ္။

(Unicodeျဖင့္ ဖတ္ရန္)

သရုပ်ဆောင်ယမင်းကိုကိုဟာဆိုရင် အနုပညာလှုပ်ရှားမှုတွေ မရှိတော့သူတစ်ဦးဖြစ်ပြီး ယခုအခါမှာတော့ သူမဟာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအဖြစ် ရပ်တည်နေသူတစ်ဦးဖြစ်ပါတယ်။

သူမဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ သီရိသုဓမ္မသိင်္ဂီဘွဲ့ကို ပထမဆုံးအကြိမ်ရရှိခဲ့ဖူးပြီး အခု ၂၀၂၀ ခုနှစ်မှာလည်း ဒုတိယအကြိမ်အဖြစ် သီရိသုဓမ္မသိင်္ဂီဘွဲ့ရှင်စာရင်းမှာ ပါဝင်လာပြန်တာပါ။

သူမနဲ့အတူ  သီရိသုဓမ္မသိင်္ဂီဘွဲ့ရရှိသူသရုပ်ဆောင်တစ်ဦးကတော့ နန္ဒာလှိုင်ဖြစ်ပြီး ဒီဘွဲ့ဟာ သာသနာတော်အတွက် အထောက်အပံ့လှူဒါန်းမှုများသူတွေကို ပေးတဲ့ဆုတစ်ခုဖြစ်ပြီး ယမင်းကိုကိုနဲ့ နန္ဒာလှိုင်တို့က လူပုဂ္ဂိုလ်တွေအတွက်ပေးတဲ့ဆုစာရင်းမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

သရုပ်ဆောင်မင်းသား၊ မင်းသမီးတွေထဲမှာ ဒီဆုရရှိထားသူတွေ အများအပြားရှိကြပြီး နန္ဒာလှိုင်ဟာ အစိုးရက သီရိသုဓမ္မသိင်္ဂီဘွဲ့ချီးမြှင့်ခံရသူစာရင်းရဲ့ နံပါတ် ၂၉ ၊ ယမင်းကိုကိုက နံပါတ် ၃၁ အနေနဲ့ ရရှိခဲ့တာ တွေ့ရပါတယ်။

ယမင်းကိုကိုရဲ့ သရုပ်ဆောင်မှု အနုပညာတွေကို မမြင်တွေ့ရတာ ကြာပြီဖြစ်ပေမယ့် ယခုလို သာသနာအတွက် ရက်ရောစွာ လှူဒါန်းမှုတွေပြုလုပ်မှုကြောင့် နှစ်ထပ်ကွမ်း သီရိသုဓမ္မသိင်္ဂ ီဘွဲ့ကို ရရှိခဲ့တာကို တွေ့မြင်သိရှိရ၍ ပရိသတ်ကြီးလည်း ဝမ်းမြောက်ကျေနပ်ကြလိမ့်မယ်ထင်ပါတယ်နော်။

သရုပ်ဆောင်ဟောင်းတစ်ဦးဖြစ်သူ ယမင်းကိုကိုတစ်ယောက် နောင်နှစ်တွေမှာလည်း ယခုထက်ပိုမို၍ သာသနာအတွက် လှူဒါန်းမှုတွေ ပြုလုပ်နိုင်စေရန်အတွက် ပစ္စည်းဥစ္စာ ဒီရေအလားတိုးပွားစေကြောင်း ဆုတောင်းမေတ္တာပို့သပြီး သာဓုခေါ်ပေးကြပါစို့လားနော်။