ျသစေျတးလ် ေတာမီးကယ္ဆယ္ေရး လွဴဒါန္းသူတိုင္းကို ကိုယ္လုံးတီးပုံေတြ ပို့ေပး၍ အလွဴစည္းရုံးေရး ျပုလုပ္ေနတဲ့ ေစတနာရွင္ဆယ္လီမေလး..

(Zawgyiျဖင့္ ဖတ္ရန္)

ၾသစ​ေတးရီးယားႏုိင္ငံသည္ ကမၻာ​ေပၚတြင္ အႀကီးဆုံး​ေသာ ​သစ္ပင္သစ္​ေတာမ်ားကုိပုိင္ဆုိင္ထားသည့္ ႏုိင္ငံတစ္ႏုိင္ငံျဖစ္ျပီး ယခုအခါ ​ေတာမီး​ေလာင္ကြၽမ္းလ်က္႐ွိရာ မီး​ေလာင္ျပင္၏ အက်ယ္မွာ မုိင္တစ္​ေသာင္း​ေက်ာ္႐ွည္လ်ား​ေနသျဖင့္ ၿငိမ္းသတ္ရန္ အခက္အခဲျဖစ္လ်က္႐ွိသည္။

တတိယအဆင့္အ​ေရး​ေပၚအ​ေျခအ​ေန​ေၾကျငာထားရၿပီး မီးသတ္၊ၾကက္​ေျခနီအဖြဲ႔အျပင္ စစ္တပ္ကုိပါ ဝင္​ေရာက္ကူညီရန္ သမၼတကအမိန္႔ထုတ္ျပန္ထားသည္အထိ အေျခအေနဆိုးဝါးကာ ကူရာမဲ့ေနေသာ အေနအထားအထိ ျဖစ္ေနခဲ့သည္ကို ေတြ႕ျမင္ေနရသည္။

ၾသစ​ေတးရီးယားႏုိင္ငံ၏ သ​ေကၤတျဖစ္သည့္ ခုိအားလား အ​ေကာင္ငယ္​ေလး​ေပါင္း ၈၀၀၀​ေက်ာ္ မီး​ေလာင္ကြၽမ္း​ေသဆုံးျခင္းႏွင့္အတူ တိရိစၧာန္မ်ဳိးစုံ သန္းနဲ႔ခ်ီၿပီး​ေသဆုံးျပီဟု သိရွိရျပီး..ထုတ္ျပန္ခ်က္အရ သိရွိရမႈမွာ..

ျသစေၾတးလ်နိဳင္ငံတြင္ ၂၀၁၉ ခုႏွစ္ စက္တင္ဘာလမွ စတင္ေလာင္ကြၽမ္းခဲ့ၿပီး ယခု ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီလအထိ ဆက္လက္ေလာင္ကြၽမ္းလွ်က္ရွိေသာ ေတာမီးေလာင္ကြၽမ္းမႈေၾကာင့္ လက္ရွိအခ်ိန္အထိ ေျမဧကေပါင္း သိန္း ၁၆၀၀(၁၆၀, ၀၀၀, ၀၀၀)ခန႔္ မီးသင့္ေလာင္ကြၽမ္းခဲ့ၿပီး၊

အေဆာက္အအုံေပါင္း ၂၅၀၀ ေက်ာ္ မီးသင့္ခဲ့ကာ၊ ဇန္နဝါရီ ၅ ရက္ေန႕အထိ သိရေသာ စာရင္းအရ လူ ၂၅ ဦးေသဆုံးၿပီး၊ ၇ ဦးေပ်ာက္ဆုံးလွ်က္ရွိသည္။ ခန႔္မွန္းေျခအားျဖင့္ တိရစၧာန္ေပါင္း ဘီလ်ံဝက္(သန္း ၅၀၀ ခန႔္)ေသဆုံးၾကသည္။

ယခုေတာမီေလာင္မႈအတြက္ ကမ႓ာတဝွမ္းမွ တတ္နိုင္သည့္ အကူအညီမ်ားေပးဖို့ ျကိုးစားလုပ္ကိုင္ေနျကသလို တစ္ဦးခ်င္းတစ္ေယာက္ခ်င္းစီမွလည္း ကူညီကယ္ဆယ္ေရးအတြက္ နိုင္သေရႊ႕ ပါဝင္လာေနျကျပီ ျဖစ္ပါတယ္။

လူမ်ိုးေတြ မတူ၊နို္င္ငံေတြ ကြဲေနျကေသာ္လည္း ကမ႓ာသားခ်င္း အတူတူမို့ ယခုကဲ့သို့ ေဘးအႏၲရာယ္ျကီးမ်ား က်ေရာက္လာျပီဆိုလွ်င္ စာနာမႈျဖင့္ ဝိုင္းဝန္းကူညီျခင္း ျပုျကသည္မွာ အလြန္မြန္ျမတ္လွေသာ လုပ္ရပ္ကုသိုလ္ပင္ ျဖစ္သည့္အတြက္ လူတိုင္း တတ္နိုင္သည့္ဖက္မွ ပါဝင္သင့္ေပသည္။

ေငြေျကးတတ္နိုင္သူက ေငြေျကးကူညီေနျကသလို ေငြေျကးမတတ္နိုင္သူ/ နိုင္ငံေရေျမျခားမို့ လွူရန္ခက္ခဲသူမ်ားကလည္း ဆုေတာင္းေမတၱာ ပို့သျခင္းမ်ား၊ကူညီကယ္ဆယ္ေရးေတြ အားတတ္ေစဖို့ လူမႈကြန္ယက္ကေန ဝိုင္းဝန္းအားေပးမႈမ်ား ျပုလုပ္ေနျကသည္ကိုလည္း ေတြ႕ရသည္။

ယခုေလာင္ကြ်မ္းေနေသာ ျသစေျတးလ်ေတာမီးသည္ နိုင္ငံတစ္ခုထဲနွင့္ မျဖိုခြင္းနိုင္သည့္အေနအထားဖို့ နိုင္ငံေပါင္းစုံင အဖြဲ႕ေပါင္းစုံမွ လူမ်ား/အိုးအိမ္မ်ားနွင့္ တိေလးမ်ား၏ အသက္ေဘး အားလုံးပါဝင္ပူးေပါင္းကယ္ဆယ္ျကမွ ျဖစ္ေပမည္မို့. . .

နိုင္ငံတကာမွ လူအမ်ားက ကိုယ္လုပ္နိုင္စြမ္းသည့္ အတိုင္းအတာ၊ ပုံစံမ်ားျဖင့္ ကူညီေပးေနျကရာတြင္ ထူးထူးျခားျခား ပုံစံတစ္မ်ိုးျဖင့္ ကူညီေဖးမမႈ ျပုလုပ္ေပးလာေသာ မိန္းကေလးငယ္တစ္ဦး၏ သတင္းသည္ ေတာမီးနွင့္အတူ ကမ႓ာအနွံ့ထိ ပ်ံ႕နွံ႔လာခဲ့သည္။

“တစ္ခ်ိဳ့ လူစြမ္းေကာင္းေတြက ဝတ္႐ုံ မၿခဳံဘူး။ တစ္ခ်ိဳ့ လူစြမ္းေကာင္းေတြ ဆိုရင္ ဘာမွကို မဝတ္ဘူး”အဲဒါ အခု နိုင္ငံတကာ လူမွုကြန္ရက္ေတြ ေပၚမွာ ေရပန္းစားေနတဲ့ စကားပါ။

ဘာေၾကာင့္လည္းဆိုေတာ့ Kaylen Ward ဆိုတဲ့ အသက္ ၂၀အရြယ္ အေမရိကန္သူတစ္ေယာက္က ဩစေၾတးလ် ေတာမီးကယ္ဆယ္ေရးအတြက္ ရန္ပုံေငြ လွူဒါန္းတဲ့သူတိုင္းကို သူ႔ရဲ့ အဝတ္ဗလာ ကိုယ္လုံးတီးပုံေတြ ျပန္လည္ ေမတၱာတုံ႔ျပန္ ေနလို့ပါတဲ့။

၁၀ေဒၚလာထက္ ပိုလွူတဲ့သူတိုင္းကို ကိုယ္တုံးလုံးပုံ တစ္ပုံ လက္ေဆာင္ ပို့ေပးတဲ့နည္းနဲ႔ စည္း႐ုံးတာ အခုဆို ရန္ပုံေငြ ေဒၚလာ၅သိန္းေက်ာ္ ရေနပါျပီတဲ့ေနာ္။သူမရဲ႕ အစြမ္းကလည္း ကူညီရာျဖစ္ျပီး တကယ့္ကို ထိေရာက္ေနတာကို ေတြ႕ျမင္ရပါတယ္ေနာ္။

ကိုယ့္နိုင္ငံအျမင္နဲ့ဆိုရင္ လုပ္ရပ္ေလးက မွားေနေပမယ့္ သူမရဲ႕ ရုပ္ရည္ခႏၶာ အလွအပဆြဲေဆာင္နိုင္မႈကို အသုံးျပုျပီး ေဘးအႏၲရာယ္က်ေရာက္ေနေသာ လူမ်ားနွင့္ တိေလးမ်ားအတြက္ ေစတနာေမတၱာအျပည့္နဲ့ ကယ္ဆယ္ကူညီေရး ျပုလုပ္ေပးနိုင္ေရးကို တဖက္တလမ္းက ကူညီေပးသည့္ေစတနာကိုေတာ့ အသိအမွတ္ျပု အေလထားရေပမည္။

သူမအေနျဖင့္လည္း သူမ၏ယခုလုပ္ရပ္အေပါ္မွာ အေကာင္းျမင္မႈမ်ားျဖင့္ ဝန္းရံေပးျကသည့္အတြက္ အံ့ျသဝမ္းသာမိေျကာင္း ဆိုလာခဲ့ေသာ္လည္း ယခုအခါမွာေတာ့ သူမ၏ လူမႈကြန္ယက္အသုံးျပုမႈသည္ သတ္မွတ္ထားေသာ စည္းမ်ဥ္းစည္းကမ္းမ်ားနွင့္ မညီ၍ဟုဆိုကာ အေကာင့္ဖ်က္ျခင္းခံေနရေျကာင္း သိရွိရပါတယ္ေနာ္။

(Unicodeျဖင့္ ဖတ္ရန္)

သြစတေးရီးယားနိုင်ငံသည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော သစ်ပင်သစ်တောများကိုပိုင်ဆိုင်ထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ယခုအခါ တောမီးလောင်ကျွမ်းလျက်ရှိရာ မီးလောင်ပြင်၏ အကျယ်မှာ မိုင်တစ်သောင်းကျော်ရှည်လျားနေသဖြင့် ငြိမ်းသတ်ရန် အခက်အခဲဖြစ်လျက်ရှိသည်။

တတိယအဆင့်အရေးပေါ်အခြေအနေကြေငြာထားရပြီး မီးသတ်၊ကြက်ခြေနီအဖွဲ့အပြင် စစ်တပ်ကိုပါ ဝင်ရောက်ကူညီရန် သမ္မတကအမိန့်ထုတ်ပြန်ထားသည်အထိ အခြေအနေဆိုးဝါးကာ ကူရာမဲ့နေသော အနေအထားအထိ ဖြစ်နေခဲ့သည်ကို တွေ့မြင်နေရသည်။

သြစတေးရီးယားနိုင်ငံ၏ သင်္ကေတဖြစ်သည့် ခိုအားလား အကောင်ငယ်လေးပေါင်း ၈၀၀၀ကျော် မီးလောင်ကျွမ်းသေဆုံးခြင်းနှင့်အတူ တိရိစ္ဆာန်မျိုးစုံ သန်းနဲ့ချီပြီးသေဆုံးပြီဟု သိရှိရပြီး..ထုတ်ပြန်ချက်အရ သိရှိရမှုမှာ..

သြစတြေးလျနိုင်ငံတွင် ၂၀၁၉ ခုနှစ် စက်တင်ဘာလမှ စတင်လောင်ကျွမ်းခဲ့ပြီး ယခု ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအထိ ဆက်လက်လောင်ကျွမ်းလျှက်ရှိသော တောမီးလောင်ကျွမ်းမှုကြောင့် လက်ရှိအချိန်အထိ မြေဧကပေါင်း သိန်း ၁၆၀၀(၁၆၀, ၀၀၀, ၀၀၀)ခန့် မီးသင့်လောင်ကျွမ်းခဲ့ပြီး၊

အဆောက်အအုံပေါင်း ၂၅၀၀ ကျော် မီးသင့်ခဲ့ကာ၊ ဇန်နဝါရီ ၅ ရက်နေ့အထိ သိရသော စာရင်းအရ လူ ၂၅ ဦးသေဆုံးပြီး၊ ၇ ဦးပျောက်ဆုံးလျှက်ရှိသည်။ ခန့်မှန်းခြေအားဖြင့် တိရစ္ဆာန်ပေါင်း ဘီလျံဝက်(သန်း ၅၀၀ ခန့်)သေဆုံးကြသည်။

ယခုတောမီလောင်မှုအတွက် ကမ္ဘာတဝှမ်းမှ တတ်နိုင်သည့် အကူအညီများပေးဖို့ ကြိုးစားလုပ်ကိုင်နေကြသလို တစ်ဦးချင်းတစ်ယောက်ချင်းစီမှလည်း ကူညီကယ်ဆယ်ရေးအတွက် နိုင်သရွှေ့ ပါဝင်လာနေကြပြီ ဖြစ်ပါတယ်။

လူမျိုးတွေ မတူ၊နိုင်ငံတွေ ကွဲနေကြသော်လည်း ကမ္ဘာသားချင်း အတူတူမို့ ယခုကဲ့သို့ ဘေးအန္တရာယ်ကြီးများ ကျရောက်လာပြီဆိုလျှင် စာနာမှုဖြင့် ဝိုင်းဝန်းကူညီခြင်း ပြုကြသည်မှာ အလွန်မွန်မြတ်လှသော လုပ်ရပ်ကုသိုလ်ပင် ဖြစ်သည့်အတွက် လူတိုင်း တတ်နိုင်သည့်ဖက်မှ ပါဝင်သင့်ပေသည်။

ငွေကြေးတတ်နိုင်သူက ငွေကြေးကူညီနေကြသလို ငွေကြေးမတတ်နိုင်သူ/ နိုင်ငံရေမြေခြားမို့ လှူရန်ခက်ခဲသူများကလည်း ဆုတောင်းမေတ္တာ ပို့သခြင်းများ၊ကူညီကယ်ဆယ်ရေးတွေ အားတတ်စေဖို့ လူမှုကွန်ယက်ကနေ ဝိုင်းဝန်းအားပေးမှုများ ပြုလုပ်နေကြသည်ကိုလည်း တွေ့ရသည်။

ယခုလောင်ကျွမ်းနေသော သြစတြေးလျတောမီးသည် နိုင်ငံတစ်ခုထဲနှင့် မဖြိုခွင်းနိုင်သည့်အနေအထားဖို့ နိုင်ငံပေါင်းစုံင အဖွဲ့ပေါင်းစုံမှ လူများ/အိုးအိမ်များနှင့် တိလေးများ၏ အသက်ဘေး အားလုံးပါဝင်ပူးပေါင်းကယ်ဆယ်ကြမှ ဖြစ်ပေမည်မို့..

နိုင်ငံတကာမှ လူအများက ကိုယ်လုပ်နိုင်စွမ်းသည့် အတိုင်းအတာ၊ ပုံစံများဖြင့် ကူညီပေးနေကြရာတွင် ထူးထူးခြားခြား ပုံစံတစ်မျိုးဖြင့် ကူညီဖေးမမှု ပြုလုပ်ပေးလာသော မိန်းကလေးငယ်တစ်ဦး၏ သတင်းသည် တောမီးနှင့်အတူ ကမ္ဘာအနှံ့ထိ ပျံ့နှံ့လာခဲ့သည်။

“တစ်ချို့ လူစွမ်းကောင်းတွေက ဝတ်ရုံ မခြုံဘူး။ တစ်ချို့ လူစွမ်းကောင်းတွေ ဆိုရင် ဘာမှကို မဝတ်ဘူး”အဲဒါ အခု နိုင်ငံတကာ လူမှုကွန်ရက်တွေ ပေါ်မှာ ရေပန်းစားနေတဲ့ စကားပါ။

ဘာကြောင့်လည်းဆိုတော့ Kaylen Ward ဆိုတဲ့ အသက် ၂၀အရွယ် အမေရိကန်သူတစ်ယောက်က ဩစတြေးလျ တောမီးကယ်ဆယ်ရေးအတွက် ရန်ပုံငွေ လှူဒါန်းတဲ့သူတိုင်းကို သူ့ရဲ့ အဝတ်ဗလာ ကိုယ်လုံးတီးပုံတွေ ပြန်လည် မေတ္တာတုံ့ပြန် နေလို့ပါတဲ့။

၁၀ဒေါ်လာထက် ပိုလှူတဲ့သူတိုင်းကို ကိုယ်တုံးလုံးပုံ တစ်ပုံ လက်ဆောင် ပို့ပေးတဲ့နည်းနဲ့ စည်းရုံးတာ အခုဆို ရန်ပုံငွေ ဒေါ်လာ၅သိန်းကျော် ရနေပါပြီတဲ့နော်။သူမရဲ့ အစွမ်းကလည်း ကူညီရာဖြစ်ပြီး တကယ့်ကို ထိရောက်နေတာကို တွေ့မြင်ရပါတယ်နော်။

ကိုယ့်နိုင်ငံအမြင်နဲ့ဆိုရင် လုပ်ရပ်လေးက မှားနေပေမယ့် သူမရဲ့ ရုပ်ရည်ခန္ဓာ အလှအပဆွဲဆောင်နိုင်မှုကို အသုံးပြုပြီး ဘေးအန္တရာယ်ကျရောက်နေသော လူများနှင့် တိလေးများအတွက် စေတနာမေတ္တာအပြည့်နဲ့ ကယ်ဆယ်ကူညီရေး ပြုလုပ်ပေးနိုင်ရေးကို တဖက်တလမ်းက ကူညီပေးသည့်စေတနာကိုတော့ အသိအမှတ်ပြု အလေထားရပေမည်။

သူမအနေဖြင့်လည်း သူမ၏ယခုလုပ်ရပ်အပေါ်မှာ အကောင်းမြင်မှုများဖြင့် ဝန်းရံပေးကြသည့်အတွက် အံ့သြဝမ်းသာမိကြောင်း ဆိုလာခဲ့သော်လည်း ယခုအခါမှာတော့ သူမ၏ လူမှုကွန်ယက်အသုံးပြုမှုသည် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် မညီ၍ဟုဆိုကာ အကောင့်ဖျက်ခြင်းခံနေရကြောင်း သိရှိရပါတယ်နော်။