စူးရှထက်မှ ကျေအေးပေးသော်လည်း ထောင်(၇)နှစ် ကျသွားတဲ့ အဆိုတော် အစ္စဏီ . .

(Zawgyi ဖြင့်ဖတ်ရန်)







(Unicode ဖြင့်ဖတ်ရန်)

ပရိသတ်ကြီးရေ..လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က မော်ဒယ်လ်စူးရှထက်နဲ့ အစ္စဏီတို့ရဲ့သတင်းဟာ ဟိုးလေးတစ်ကျော်ကျော် ဖြစ်ခဲ့တာ အားလုံးသိမှာပါ။

စူးရှထက်က အဆိုတော်အစ္စဏီကို မုဒိန်းမှု ကိုယ်ထိလက်ရောက်ကျူးလွန်မှု/နာကျင်စေမှုတွေနဲ့ တရားစွဲဆိုခဲ့ပြီး ရုံးချိန်းတွေ အကြိမ်ကြိမ် တက်ရောက်ခဲ့ရပြီး အမှုရင်ဆိုင်ခဲ့ရသလို တရားခံဖြစ်သူအစ္စဏီရဲ့ မိသားစုဝင်တွေလည်း စိတ်ပင်ပန်း လူပင်ပန်းဖြစ်ခဲ့ရပါတယ်။

အခုလက်ရှိ နောက်ဆုံးကြားသိရတဲ့သတင်းအရ စူးရှထက်က ကျေအေးပေးခဲ့ပေမယ့် ရဲတွေက ပြန်လည်တရားစွဲဆိုခဲ့တဲ့အတွက် တာမွေတရားရုံး၌ အဆိုတော်အစ္စဏီအား ပုဒ်မ၃၇၆/၃၂၄/၃၂၃အရ ပြစ်ဒဏ်(၇)နှစ်အမိန့်ချကြောင်း သိရှိရပါတယ်။

စူးရှထက်ကတော့သူမဘက်ကတရားဝင် အမှုကျေအေးပေးခဲ့ပြီဖြစ်တဲ့အတွက် ဘာမှပြောစရာမရှိဘူးလို့ မီဒီယာတွေကို ပြန်လည်ဖြေကြားခဲ့ပါတယ်။နှစ်နှစ်ကျော်အမှုရင်ဆိုင်ခဲ့ပြီးနောက်မှာ အခုတရားဝင် ထောင်ဒဏ်(၇)နှစ်ချမှတ်လိုက်ပြီဖြစ်ကြောင်း အမိန့်ချခဲ့တယ်လို့ တရားလွှတ်တော် ဦးကျော်ဇင်ဦးက ပြောပြခဲ့တာဖြစ်ပါတယ်။

*အစ္စဏီပရိသတ်တွေလည်း အစ္စဏီအတွက် စိတ်မကောင်းဖြစ်နေကြမယ်ထင်ပါတယ်..ပရိသတ်ကြီးကလည်း အစ္စဏီအတွက် ဆုတောင်းစကားလေးတွေရေးပေးခဲ့ပါဦးနော်။ခရက်ဒစ်