ျသစေတးလ် ေတာမီးေလာင္ျပင္ျကားမွာ အထိအခိုက္ အပ်က္အစီး လုံးဝမရွိဘဲ အံ့အားသင့္ဖြယ္ က်န္ရွိေနခဲ့ေသာ ဗုဒၶဘာသာဘုန္းျကီးေက်ာင္း. .

(Zawgyiျဖင့္ ဖတ္ရန္)

တစ္ခါတေလမွာ တကယ့္ျဖစ္ရပ္ေတြက စိတ္ကူးယဥ္ဖန္တီးထားတာေတြထက္ ပိုျပီးအံ့ျသသင့္ဖြယ္ျဖစ္ကာ မယုံနိုင္စရာေကာင္းလြန္းလွေအာင္ ဆန္းျကယ္လြန္းလွပါတယ္။

ဩစေတးလ်မွာ ေတာမီးေလာင္ကၽြမ္းမွု ပုံမွန္ျဖစ္ေလ့ရွိေပမယ့္ အခုႏွစ္မွာေတာ့ အရင္ႏွစ္ေတြကထက္ေစာၿပီး ေတာမီးေလာင္မွုေတြ ျဖစ္ေပၚလာခဲ့တာ ဆုံးရွုံးထိခိုက္မွုေတြလည္း အေတာ္မ်ားခဲ့ပါတယ္.။

ၾသစ​ေတးရီးယားႏုိင္ငံ၏ သ​ေကၤတျဖစ္သည့္ ခုိအားလား အ​ေကာင္ငယ္​ေလး​ေပါင္း ၈၀၀၀​ေက်ာ္ မီး​ေလာင္ကြၽမ္း​ေသဆုံးျခင္းႏွင့္အတူ တိရိစၧာန္မ်ဳိးစုံ သန္းနဲ႔ခ်ီၿပီး​ေသဆုံးျပီဟု သိရွိရျပီး..ထုတ္ျပန္ခ်က္အရ သိရွိရမႈမွာ..

ျသစေၾတးလ်နိဳင္ငံတြင္ ၂၀၁၉ ခုႏွစ္ စက္တင္ဘာလမွ စတင္ေလာင္ကြၽမ္းခဲ့ၿပီး ယခု ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီလအထိ ဆက္လက္ေလာင္ကြၽမ္းခဲ့ေသာ ေတာမီးေလာင္ကြၽမ္းမႈေၾကာင့္ ေျမဧကေပါင္း သိန္း ၁၆၀၀(၁၆၀, ၀၀၀, ၀၀၀)ခန႔္ မီးသင့္ေလာင္ကြၽမ္းခဲ့ၿပီး၊

အေဆာက္အအုံေပါင္း ၂၅၀၀ ေက်ာ္ မီးသင့္ခဲ့ကာ၊လူ ၂၅ ဦးခန့္ ေသဆုံးၿပီး၊ ၇ဦးဝန္းက်င္ေပ်ာက္ဆုံးလွ်က္ရွိေျကာင္းသိရျပီး ခန႔္မွန္းေျခအားျဖင့္ တိရစၧာန္ေပါင္း ဘီလ်ံဝက္(သန္း ၅၀၀ ခန႔္)ေသဆုံးခဲ့သည္ဟု ဆိုသည္။

လူမွုကြန္ရက္စာမ်က္ႏွာေတြမွာလည္း ၾသစေၾတးလ်က ေတာမီးေၾကာင့္ အိမ္ေတြမီးေလာင္တာေတြ သန္းနဲ႔ခ်ီတဲ့ တိရစၧာန္ေလးေတြ ေသေၾကပ်က္စီးၾကတဲ့ပုံေတြကိုလည္း ပရိသတ္ႀကီးတို့ ေတြ႕မိမွာပါ….တခ်ိဳ့ဓာတ္ပုံေလးေတြဆို ၾကည့္ၿပီး မ်က္ရည္ေတာင္က်ရပါတယ္…

အဲဒီလို ဟက္တာေပါင္း ေသာင္းသိန္းခ်ီေလာင္ကၽြမ္းခဲ့တဲ့ေတာမီးေၾကာင့္ တိရစၧာန္ေတြ သစ္ပင္ေတြ သန္းခ်ီပ်က္စီးဆုံးရွုံးခဲ့ေပမယ့္ အံ့ၾသဖြယ္ေကာင္းေလာက္ေအာင္ မီးလုံးဝမေလာင္တဲ့ေနရာတစ္ခု က်န္ရွိခဲ့ပါတယ္…

အဲတာကေတာ့ ဩစေတးလ်နိုင္ငံ ေတာမီးၾကားထဲမွာ မယုံနိုင္စရာေကာင္းလြန္းလွေအာင္ လုံးဝ အပ်က္အစီး အထိအခိုက္ မရွိ၊မီးလုံးဝ ေလာင္ကၽြမ္း ျခင္းမရွိဘဲ ဘုန္းႀကီးေက်ာင္းတစ္ေက်ာင္း က်န္ရွိခဲ့တာပါ….

အဲဒီေက်ာင္းကေတာ့ ကၽြန္းေတြနဲ႔ တည္ေဆာက္ထားတာျဖစ္ၿပီးေတာ့ ျသစေတးလ်မွ သာသနာျပုျပီး ေတာထဲမွာ တရားဘာဝနာပြားမ်ားကာ သီတင္းသုံးက်င့္ႀကံေနတဲ့ ထိုင္းဗုဒၶဘာသာ ဘုန္းႀကီးေက်ာင္းပဲျဖစ္ပါတယ္….

ဒီအျဖစ္အပ်က္ေၾကာင့္ အားလုံးက အံ့အားသင့္ေနၾကတာျဖစ္ၿပီး ဗုဒၶဘာသာဝင္ေတြကေတာ့ ထူးျခားတဲ့ ျမတ္စြာဘုရားရဲ့ ဂုဏ္ေက်းဇူးေတြနဲ့ ေက်ာင္းတိုက္မွာ သီတင္းသုံးေနထိုင္ျကေသာ ဘုန္းေတာ္ျကီးေတြရဲ႕ သီလ သမာဓိေတြေျကာင့္ ယခုလို အပ်က္အစီးမရွိ က်န္ရွိေနခဲ့တာလို့ ယုံၾကည္ေနၾကပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ ဒီေလာက္အႀကီးအက်ယ္ ေလာင္ကၽြမ္းခဲ့တဲ့ ေတာမီးၾကားထဲမွာ မီးလုံးဝမေလာင္ဘဲက်န္ခဲ့တဲ့ အျဖစ္အပ်က္ဟာ ထူးဆန္းလြန္းလွျပီး တကယ့္ကို အံ့အားသင့္ဖြယ္ေကာင္းလြန္းလွပါတယ္ေနာ္။

ဒီအေျကာင္းဟာ နိုင္ငံတကာ လူမႈကြန္ယက္ စာမ်က္နွာထက္ (အြန္လိုင္းေပါ္မွာ) အထူးအဆန္းျဖစ္ရပ္အျဖစ္ ပ်ံ႕ႏွံ႔ျပီး နာမည္ျကီးေနပါတယ္။ ဒါ႔ေျကာင့္ ဗုဒၶဘာသာဝင္ေရႊျမန္မာတို့လည္း ဒီအေၾကာင္းေလးကို သိရေအာင္ ျပန္လည္မၽွေဝေပးလိုက္ရပါတယ္ေနာ္…အားလုံးက်န္းမာခ်မ္းသာၾကပါေစ…

(Unicodeျဖင့္ ဖတ္ရန္)

တစ်ခါတလေမှာ တကယ့်ဖြစ်ရပ်တွေက စိတ်ကူးယဉ်ဖန်တီးထားတာတွေထက် ပိုပြီးအံ့သြသင့်ဖွယ်ဖြစ်ကာ မယုံနိုင်စရာကောင်းလွန်းလှအောင် ဆန်းကြယ်လွန်းလှပါတယ်။

ဩစတေးလျမှာ တောမီးလောင်ကျွမ်းမှု ပုံမှန်ဖြစ်လေ့ရှိပေမယ့် အခုနှစ်မှာတော့ အရင်နှစ်တွေကထက်စောပြီး တောမီးလောင်မှုတွေ ဖြစ်ပေါ်လာခဲ့တာ ဆုံးရှုံးထိခိုက်မှုတွေလည်း အတော်များခဲ့ပါတယ်.။

သြစတေးရီးယားနိုင်ငံ၏ သင်္ကေတဖြစ်သည့် ခိုအားလား အကောင်ငယ်လေးပေါင်း ၈၀၀၀ကျော် မီးလောင်ကျွမ်းသေဆုံးခြင်းနှင့်အတူ တိရိစ္ဆာန်မျိုးစုံ သန်းနဲ့ချီပြီးသေဆုံးပြီဟု သိရှိရပြီး..ထုတ်ပြန်ချက်အရ သိရှိရမှုမှာ..

သြစတြေးလျနိုင်ငံတွင် ၂၀၁၉ ခုနှစ် စက်တင်ဘာလမှ စတင်လောင်ကျွမ်းခဲ့ပြီး ယခု ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအထိ ဆက်လက်လောင်ကျွမ်းခဲ့သော တောမီးလောင်ကျွမ်းမှုကြောင့် မြေဧကပေါင်း သိန်း ၁၆၀၀(၁၆၀, ၀၀၀, ၀၀၀)ခန့် မီးသင့်လောင်ကျွမ်းခဲ့ပြီး၊

အဆောက်အအုံပေါင်း ၂၅၀၀ ကျော် မီးသင့်ခဲ့ကာ၊လူ ၂၅ ဦးခန့် သေဆုံးပြီး၊ ၇ဦးဝန်းကျင်ပျောက်ဆုံးလျှက်ရှိကြောင်းသိရပြီး ခန့်မှန်းခြေအားဖြင့် တိရစ္ဆာန်ပေါင်း ဘီလျံဝက်(သန်း ၅၀၀ ခန့်)သေဆုံးခဲ့သည်ဟု ဆိုသည်။

လူမှုကွန်ရက်စာမျက်နှာတွေမှာလည်း သြစတြေးလျက တောမီးကြောင့် အိမ်တွေမီးလောင်တာတွေ သန်းနဲ့ချီတဲ့ တိရစ္ဆာန်လေးတွေ သေကြေပျက်စီးကြတဲ့ပုံတွေကိုလည်း ပရိသတ်ကြီးတို့ တွေ့မိမှာပါ….တချို့ဓာတ်ပုံလေးတွေဆို ကြည့်ပြီး မျက်ရည်တောင်ကျရပါတယ်…

အဲဒီလို ဟက်တာပေါင်း သောင်းသိန်းချီလောင်ကျွမ်းခဲ့တဲ့တောမီးကြောင့် တိရစ္ဆာန်တွေ သစ်ပင်တွေ သန်းချီပျက်စီးဆုံးရှုံးခဲ့ပေမယ့် အံ့သြဖွယ်ကောင်းလောက်အောင် မီးလုံးဝမလောင်တဲ့နေရာတစ်ခု ကျန်ရှိခဲ့ပါတယ်…

အဲတာကတော့ ဩစတေးလျနိုင်ငံ တောမီးကြားထဲမှာ မယုံနိုင်စရာကောင်းလွန်းလှအောင် လုံးဝ အပျက်အစီး အထိအခိုက် မရှိ၊မီးလုံးဝ လောင်ကျွမ်း ခြင်းမရှိဘဲ ဘုန်းကြီးကျောင်းတစ်ကျောင်း ကျန်ရှိခဲ့တာပါ….

အဲဒီကျောင်းကတော့ ကျွန်းတွေနဲ့ တည်ဆောက်ထားတာဖြစ်ပြီးတော့ သြစတေးလျမှ သာသနာပြုပြီး တောထဲမှာ တရားဘာဝနာပွားများကာ သီတင်းသုံးကျင့်ကြံနေတဲ့ ထိုင်းဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းပဲဖြစ်ပါတယ်….

ဒီအဖြစ်အပျက်ကြောင့် အားလုံးက အံ့အားသင့်နေကြတာဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တွေကတော့ ထူးခြားတဲ့ မြတ်စွာဘုရားရဲ့ ဂုဏ်ကျေးဇူးတွေနဲ့ ကျောင်းတိုက်မှာ သီတင်းသုံးနေထိုင်ကြသော ဘုန်းတော်ကြီးတွေရဲ့ သီလ သမာဓိတွေကြောင့် ယခုလို အပျက်အစီးမရှိ ကျန်ရှိနေခဲ့တာလို့ ယုံကြည်နေကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီလောက်အကြီးအကျယ် လောင်ကျွမ်းခဲ့တဲ့ တောမီးကြားထဲမှာ မီးလုံးဝမလောင်ဘဲကျန်ခဲ့တဲ့ အဖြစ်အပျက်ဟာ ထူးဆန်းလွန်းလှပြီး တကယ့်ကို အံ့အားသင့်ဖွယ်ကောင်းလွန်းလှပါတယ်နော်။

ဒီအကြောင်းဟာ နိုင်ငံတကာ လူမှုကွန်ယက် စာမျက်နှာထက် (အွန်လိုင်းပေါ်မှာ) အထူးအဆန်းဖြစ်ရပ်အဖြစ် ပျံ့နှံ့ပြီး နာမည်ကြီးနေပါတယ်။ ဒါ့ကြောင့် ဗုဒ္ဓဘာသာဝင်ရွှေမြန်မာတို့လည်း ဒီအကြောင်းလေးကို သိရအောင် ပြန်လည်မျှဝေပေးလိုက်ရပါတယ်နော်…အားလုံးကျန်းမာချမ်းသာကြပါစေ…