“ဇော်ဂျီ ကွယ်ပျောက်တာဟာ. .မြန်မာ ပျောက်ဖို့လား? မြန်မာပြည် အတွက် ဇော်ဂျီ ပြန်လာမှာပါ ” ဆိုတဲ့ ဇေယျာကို (နက္ခတ်ဗေဒ ပညာရှင် ). .
(Unicodeဖြင့် ဖတ်ရန်)
လူသိများကျော်ကြားလှတဲ့သူတွေဟာ နယ်ပယ်အသီးသီး ရပ်တည်မှုအသီးသီးမှာ အများအပြား ရှိပါတယ်။ ကောင်းသတင်းနဲ့ ကျော်ကြားသူတွေ ရှိသလို. .ဆိုးသတင်းနဲ့ ကျော်ကြားသူတွေလည်း ရှိပါတယ်. . ။
ဒီလိုကျော်ကြားသူတွေအထဲမှာမှ ကိုယ်တတ်ကျွမ်းလိမ္မာရာ ပညာရပ်ဆိုင်ရာ နယ်ပယ်တွေမှာ သူများထက်ထူးပြီး နာမည်ကျော်လာတဲ့သူ အချို့လည်း ရှိပါတယ်. . ။ဒီအထဲမှာမှ ဦးဇေယျာကို(နတ္ခဗေဒ ပညာရှင်)ဆိုသူ တစ်ဦးဟာလည်း လူသိများ ထင်ရှားသူတစ်ဦး ဖြစ်ပါတယ်။
ယခုချိန်မှာတော့ ဦးဇေယျာကိုဟာ. . မြန်မာစာ အရေးအသား . ဇော်ဂျီ ယူနီ အပြောင်းအရွေ့အပေါ်မှာ သူ့ရဲ့အမြင်နဲ့ သုံးသပ်ချက်တွေကို ယခုလို ရေးသားပြောကြားလာတာကို တွေ့မြင် ရပါတယ်. .။
“ဇော်ဂျီ ဖယ်ရှားမှု ဟာ တဒင်္ဂပါ ယူနီကုတ်စပေါ် ကတည်းက ကျွန်တော်တို့ သုံးခဲ့ကြပါတယ်. .အတော်လို အပ်ချက်များ ပါတယ် ။ ဖန်တီးမှုတွေ ညံ့ခဲ့တယ်ပေါ့. . ညံ့လို့လည်း သူ့ ကို ပါယ်ပြီး ဇော်ဂျီ ကို သုံးခဲ့ကြတာပေါ့။
ပြောရရင် အဆင်မပြေဘူးပေါ့ဗျာ. .ဒီအချိန်မှာ ဇော်ဂျီက ယူနီကုဒ် အားနည်းချက်တွေကို ပြင်ဆင်ပြီး မြန်မာပြည်တစ်ခုလုံးအတွက် အသုံးအဝင်ဆုံး ဖေါင့်တစ်ခု ဖြစ်လာခဲ့ပါတယ် . .။
တစ်ကယ်တော့ မြန်မာတွေဗျာ. .မြန်မာ ပီသတဲ့ စိတ်ရှိရင် ကျွန်တော်တို့ ဇော်ဂျီကိုပဲ လက်တွဲခေါ်ဆောင်ပြီး စံနှုန်းပြည့်ဖေါင့်တစ်ခုဖြစ်အောင် ဖန်တီးရမှာပါ. .အများသုံးနေတဲ့ ဖေါင့်ကို စံနှုန်းပြည့်ဖြစ်အောင် ပုံဖော်ကြရမှာပါ။
အရင် ဇော်ဂျီကို ရှုံးခဲ့သူက ရှုံးကြွေးဆပ်ပြီး အနိုင်ယူတယ်ပေါ့. .တစ်ချိန်က ယူနီဆိုတာ ကျွန်တော့်တို့အဖက် မလုပ်ခဲ့ လူရာမသွင်းခဲ့သလိုပဲ. . ယူနီက သူနိုင်တဲ့အချိန်ဇော်ဂျီကို အမှိုက်ပုံးထဲ ရောက်အောင် အမြစ်ဖြုတ်တိုက်တဲ့ ပွဲသိမ်းတိုက်ပွဲပါပဲ ဇော်ဂျီကို မြန်မာလူထုကြားထဲမှာ ကွယ်ပျောက်သွားအောင် ဖန်တီးကြပြီပေါ့. .။
မြန်မာပြည်မှာ ကိုယ်ကောင်းစားရေး.. ကိုယ်သမိုင်းတင်ခံရရေး ကိုယ် နေရာရရေးကို ရှေ့တန်းတင်သူတွေများလှပါတယ်. .ကိုယ်နေရာ ရဖို့အတွက် သူများကို ထိုးချတွန်းချဖို့လည်း ဝန်မလေးတတ်ပါဘူး ။
မြန်မာပြည်အတွက် တိုင်းပြည်အမည်ပြောင်းမယ်ဆိုရင် မြန်မာကို ချန်ထားလို့ မရဘူး ပါကို ပါရမယ်. .ဒီလိုပါပဲ ဇော်ဂျီတို့ ဖိုးဝတို့က မြန်မာ့ဇာတိမာန်ကိုယ်စားပြုတဲ့ သင်္ကေတတွေ. .
ဇော်ဂျီဆိုတာ ဘာသာ၊သာသနာတော်အတွက် စောင့်ရှောက် ကြသူတွေအဖြစ် မြန်မာ့သမိုင်းမှာ နေရာယူထားခဲ့ကြတာပါ. .ဇော်ဂျီကွယ်ပျောက်တာဟာ မြန်မာကွယ်ပျောက်ဖို့ လားလို့ မေးစရာသံသယတွေ အများကြီးပေါ့
ဒါပေမယ့် မပူပါနဲ့.. ဇော်ဂျီ ခဏကွယ်ပျောက်သွားပေမယ့် ဇော်ဂျီပြန်လာမှာပါ. .မြန်မာလူမျိုးလို့ ကိုယ့်ကိုကိုယ်တန်ဖိုးထားရင် ဇော်ဂျီဟာ ကျွန်တော်တို့ နိုင်ငံ၊ကျွန်တော်တို့ မြန်မာအတွက် မိတ်ဖက်ပါ ဇော်ဂျီဟာ တန်ဖိုးကြီးကြီးမားမားနဲ့ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေထံ ပြန်လာမှာပါ. . ။
မြန်မာလူမျိုးတစ်ဦးအနေနဲ့ ဇော်ဂျီကို အလေးအမြတ်ထားမလား စွန့်ပစ်လိုက်မလားအမျိုးသားရေးစကားလုံးကြီးတွေ ပြောချင်လည်း ပြောနိုင်တာပေါ့လေ. .လူတိုင်း ကြိုက်တာကို ရွေးချယ်ခွင့်ရှိနေဦးမှာပါ မကြာခင် မြန်မာပြည်နဲ့ မြန်မာလူမျိုးတွေအတွက် ဇော်ဂျီပြန်လာမှာပါ။ ” ဆိုပြီး ဖြစ်ပါတယ်။
ဦးဇေယျာကို ရဲ့ ယခုလိုပြောကြားချက်အပေါ်မှာ လက်ခံသူတွေ. . အမြင်မတူသူတွေနဲ့ ပွဲစည်ကာ အငြင်းပွားနေခဲ့ကြတာကိုလည်း တွေ့မြင်ရပါတယ်. . ။