ဒီအ႐ြယ္ဆိုတာ မိဘႏွစ္ပါးရဲ႕ ရင္ခြင္ထဲမွာ ကေလးဘဝကိုအပူပင္ကင္းကင္းနဲ႔ ေဆာ့ကစားရင္း ျဖတ္ေက်ာ္ေနရမယ့္ အ႐ြယ္ပါ

အခုလိုမ်ိဳး သီလရင္ ကေလးေလးေတြ၊ ကိုရင္ ကေလးေလးေတြကို ျမင္တိုင္း ရင္ထဲမွာ အတိုင္းအဆမရွိ ဆို႔နင့္မိပါတယ္။အ႐ြယ္ေလးေတြနဲ႔ မလိုက္ေအာင္ မနက္အေစာႀကီးမွာ ဆြမ္းခံထြက္ၾကရတယ္။

တစ္ခ်ိဳ႕ဆိုရင္ အေဝးႀကီးကေန ကားေတြအဆင့္ဆင္းစီးၿပီး လာခဲ့ၾကရပါသတဲ့။ စာသင္ေက်ာင္းေတြေရွ႕ေရာက္ရင္ အ႐ြယ္တူ ကေလးေလးေတြ ေက်ာင္းဝတ္စုံေလးေတြနဲ႔ ေက်ာင္းဝင္းထဲ ေျပးလႊားေဆာ့ကစားေနၾကတာကို

အျပင္ဘက္ကေန ေငးေမာၿပီး ၾကည့္ေနတတ္တာလည္း ျမင္ဖူးပါရဲ႕။ သူတို႔ေလးေတြရဲ႕ ဘဝေနာက္ေၾကာင္းဟာ မသာယာလွဘူးဆိုတာ ေမးဖို႔မလိုေအာင္ ထင္ရွားပါတယ္၊ ေတာ္ပါေသးရဲ႕ သာသနာ့ေဘာင္ရဲ႕ ေစာင့္ေရွာက္မႈ အရိပ္ေအာက္မွာ

ခိုလႈံခြင့္ရေသးလို႔ဆိုၿပီး စိတ္ေျဖရပါတယ္၊ ေစာင့္ေရွာက္လက္ခံထားတဲ့ ေက်ာင္းေတြကိုလည္း ေက်းဇူးတင္မိပါတယ္။ သားသနာ့ေဘာင္မွာဆိုေတာ့လည္း စည္းကမ္း ဝိနည္းေတာ္ေတြနဲ႔အညီ ထိန္းသိမ္း ေနထိုင္ရေတာ့

ကေလးေတြ ပင္ပမ္းၾကမယ္ဆိုတာကေတာ့ ေသခ်ာပါတယ္။ (လူႀကီးေတြေတာင္ လိုက္နာက်င့္ႀကံဖို႔ခဲယဥ္းတယ္ မဟုတ္လား)ကိုယ့္သားသမီးေလးေတြသာ ဆိုတဲ့ အေတြးသက္သက္နဲ႔

စာနာၾကည့္မိတိုင္း ကေလးဘဝေလးေတြကို ဆုံးရႈံးသြားတဲ့ သူတို႔ရဲ႕အျဖစ္ကို သနားမိပါတယ္။ကိုယ့္သားသမီးေလးသာဆိုရင္ အိပ္ပါေစေလဆိုၿပီး မနက္အေစာႀကီး ႏႈိးရက္မွာ မဟုတ္ပါ ​ေနပူႀကဲႀကဲႀကီးထဲမွာ လမ္းအေဝးႀကီးသြားရတဲ့အခါ ခ်ီးပိုးသြားမိမွာပါ

လမ္းေဘးဆိုင္ေလးေတြမွာ ျဖစ္သလို ဝင္စားေနတာမ်ိဳး အျဖစ္မခံႏိုင္ပါဘူး၊ ေတာ္ၾကာ ေရာဂါရေနရင္ မခက္ဘူးလား ၾကပ္ပိတ္ေနတဲ့ လိုင္းကားစီးရင္ မူးမွာစိုးရိမ္လို႔ တကၠစီငွားစီးသြားမိေလမလား ဆိုတဲ့ အေတြးေတြနဲ႔ သူတို႔ေလးေတြကို ေတြ႕တိုင္း မ်က္ရည္ဝဲရပါတယ္။

ဒါေပမယ့္ တစ္ခုတည္းေသာ ကိုယ္လုပ္ေပးႏိုင္တာကေတာ့ သူတို႔ေလးေတြကို ေတြ႕ရင္ ေခြၽးႏွဲစာေလးထဲက အတတ္ႏိုင္ဆုံး မ်ားမ်ားလႉတန္းလိုက္မိတာပါပဲ။ အဲဒီအခ်ိန္ၾကရင္ ဝင္းလက္ၿပဳံး႐ႊင္သြားတဲ့ သူတို႔ေလးေတြရဲ႕

မ်က္ႏွာက သူတို႔အတြက္ ကိုယ့္ရင္ထဲက ေသာကမီးကို တဒဂၤေတာ့ ၿငိမ္းေစပါတယ္။ေပ်ာ္ေပ်ာ္ပါးပါးနဲ႔ ထြက္သြားတဲ့ သူတို႔ေလးေတြရဲ႕ ေနာက္ေက်ာကို ၾကည့္ရင္း “သမီးတို႔သားတို႔ ကံေကာင္းၾကပါေစ၊ လူတစ္လုံးသူတစ္လုံး ျဖစ္ၾကပါေစ”လို႔ ဆုေတာင္းေပးရင္းသာ။

ယူနီကုဒ္ျဖင့္ ဖတ္ရန္

အခုလိုမျိုး သီလရင် ကလေးလေးတွေ၊ ကိုရင် ကလေးလေးတွေကို မြင်တိုင်း ရင်ထဲမှာ အတိုင်းအဆမရှိ ဆို့နင့်မိပါတယ်။အရွယ်လေးတွေနဲ့ မလိုက်အောင် မနက်အစောကြီးမှာ ဆွမ်းခံထွက်ကြရတယ်။

တစ်ချို့ဆိုရင် အဝေးကြီးကနေ ကားတွေအဆင့်ဆင်းစီးပြီး လာခဲ့ကြရပါသတဲ့။ စာသင်ကျောင်းတွေရှေ့ရောက်ရင် အရွယ်တူ ကလေးလေးတွေ ကျောင်းဝတ်စုံလေးတွေနဲ့ ကျောင်းဝင်းထဲ ပြေးလွှားဆော့ကစားနေကြတာကို

အပြင်ဘက်ကနေ ငေးမောပြီး ကြည့်နေတတ်တာလည်း မြင်ဖူးပါရဲ့။ သူတို့လေးတွေရဲ့ ဘဝနောက်ကြောင်းဟာ မသာယာလှဘူးဆိုတာ မေးဖို့မလိုအောင် ထင်ရှားပါတယ်၊ တော်ပါသေးရဲ့ သာသနာ့ဘောင်ရဲ့ စောင့်ရှောက်မှု အရိပ်အောက်မှာ

ခိုလှုံခွင့်ရသေးလို့ဆိုပြီး စိတ်ဖြေရပါတယ်၊ စောင့်ရှောက်လက်ခံထားတဲ့ ကျောင်းတွေကိုလည်း ကျေးဇူးတင်မိပါတယ်။ သားသနာ့ဘောင်မှာဆိုတော့လည်း စည်းကမ်း ဝိနည်းတော်တွေနဲ့အညီ ထိန်းသိမ်း နေထိုင်ရတော့

ကလေးတွေ ပင်ပမ်းကြမယ်ဆိုတာကတော့ သေချာပါတယ်။ (လူကြီးတွေတောင် လိုက်နာကျင့်ကြံဖို့ခဲယဉ်းတယ် မဟုတ်လား)ကိုယ့်သားသမီးလေးတွေသာ ဆိုတဲ့ အတွေးသက်သက်နဲ့

စာနာကြည့်မိတိုင်း ကလေးဘဝလေးတွေကို ဆုံးရှုံးသွားတဲ့ သူတို့ရဲ့အဖြစ်ကို သနားမိပါတယ်။ကိုယ့်သားသမီးလေးသာဆိုရင် အိပ်ပါစေလေဆိုပြီး မနက်အစောကြီး နှိုးရက်မှာ မဟုတ်ပါ နေပူကြဲကြဲကြီးထဲမှာ လမ်းအဝေးကြီးသွားရတဲ့အခါ ချီးပိုးသွားမိမှာပါ

လမ်းဘေးဆိုင်လေးတွေမှာ ဖြစ်သလို ဝင်စားနေတာမျိုး အဖြစ်မခံနိုင်ပါဘူး၊ တော်ကြာ ရောဂါရနေရင် မခက်ဘူးလား ကြပ်ပိတ်နေတဲ့ လိုင်းကားစီးရင် မူးမှာစိုးရိမ်လို့ တက္ကစီငှားစီးသွားမိလေမလား ဆိုတဲ့ အတွေးတွေနဲ့ သူတို့လေးတွေကို တွေ့တိုင်း မျက်ရည်ဝဲရပါတယ်။

ဒါပေမယ့် တစ်ခုတည်းသော ကိုယ်လုပ်ပေးနိုင်တာကတော့ သူတို့လေးတွေကို တွေ့ရင် ချွေးနှဲစာလေးထဲက အတတ်နိုင်ဆုံး များများလှူတန်းလိုက်မိတာပါပဲ။ အဲဒီအချိန်ကြရင် ဝင်းလက်ပြုံးရွှင်သွားတဲ့ သူတို့လေးတွေရဲ့

မျက်နှာက သူတို့အတွက် ကိုယ့်ရင်ထဲက သောကမီးကို တဒင်္ဂတော့ ငြိမ်းစေပါတယ်။ပျော်ပျော်ပါးပါးနဲ့ ထွက်သွားတဲ့ သူတို့လေးတွေရဲ့ နောက်ကျောကို ကြည့်ရင်း “သမီးတို့သားတို့ ကံကောင်းကြပါစေ၊ လူတစ်လုံးသူတစ်လုံး ဖြစ်ကြပါစေ”လို့ ဆုတောင်းပေးရင်းသာ။