ေခြးေတြဟာ စကားေျပာနိုင္ေၾကာင္း သုေတသနပညာရွင္မ်ား အခိုင္အမာဆို

ေခြးေလးေတြဟာ စကားေျပာနိုင္ၾကတယ္လို႔ သုေတသနပညာရွင္ေတြရဲ႕ စစ္တမ္းတစ္ရပ္မွာ ဆိုပါတယ္။ စကားေျပာတယ္ဆိုရာမွာ

အသံနဲ႕ထြက္ၿပီးေျပာမွ စကားလို႔ မေခၚထိုက္ပါဘူး။ တစ္ခါတေလ လူေတြအခ်င္းခ်င္းမွာေတာင္ အသံမထြက္ပဲ တစ္ေယာက္ရဲ႕သေဘာထားကို နားလည္နိုင္တဲ့ နည္းလမ္းေတြ ရွိပါတယ္။

ဥပမာအားျဖင့္ ေကာင္မေလးတစ္ေယာက္ကို ပိုးပန္းတာေပါ့။ ကိုယ့္ရဲ႕အၾကည့္ေတြ မရိုးသားတာ၊ ကိုယ့္ရဲ႕အမူအယာေတြ သူ႕ကို ျမတ္နိုးေၾကာင္းျပတဲ့အခါမွာ

တစ္ဖက္က ေကာင္မေလးက နားလည္သေဘာေပါက္ရင္ ဒါဟာ အသံမဲ့ဘာသာစကားမွာ ေအာင္ျမင္မႈ၊ ပိုးပန္းမႈခရီးတစ္ဝက္ ေရာက္ၿပီလို႔ ဆိုရမွာပါ။

အခုလည္း တိရစာၦန္ေလးေတြဟာ အခ်င္းခ်င္းကို ဆက္သြယ္တဲ့အခါ အသံနဲ႕ အဓိကထားၿပီး ဆက္သြယ္ၾကပါတယ္။ တစ္ခါတေလမွာေတာ့ အသံမဟုတ္တဲ့ အမူအယာနဲ႕ ဟန္ပန္နဲ႕၊

လက္ဟန္ေျခဟန္နဲ႕ ကိုယ္ခႏၶာလႈပ္ရွားမႈေတြနဲ႕ သူတို႔ရဲ႕သေဘာထား၊ ခံစားခ်က္ေတြကို ေျပာၾကပါတယ္။ေခြးေလးေတြကလည္း ဒီအတိုင္းပါဘဲ။

လူေတြနဲ႕ ဆက္သြယ္တဲ့အခါမွာ သူတို႔ရဲ႕မ်က္လုံးေတြနဲ႕ စကားေျပာေလ့ရွိတယ္လို႔ ဆိုပါတယ္။ တစ္ခါတေလ ကိုယ္အမူအယာလည္း ပါတတ္သလို၊ တစ္ခါတေလ လက္ဟန္ေျခဟန္လည္း ျပတတ္ပါတယ္။

သခင္ေတြအေနနဲ႕ သူတို႔နဲ႕ အေနၾကာတဲ့အခါ မ်က္လုံးရဲ႕ အဓိပၸါယ္ကို သေဘာေပါက္တတ္ၾကတယ္၊ ဖတ္တတ္ၾကတယ္၊ ဘာကို ဆိုလိုခ်င္မွန္း သိတယ္လို႔ Pet Munchies နဲ႕

K9 Magazine က အတိအက်ဆိဳပါတယ္။ ၎တို႔ဟာ ေခြးပိုင္ရွင္ (၁၁၀၀)ေက်ာ္ဆီကေန စစ္တမ္းေကာက္ယူခဲ့တာျဖစ္ၿပီး၊ သူတို႔ကို ေခြးေတြက ဘယ္လိုဆက္သြယ္သလဲဆိုတာ

​ေမးခဲ့တာပါပိုင္ရွင္ (၅၇)%ရဲ႕အဆိုကေတာ့ ေခြးေတြဟာ ႏွာေခါင္းသေကၤတကို သုံးၿပီး သူတို႔ကို အာ႐ုံစိုက္ေအာင္ လုပ္တယ္လို႔ေျဖထားပါတယ္။ (၅၈)%ရဲ႕အေျဖကေတာ့

အၾကည့္နဲ႕ ဆက္သြယ္ၾကတယ္လို႔ ေျဖပါတယ္။ တစ္ဦးခ်င္းဆီရဲ႕အေျဖေတြကေတာ့ တူနိုင္မွာ မဟုတ္ေပမယ့္ အမ်ားကေတာ့

မ်က္လုံးကို အဓိပၸါယ္ဖတ္ၾကည့္တာနဲ႕ သူတို႔ ဘာဆိုလိုတယ္ဆိုတာ သိေၾကာင္း ေျဖထားခဲ့ပါတယ္။

ယူနီကုဒ္ျဖင့္ ဖတ္ရန္

ခွေးလေးတွေဟာ စကားပြောနိုင်ကြတယ်လို့ သုတေသနပညာရှင်တွေရဲ့ စစ်တမ်းတစ်ရပ်မှာ ဆိုပါတယ်။ စကားပြောတယ်ဆိုရာမှာ

အသံနဲ့ထွက်ပြီးပြောမှ စကားလို့ မခေါ်ထိုက်ပါဘူး။ တစ်ခါတလေ လူတွေအချင်းချင်းမှာတောင် အသံမထွက်ပဲ တစ်ယောက်ရဲ့သဘောထားကို နားလည်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

ဥပမာအားဖြင့် ကောင်မလေးတစ်ယောက်ကို ပိုးပန်းတာပေါ့။ ကိုယ့်ရဲ့အကြည့်တွေ မရိုးသားတာ၊ ကိုယ့်ရဲ့အမူအယာတွေ သူ့ကို မြတ်နိုးကြောင်းပြတဲ့အခါမှာ

တစ်ဖက်က ကောင်မလေးက နားလည်သဘောပေါက်ရင် ဒါဟာ အသံမဲ့ဘာသာစကားမှာ အောင်မြင်မှု၊ ပိုးပန်းမှုခရီးတစ်ဝက် ရောက်ပြီလို့ ဆိုရမှာပါ။

အခုလည်း တိရစ္ဆာန်လေးတွေဟာ အချင်းချင်းကို ဆက်သွယ်တဲ့အခါ အသံနဲ့ အဓိကထားပြီး ဆက်သွယ်ကြပါတယ်။ တစ်ခါတလေမှာတော့ အသံမဟုတ်တဲ့ အမူအယာနဲ့ ဟန်ပန်နဲ့၊

လက်ဟန်ခြေဟန်နဲ့ ကိုယ်ခန္ဓာလှုပ်ရှားမှုတွေနဲ့ သူတို့ရဲ့သဘောထား၊ ခံစားချက်တွေကို ပြောကြပါတယ်။ခွေးလေးတွေကလည်း ဒီအတိုင်းပါဘဲ။

လူတွေနဲ့ ဆက်သွယ်တဲ့အခါမှာ သူတို့ရဲ့မျက်လုံးတွေနဲ့ စကားပြောလေ့ရှိတယ်လို့ ဆိုပါတယ်။ တစ်ခါတလေ ကိုယ်အမူအယာလည်း ပါတတ်သလို၊ တစ်ခါတလေ လက်ဟန်ခြေဟန်လည်း ပြတတ်ပါတယ်။

သခင်တွေအနေနဲ့ သူတို့နဲ့ အနေကြာတဲ့အခါ မျက်လုံးရဲ့ အဓိပ္ပါယ်ကို သဘောပေါက်တတ်ကြတယ်၊ ဖတ်တတ်ကြတယ်၊ ဘာကို ဆိုလိုချင်မှန်း သိတယ်လို့ Pet Munchies နဲ့

K9 Magazine က အတိအကျဆိုပါတယ်။ ၎င်းတို့ဟာ ခွေးပိုင်ရှင် (၁၁၀၀)ကျော်ဆီကနေ စစ်တမ်းကောက်ယူခဲ့တာဖြစ်ပြီး၊ သူတို့ကို ခွေးတွေက ဘယ်လိုဆက်သွယ်သလဲဆိုတာ

မေးခဲ့တာပါပိုင်ရှင် (၅၇)%ရဲ့အဆိုကတော့ ခွေးတွေဟာ နှာခေါင်းသင်္ကေတကို သုံးပြီး သူတို့ကို အာရုံစိုက်အောင် လုပ်တယ်လို့ဖြေထားပါတယ်။ (၅၈)%ရဲ့အဖြေကတော့

အကြည့်နဲ့ ဆက်သွယ်ကြတယ်လို့ ဖြေပါတယ်။ တစ်ဦးချင်းဆီရဲ့အဖြေတွေကတော့ တူနိုင်မှာ မဟုတ်ပေမယ့် အများကတော့

မျက်လုံးကို အဓိပ္ပါယ်ဖတ်ကြည့်တာနဲ့ သူတို့ ဘာဆိုလိုတယ်ဆိုတာ သိကြောင်း ဖြေထားခဲ့ပါတယ်။