လွန်ခဲ့တဲ့ နှစ်တစ်ရာခန့်က မြန်မာပြည်ရဲ့ ရှားပါးပုံရိပ်များ
ယူနီကုဒ်ဖြင့် ဖတ်ရန်
မြန်မာပြည်ဟာ အစဉ်အလာကြီးပြီး ယဉ်ကျေးမှု အနုပညာ အမွေအနှစ်တွေ တည်ရှိတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်သလို ရှေးခတ်က မြန်မာတွေဟာလည်း နေထိုင်
စားသောက်ပုံ ဆင်ယင်ထုံးဖွဲ့ပုံကအစ ဒီနေ့ခေတ် မြန်မာတွေနဲ့ ကွဲပြားစွာနေထိုင်ခဲ့ကြတယ် ဆိုရင် မမှားပါဘူး။ ရှေးခေတ်က မြန်မာတွေဟာ အရှက်အကြောက်
ကြီးကြသလို ယဉ်ကျေးမှုကိုလည်း ထိန်းသိမ်းကြသူတွေလို့ ဆိုနိုင်ပါတယ်။ ဒီဘက်ခေတ်မှာ အချို့သော old soul တွေဟာ အရင်ခေတ်ကို တမ်းတပြီး ရှေးခတ်မှာ
မွေးလာခဲ့ရင် ကောင်းမယ်ဆိုတဲ့ အတွေးမျိုး ဝင်လေ့ရှိကြသလို အချို့ဟာဆိုရင်လည်း ရှေးခေတ်ကိုအောက်မေ့သတိရတမ်းတပြီး မြတ်နိုးကြတယ် ဆိုရင် မမှားပါဘူး။
မကြာသေးမီက လူမှုကွန်ယက်မှာ ပျံ့နှံ့လာတာတွေကတော့ ဒီဘက်ခေတ် လူငယ်တွေ သိပ်ပြီး မမြင်ဖူးလိုက်မယ့် ရှေးခေတ် မြန်မာတွေရဲ့ ဝတ်စားဆင်ယင်ပုံ
သွားလာလှုပ်ရှားပုံတွေပါ။ အဲဒီ ဓာတ်ပုံတွေထဲမှာ ဘုရားစောင်းတန်းတွေမှာ သွားလာလှုပ်ရှားနေကြတဲ့ ပုံတွေလည်း ပါဝင်သလို အလှူတွေကျောင်းကန်တွေမှာ
ဆင်ယင်ထုံးဖွဲ့ပုံတွေကိုလည်း ရင်သပ်ရှုမောစွာ မြင်တွေ့ရတယ်ဆိုရင် မမှားပါဘူး။ ဒါ့အပြင် လွန်ခဲ့တဲ့ နှစ်တစ်ရာခန့်က စီးနင်းသွားလာတဲ့ ယာဉ်ရထားတွေနဲ့
အခုလို လူနေမှု မထူထပ်သေးခင်က ရှင်းလင်း ပြန့်ပြူးနေတဲ့ အိမ်ခြေတွေ နေချင့်စဖွယ် ခြံဝန်းကြီးတွေကိုလည်း မြင်တွေ့ရမှာဖြစ်သလို ရှေးခေတ်က လန်ချားတွေ
ရထားလုံလေးတွေကိုလည်း ချစ်စဖွယ်မြင်တွေ့ရမှာ ဖြစ်ပါတယ်။ တကယ့် မြန်မာစစ်စစ်တွေရဲ့ ဆင်ယင် ထုံးဖွဲ့မှုကို တွေ့ရတဲ့ ဒီ အဖြူအမည်းဓာတ်ပုံတွေဟာဆိုရင်
မြင်ရခဲတဲ့ ရှားပါးပစ္စည်းတွေလို့လည်း ဆိုနိင်သလို သမိုင်းတစ်ခေတ်ကို ထင်ဟပ်ပြသနေတယ် ဆိုရင်လည်း မမှားဘူး ဆိုရမှာပါ။ ဒါ့အပြင် ဒီဘက်ခေတ်မှာ
တကျော့ပြန်လာပြီဖြစ်တဲ့ ဝတ်စားဆင်ယင်မှု ဖက်ရှင်တွေကို မြင်ရတာလည်း စိတ်ကြည်နူးစရာ ဖြစ်မှာ အမှန်ပါပဲ။ ပရိသတ်ကြီးအတွက် လွန်ခဲ့တဲ့ နှစ်တစ်ရာက မြန်မာ
တွေရဲ့ မြင်ရခဲတဲ့ မြင်ကွင်းဓာတ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးရော အရင်ခေတ်အခါ အချိန်တွေကို မြတ်နိုးကြလား။ အဲဒီခေတ်မှာသာ မွေးဖွားခဲ့ရင်
ကောင်းမှာပဲဆိုတဲ့ စိတ်မျိုးရော ဖြစ်မိကြလား။ အခြားသူတွေလည်း မြင်ရခဲတဲ့ ဓာတ်ပုံလေးကို တွေ့ခွင့်ရအောင် ဒီပို့်စ်လေးကို ရှဲသွားဖို့ မမေ့နဲ့နော်။ ခရက်ဒစ်