မန်း​​လေးတိုင်း​ဝန်ကြီးချုပ်၏ ဇနီးဦးဆောင်၍ ‌ငွေကြေးချို့တဲ့သည့် ကျောင်းသူကျောင်းသားများအတွက် စက်ဘီးအစီးရေ​ထောင်​ချီပြီး လှူဒါန်းမည်






ယူနီကုဒ်ဖြင့်ဖတ်ရန်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၏ ဇနီး ဒေါက်တာ ယုယုမေ ဦးဆောင်‌သော တိုင်းဒေသကြီးအမျိုးသမီးကော်မတီမှ သွားလာရခက်ခဲသည့် ကျေးလက်ဒေသများရှိ

အခြေခံပညာ အထက်တန်း၊ အလယ်တန်းကျောင်းသားကျောင်းသူများအတွက် စက်ဘီးစီးရေ (၁၀၀၀) လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။ အခြေခံပညာကျောင်းများ ဖွင့်လျှင် အထက်တန်း၊ အလယ်တန်း

ကျောင်းသားကျောင်းသူများအတွက် ကျောင်းနှင့်အိမ် ဝေးကွာပြီး သွားလာရေး အဆင်ပြေစေရန် ကျေးလက်မှအမှန်တကယ်လိုအပ်သော ကျောင်း သားကျောင်းသူများကို စက်ဘီးများ လှူဒါန်းရန်

စီစဉ်ထားကြောင်းနှင့် အခြေခံပညာမူလတန်းကျောင်းသား ကျောင်းသူ များအတွက်အာဟာရပြည့်ဝစေရန် နွားနို့တစ် ပတ်နှစ်ကြိမ်တိုက်ရန်စီစဉ်ဆုံးဖြတ်ထား ကြောင်းနှင့် ၎င်းလှူဒါန်းမည့် အစီစဉ်များကို

မူလတန်းကျောင်းများ ဖွင့်လျှင်ဖွင့်ချင်း အကောင်အထည်ဖော်နိုင်ရန် စီစဉ်ထား ပါကြောင်း ဝန်ကြီးချုပ်၏ ဇနီး ဒေါက်တာ ယုယုမေ က ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင်ရေးသားထားသည်။